ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား နော်ဝေနိုင်ငံသံအမတ်ကြီးနှင့် မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်တို့က သီးခြားစီလာရောက်တွေ့ဆုံ

ဧပြီလ ၃၊ နေပြည်တော်
    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာ နော်ဝေနိုင်ငံသံအမတ်ကြီး H.E. Ms. Tone Tinnes နှင့် မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ် အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးညွန့်အောင်နှင့်အဖွဲ့တို့်က ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး၌ သီးခြားစီ လာရောက် တွေ့ဆုံပါသည်။

မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း ရေးဆွဲခြင်းဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲကျင်းပ

ဧပြီ ၂၊ နေပြည်တော်
    မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း ရေးဆွဲခြင်းဆိုင်ရာ ညှိနှိုင်းအလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် M Gallery Hotel ၌ ကျင်းပရာ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးစိုးအောင် တက်ရောက်အမှာစကားပြောကြားပါသည်။

အရေးပေါ်ကာလအတွင်း ထိခိုက်လွယ်သော ရွှေ့ပြောင်းသွားလာသူများအား ကာကွယ် စောင့်ရှောက်မှုမြှင့်တင်ရေးဆိုင်ရာသင်တန်းဖွင့်လှစ်ခြင်း

နေပြည်တော်၊ ဧပြီ ၂
    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင် ရေးဦးစီးဌာနနှင့် ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း IOM(မြန်မာ) တို့ ပူးပေါင်း၍ “ဘေးအန္တရာယ်ကျရောက်ချိန်တွင် ထိခိုက်လွယ်သော ရွှေ့ပြောင်းသွားလာသူ များအား ကာကွယ်စောင့်ရှောက်မှုမြှင့်တင်ရေးဆိုင်ရာသင်တန်း” ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ Grand Amara Hotel ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား UN Women ၏ ဌာနေကိုယ်စားလှယ် က လာရောက်တွေ့ဆုံ

ဧပြီ ၁၊ နေပြည်တော်
    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား UN Women ၏ ဌာနေကိုယ်စားလှယ် Mr. Nicolas Burniat ဦးဆောင်သည့်အဖွဲ့က ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ လာရောက်တွေ့ဆုံပါသည်။