မိခင်ဝိုင်းများသို့ အာဟာရကျွေးမွေးခြင်းအတွက် ငွေထောက်ပံ့ခြင်းလုပ်ငန်းဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ၂၂.၆.၂၀၁၇

                     (၂၁-၆-၂၀၁၇)ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး ကြီးကြပ်မှုအောက်ရှိ ပုသိမ်ကြီးမြို့နယ်၊ ကြာနီကန် မိခင်ဝိုင်း၊ မြကံသာမိခင်ဝိုင်း(၁)၊ (၂)နှင့် အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားမိခင်ဝိုင်းများသို့ မူလတန်းကြိုကျောင်းအမှတ်(၁) ကျောင်းအုပ်မှလည်းကောင်း၊ အမရပူရမြို့နယ် ရှမ်းလေးကျွန်းမိခင်ဝိုင်းနှင့် ယဉ်တော်မိခင်ဝိုင်းများသို့ မူလတန်းကြိုကျောင်း အမှတ်(၂) ကျောင်းအုပ်မှလည်းကောင်း၊ မလှိုင်မြို့နယ်၊ အမှတ်(၂)ရပ်ကွက်မိခင်ဝိုင်း၊ ကူကြီးကျေးရွာမိခင်ဝိုင်း(၁)၊ (၂)၊ ကျင်းရွာ အုတ်ဖိုကန်မိခင်ဝိုင်း(၁)နှင့် (၂)သို့ မိတ္ထီလာမူလတန်းကြိုကျောင်း ကျောင်းအုပ်မှလည်းကောင်း၊ စုစုပေါင်း မိခင်ဝိုင်း(၁၁)ဝိုင်းရှိ ကလေးငယ်များအား အာဟာရကျွေးမွေးခြင်းအတွက် ငွေထောက်ပံ့ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

FacebookTwitter