လူမှုဝန်ထမ်းဦးစီးဌာန လုပ်ငန်းစီမံကိန်းများနှင့် ဌာနဖွဲ့စည်းပုံဆိုင်ရာ သုံးသပ်ညှိနှိုင်းအစည်းအဝေးပြုလုပ်

နေပြည်တော်၊ ဇူလိုင် ၉
    ပြည်သူလူထုအတွင်း လူမှုရေးပြဿနာများ၊ ဘေးဒုက္ခများကြုံတွေ့ရင်ဆိုင်ရပြီး အကူအညီ များလိုအပ်လျက်ရှိသူများကို ထိရောက်သော အထောက်အပံ့များနှင့် လူမှုရေးဝန်ဆောင်မှုအကူ အညီများပေးနိုင်ရေးအတွက် လုပ်ငန်းအလိုက် သက်ဆိုင်ရာတာဝန်ခံများနှင့် သုံးသပ်ညှိနှိုင်းခြင်း နှင့်အကူအညီများ တစ်နိုင်ငံလုံးသို့ ဖြန့်ကျက်လွှမ်းခြုံစေရေးနှင့်လုပ်ငန်းများကို စီမံကိန်းနှင့်အညီ လိုက်လျောညီထွေစွာ ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ရေးအတွက် လူမှုဝန်ထမ်း ဦးစီးဌာန၊ ခေတ္တညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေးမှဦးဆောင်ပြီး လူမှုဝန်ထမ်းဦးစီး ဌာန၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများနှင့် ညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ပါသည်။
    အဆိုပါညှိနှိုင်းအစည်းအဝေးတွင် လုပ်ငန်းတာဝန်ခံများအလိုက် တိုးချဲ့ဆောင်ရွက်လာမည့် လုပ်ငန်းများအတွက် ကြိုတင်ပြင်ဆင်ထားရမည့်အချက်များ၊ လက်ရှိဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲနှင့် ဆောင်ရွက်ရန်ကျန်လုပ်ငန်းများကို ခွင့်ပြုဘဏ္ဍာငွေနှင့် အချိန်မီ၊ ထိရောက်စွာဆောင်ရွက်ပြီးစီးနိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြပါသည်။
    အဆိုပါဆွေးနွေးချက်များအပေါ်မူတည်ပြီး အထောက်အပံ့ပေးမှု စံသတ်မှတ်ချက်များကို သက်ဆိုင်ရာကဏ္ဍအလိုက်ပြုစုပြီး တိုင်းဒေသကြီး/ပြည်နယ် လူမှုဝန်ထမ်းဦးစီးမှူးများထံအသိ ပေးအကြောင်းကြားစာထုတ်ပြန်နိုင်ရန် လမ်းညွှန်သွားပါသည်။ ဆက်လက်၍ လူမှုဝန်ထမ်းဦးစီး ဌာနဖွဲ့စည်းပုံအသစ်နှင့်ပတ်သက်၍ ဆက်လက်ဆွေးနွေးပါသည်။
    ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ(၁၅) ရက်နေ့နှင့်(၁၆) ရက်နေ့တွင် လူမှုဝန်ထမ်းဦးစီးဌာန၊ ရုံးချုပ်မှ တာဝန်ရှိသူများနှင့် တိုင်းဒေသကြီး/ ပြည်နယ်လူမှုဝန်ထမ်းဦးစီးမှူးများ၊ တာဝန်ရှိသူများတွေ့ဆုံ ပြီးညှိနှိုင်းရေးအစည်းအဝေးဆောင်ရွက်ရန် စီစဉ်ထားရှိပါကြောင်း သတင်းရရှိပါသည်။

FacebookTwitter