ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး မွန်ပြည်နယ်အတွင်းရှိ လူငယ်ရေးရာကော်မတီဝင်များ၊ အဖွဲ့အစည်း၊ ပါတီအသီးသီးရှိ လူငယ်များနှင့် လူငယ်ရေးရာမူဝါဒဆိုင်ရာကိစ္စများ ညှိနှိုင်းဆွေးနွေး

မော်လမြိုင်၊ ၇ ဧပြီ
    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ဒုတိယဝန်ကြီးဦးစိုးအောင်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဒေါက်တာထိန်လင်းနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့ ညနေပိုင်းက မော်လမြိုင်မြို့၊ လူမှုဝန်ထမ်းဦးစီးဌာန၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်ကျောင်း၌ ကျင်းပသော မွန်ပြည်နယ်အတွင်းရှိ လူငယ်ရေးရာကော်မတီဝင်များ၊ အဖွဲ့အစည်းနှင့် ပါတီ အသီးသီးရှိ လူငယ်မျာနှင့်တွေ့ဆုံ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပါသည်။

မွန်ပြည်နယ်အတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ၊ မသန်စွမ်းသူများ၊ ကိုယ့်အာကိုယ်ကိုး မူလတန်းကြိုကျောင်းများနှင့် မိခင်ဝိုင်းများအား ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက်

မော်လမြိုင်၊ ၆ ဧပြီ
    လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ဒုတိယဝန်ကြီးဦးစိုးအောင်၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အေးဇံနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့မွန်းလွဲပိုင်းက မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော မွန်ပြည်နယ်အတွင်းရှိ မသန်စွမ်းသူများ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ၊ ကိုယ်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများနှင့် မိခင်ဝိုင်းများ အား ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားသို့  တက်ရောက်ခဲ့ကြပါသည်။

မသန်စွမ်းမှုအဆင့် သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်း အစည်း အဝေးသို့ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီ၊ ဒုတိယဥက္ကဌ(၁)၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးစိုးအောင် တက်ရောက်

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အာဆီယံဒေသဆိုင်ရာကလေးသူငယ်များအပေါ် အကြမ်းဖက်ခြင်း ပပျောက်ရေး နှင့် လုပ်ငန်းစီမံချက်အပေါ်ပြန်လည်သုံးသပ်သည့် အမျိုးသားအဆင့်အလုပ်ရုံ ဆွေးနွေးပွဲ တက်ရောက်

နေပြည်တော် ၊ ဧပြီ ၅                        
ကလေးသူငယ် အခွင့်အရေးများဆိုင်ရာအမျိုးသား ကော်မတီဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့ နံနက်ပိုင်းက နေပြည်တော်၊ Park Royal Hotel ၌ ကျင်းပသော အာဆီယံဒေသဆိုင်ရာ ကလေးသူငယ်များအပေါ် အကြမ်းဖက်ခြင်းပပျောက်ရေးနှင့် လုပ်ငန်းစီမံချက်အပေါ်ပြန်လည်သုံးသပ် သည့် အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပါသည်။

အပြည်ပြည်ဆိုင်ရာ မိုင်းအန္တရာယ် အသိပညာပေးရေးနှင့် မိုင်းလုပ်ငန်းဆိုင်ရာ အကူအညီပေးရေးနေ့ အခမ်းအနားကျင်းပ

ဧပြီလ ၄၊ နေပြည်တော်
    အပြည်ပြည်ဆိုင်ရာ မိုင်းအန္တရာယ် အသိပညာပေးရေးနှင့် မိုင်းလုပ်ငန်းဆိုင်ရာ အကူအညီပေးရေးနေ့ အခမ်းအနားကို နေပြည်တော် မင်္ဂလာသီရိဟိုတယ်၌ကျင်းပ ပြုလုပ်ရာ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင် တက်ရောက်ပါသည်။