ပုသိမ်ဇူလိုင်၂၆

လူမှုဝန်ထမ်းဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး၊ပုသိမ်မြို့မှ တိုင်းဦးစီးမှူးသည ်(၂၄.၇.၂၀၁၇)ရက်နေ့တွင်

ပုသိမ်ကလေးပြု စုရေးဌာန သို့သွားရောက်၍ ကလေးများအား ကွေုးမွေးမှုများ စစ်ဆေးခြင်းနှင့်ကျောင်းဝင်း

အတွင်းရေဝင်ရောက်မှုအခြေအနေ တို့အားကြည့်ရှုစစ်ဆေး ၍ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။

 

ရခိုင်ပြည်နယ်၊ ၂၄.၇.၂၀၁၇ လူမှုဝန်ထမ်းဦးစီးဌာန ကျောက်ဖြူခရိုင်လူမှုဝန်ထမ်းရုံးမှ ကြီးမှူး၍ မိခင်ဝိုင်းများ ဖွဲ့စည်းဆောင်ရွက်ခြင်း အသိပညာပေးသင်တန်းကို (၂၄. ၇. ၂၀၁၇)ရက်နေ့ နံနက် ၁၀ နာရီ အချိန်တွင် ကျောက်ဖြူမြို့ မူလတန်းကြိုကျောင်းဆောင်သစ်ခန်းမတွင် ဖွင့်လှစ်ခဲ့ရာ မြို့ပေါ်ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ရပ်ရွာပြည်သူလူထုများနှင့် လူမှုရေးလုပ်ငန်းစိတ်ဝင်စား သူများ တက်ရောက်ခဲ့ပါသည်။
ရခိုင်ပြည်နယ်၊ ၂၄.၇.၂၀၁၇ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင်၍ (၂၃.၇.၂၀၁၇)ရက်နေ့ နေ့လည် (၂း၀၀)နာရီအချိန်တွင် လောကနန္ဒာစေတီ၌ ဝါဆိုလကွယ်နေ့ ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် ပြည်နယ်လူမှုဝန်ထမ်းရုံး၊ စစ်တွေကလေးပြုစုရေးဌာန၊ စစ်တွေအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း၊ စစ်တွေမူလတန်း ကြိုကျောင်းတို့မှ ဝန်ထမ်းမိသားစုဝင်များ ပါဝင်လှူဒါန်းခဲ့ပါသည်။
ရခိုင်ပြည်နယ်၊ ၂၄.၇.၂၀၁၇ ရခိုင်ပြည်နယ်လူမှုဝန်ထမ်းရုံးမှ တာဝန်ရှိသူများသည် (၂၃.၇.၂၀၁၇) ရက်နေ့တွင် သံတွဲခရိုင်၊တောင်ကုတ်မြို့နယ်၊ မအီမြို့၊ ဂျီဖြူတောင်ကျေးရွာမှ ထိုင်းနိုင်ငံသို့ လူကုန်ကူးခံရပြီး ပြန်လည်ရောက်ရှိလာသော လူငယ်တစ်ဦးအား ကျောက်ဖြုမြို့နယ် ရဲတပ်ဖွဲ့မှူး ရှေ့မှောက်တွင် မိဘအုပ်ထိန်းသူထံ ပြန်လည်အပ်နှံခဲ့ပါကြောင်း သတင်းရရှိပါသည်။
ကချင်ပြည်နယ်၊ ၂၄.၇.၂၀၁၇ မြစ်ကြီးနားမြို့နယ် ပြည်သူ့ဝန်ဆောင်မှုရုံးမှ (၂၂.၇.၂၀၁၇)ရက်နေ့တွင် မြစ်ကြီးနားမြို့နယ်၊ တာလောကြီးကျေးရွာသို့ Mobile ဝန်ဆောင်မှုများဆောင်ရွက်ခြင်း အတွက် သွားရောက်ရာတွင် ကချင်ပြည်နယ်လူမှုဝန်ထမ်းရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးပေါ်ဦးနှင့် တာဝန်ရှိဝန်ထမ်းများ လိုက်ပါဆောင်ရွက်ခဲ့ပြီး လက်ထောက်ညွှန်ကြားရေးမှူး ဦးပေါ်ဦးမှ လူမှုဝန်ထမ်းလုပ်ငန်းများအကြောင်း ဟောပြောရှင်းပြခဲ့ကြောင်း သတင်းရရှိပါသည်။
တနင်္သာရီတိုင်းဒေသကြီး၊ ၂၄.၇.၂၀၁၇ တနသာၤရီတိုင်းဒေသကြီး အမျိုးသမီးရေးကော်မတီဥက္ကဌ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်နှင့် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလုကာတို့သည် တိုင်းအမျိုးသမီးရေးရာ ကော်မတီဝင် ဌာနဆိုင်ရာတာဝန်ရှိသူများ ၊ တိုင်းအမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ ဒေါ်နီလာအေးနှင့် တိုင်းခရိုင်/မြို့နယ် အမျိုးသမီရေးရာ အဖွဲ့ဥက္ကဌများ အဖွဲ့ဝင်များ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များနှင့် တနသာၤရီတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးမှ တာဝန်ရှိသူများ လိုက်ပါလျက်
မြစ်ကြီးနား၊ ဇူလိုင် ၂၁ ကချင်ပြည်နယ်လူမှုဝန်ထမ်းရုံး၊မြစ်ကြီးနားမြို့မှပြည်နယ်ဦးစီးမှူးသည် မြစ်ကြီးနားမြို့၊ မလိယန် IDPsCAMP တွင်(၂၁.၇.၂၀၁၇) ရက်နေ့၌
ရန်ကုန်၊ဇူလိုင်၂၁ ရန်ကုန်တိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးကွပ်ကဲမှုအောက်ရှိ ရန်ကုန်အမျိုးသမီးကလေးသင်တန်းကျောင်း ၊(မလိခ)မှ ဝန်ထမ်းများနှင့်ကျောင်းသူများမှနှစ်(၇၀)ပြည့်အာဇာနည်နေ့ကိုဂုဏ်ပြုသောအားဖြင့်၁၉.၇.၂၀၁၇ရက်နေ့၊နံနက်(၁၀း၃၇)နာရီတွင်
ရန်ကုန်၊ဇူလိုင်၂၁ ၂၁.၇.၂၀၁၇ ရက်နေ့၊ နံနက်(၁၀း၀၀)နာရီတွင်လူမှုဝန်ထမ်းဦးစီးဌာန၊မသန်စွမ်းသက်ကြီးသင်တန်းကျောင်း၌နံနက်ခင်းဟောပြောပွဲ (MorningTalk)ကျင်းပရာတွင်အမျိုးသားပြန်လည်သန်စွမ်းရေးဆေးရုံ မှ ဦးကျော်ကျော်ထွေး (ဆေးလူမှုဆက်ဆံရေးမှူး) သည်
ကျိုင်းတုံ ၊ဇူလိုင်၂၁ (၂၁-၇-၂ဝ၁၇)ရက်နေ့တွင်ကျိုင်းတုံ မြို့၊ပြည်သူ့ဆေးရုံကြီး တွင် သုံးမြွှာပူး(ကျား) မွေးဖွားသော မိခင် အား ကျိုင်းတုံခရိုင် လူမှုဝန်ထမ်းရုံး၊ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည ်လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့သောမိခင်နှင့်ကလေး ထောက်ပံ့ ငွေ၅ဝဝဝဝဝိ/-