လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ အခမ်းအနား ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ၂၃.၆.၂၀၁၇
             ဧရာဝတီတိုင်း၊ ဖျာပုံခရိုင်လူမှုဝန်ထမ်းရုံးမှ လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ အခမ်းအနားကို လူကုန်ကူးမှု  ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် အသိပညာများရရှိစေရန် တရားစွဲဆိုခြင်းနှင့် ဥပဒေအကြောင်းအား သိရှိစေရန်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသော ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းများအား သိရှိစေရန် ရည်ရွယ်၍ (၁.၆.၂၀၁၇)ရက်နေ့တွင်   The Lutheran World Federation(Myanmar) တို့ ပူးပေါင်း၍ ဖျာပုံ၊ ဘိုကလေး၊ ဒေးဒရဲမြို့နယ်ရှိ ကျေးရွာသူ/သားများ တက်ရောက်အင်အား(၁၂၀)ဦးဖြင့် ဖျာပုံအိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာသင်ကျောင်းတွင် ပြုလုပ်ခဲ့ပါသည်။

FacebookTwitter