လူမှုဝန်ထမ်းအတတ်သင်သိပ္ပံကျောင်း

Training School

 

တည်နေရာ - အမှတ်(၆၅)၊ ကျိုက်ဝိုင်းဘုရားလမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။

ဖုန်း၊              +၉၅-၁-၆၅၀၄၉၃၊ +၉၅-၁-၉၆၆၁၃၁၀

နောက်ခံသမိုင်း

  ၁၉၅၄ခုနှစ်တွင် လူမှုဝန်ထမ်းဝန်ကြီး ဦးဘစော ဦးစီးသည့်အဖွဲ့ဝင် (၁၂)ဦး ပါဝင်သော ကော်မတီကိုဖွဲ့စည်းပြီး မသန်စွမ်းသူများ ပြန်လည်ထူထောင်ရေးသင်တန်းများ ဆောင်ရွက်ရန် မြေဧက(၅၀.၉ဧက)အကျယ်အဝန်းရှိလက်ရှိနေရာတွင် သင်တန်းကျောင်းအား စတင်တည်ထောင် ခဲ့ပါသည်။

  ၁၉၆၅ခုနှစ်တွင် အဆိုပါကျောင်း၏ လုပ်ငန်းတာဝန်များကို ကျန်းမာရေးနှင့်လူမှုဝန်ထမ်း ဦးစီးဌာနသို့ လွှဲပြောင်းပေးပြီး လူမှုဝန်ထမ်းမှ ဝန်ထမ်းများနှင့် သင်တန်းသားများအား လူမှု စောင့်ရှောက်ရေး သင်တန်းများ ပို့ချနိုင်ရန် လူမှုဝန်ထမ်းသင်တန်းကျောင်းအဖြစ် ပြောင်းလဲ ဖွင့်လှစ်ခဲ့ပါသည်။

  ၁၉၇၇ ခုနှစ်၊ ဇန်နဝါရီလ(၁)ရက်နေ့တွင် လူမှုဝန်ထမ်း အတတ်သင်သိပ္ပံကျောင်း အဖြစ် စတင် ထူထောင်ခဲ့ပါသည်။

ရည်ရွယ်ချက်

(က)  လူမှုဝန်ထမ်းလုပ်ငန်းများ စနစ်တကျဆောင်ရွက်နိုင်ရေးအတွက် ဝန်ထမ်းများ၏စွမ်း ဆောင်ရည်မြှင့်တင်ပေးရန်၊

( ခ)     စေတနာ့ဝန်ထမ်း လူမှုဝန်ထမ်းသမားများ လေ့ကျင့်မွေးထုတ်ပေးရန်၊

(ဂ)      နိုင်ငံတကာလူမှုဝန်ထမ်းလုပ်ငန်း၊ အတတ်ပညာနှင့် နည်းစနစ်များ လေ့လာခြင်းနှင့် သုတေသနပြုခြင်းများအားဆောင်ရွက်ရန်၊

(ဃ)   လူမှုဝန်ထမ်းအတတ်ပညာများကို နိုင်ငံတကာအသိုက်အဝန်းများနှင့် ပူပေါင်းဆောင်ရွက် နိုင်ရန်၊

(င)     အရည်အချင်းပြည့်ဝသော လူမှုဝန်ထမ်းသမားများကို မွေးထုတ်ပေးခြင်းဖြင့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုကိုအထောက်အကူ  ပြုစေရန်၊     

(စ)     လူမှုရေးဘာသာရပ်ဆိုင်ရာသင်ခန်းစာများကို အစဉ်အမြဲပြောင်းလဲနေသောခေတ်နှင့်အညီ ရှိစေရေး ဆောင်ရွက်သွားရန်၊

လူမှုဝန်ထမ်းအတတ်သင်သိပ္ပံကျောင်းတွင် ဖွင့်လှစ်သည့်သင်တန်းအမျိုးအစားများ

လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှု သင်တန်း
Generic Social Work သင်တန်း
Pre Service (ဝန်ထမ်းများလုပ်ငန်းခွင်ဝင်အကြိုသင်တန်း)၄။
ဝန်ထမ်းများကွန်ပျူတာသင်တန်း
ဝန်ထမ်းများအင်္ဂလိပ်စာသင်တန်း
ဦးစီးအရာရှိသင်တန်း
ဝန်ထမ်းများလုပ်ငန်းခွင်သင်တန်း(ရုံးလုပ်ငန်း/ဘတ်ဂျက်)
ပရဟိတဂေဟာများရှိစေတနာ့ဝန်ထမ်းများအတွက်စွမ်းရည်မြှင့်သင်တန်း
သင်တန်းကျောင်းများ၊ကလေးပြုစုရေးဌာနများရှိဝန်ထမ်းများ၏ စွမ်းရည်မြှင့်သင်တန်း
UN Conventions, Laws & Policies Training  
Psychosocial Support သင်တန်း
 

 

လူမှုဝန်ထမ်းအတတ်သင်သိပ္ပံကျောင်းတွင်တာဝန်ထမ်းဆောင်ခဲ့သောကျောင်းအုပ်များ

 စဉ်       အမည်                          ရာထူး                         တာဝန်ထမ်းဆောင်ချိန်

၁         ဦးတင်ရွှေ                      ကျောင်းအုပ်                 ၁-၁-၁၉၇၇      မှ   ၁၅-၂-၁၉၇၇

၂         ဦးစွန်ခါရ်                       ကျောင်းအုပ်                  ၁၆-၂-၁၉၇၇   မှ   ၁၅-၆-၁၉၈၃

၃         ဒေါ်အေးရီ                      ကျောင်းအုပ်                 ၁၆-၆-၁၉၈၃   မှ   ၅-၉-၁၉၈၆

၄         ဒေါ်ယဉ်ယဉ်ကြင်             ကျောင်းအုပ်                 ၆-၉-၁၉၈၆     မှ   ၁၀-၁၀-၁၉၈၉

၅         ဦးစိုးလွင်                       ကျောင်းအုပ်                  ၁-၁-၁၉၉၀     မှ   ၃-၆-၁၉၉၂

၆         ဒေါက်တာမြင့်မြင့်သိန်း      ကျောင်းအုပ်                  ၄-၆-၁၉၉၂     မှ   ၂၅-၁-၁၉၉၃

၇         ဦးမောင်မြင့်                   ကျောင်းအုပ်                   ၆-၁-၁၉၉၃    မှ   ၁၇-၆-၁၉၉၃

၈         ဦးရဲမြင့်                         ကျောင်းအုပ်                  ၁၈-၆-၁၉၉၃   မှ   ၂-၉-၁၉၉၈

၉         ဦးစိုးမိုးအောင်                 ကျောင်းအုပ်                 ၁၃-၁၀-၁၉၉၈  မှ   ၇-၁၂-၁၉၉၉

၁၀       ဒေါ်တင်တင်မြ                ကျောင်းအုပ်                 ၃-၈-၂၀၀၀၀    မှ   ၃၁-၃-၂၀၀၄

၁၁       ဦးသန်းထွဋ်ဆွေ              ကျောင်းအုပ်                  ၁-၄-၂၀၀၄     မှ   ၃၀-၆-၂၀၀၅

၁၂       ဒေါ်ထွေးမြင့်                  ကျောင်းအုပ်                  ၁-၇-၂၀၀၅      မှ   ၁၆-၅-၂၀၀၇

၁၃       ဒေါ်ခင်မေဇင်                 ကျောင်းအုပ်                   ၁၇-၅-၂၀၀၇   မှ   ယနေ့ထိ