လူငယ်စောင့်ရှောက်ရေးလုပ်ငန်း

သင်တန်းကျောင်းအခြေပြုစောင့်ရှောက်ရေးလုပ်ငန်း ၁။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာနသည် ကာကွယ်စောင့်ရှောက်ရန် လိုအပ်သော ကလေးနှင့်လူငယ်များအတွက် လူငယ်သင်တန်း ကျောင်း (၁၀)ကျောင်း ဖွင့်လှစ်၍ မိမဲ့၊ဘမဲ့၊မိဘမဲ့၊ခိုကိုးရာမဲ့ကလေးများ၊ လေလွင့် ကလေးငယ်များ၊ လမ်းပေါ်နေကလေးများ၊ ကလေးသူငယ်တရားရုံးမှ အမိန့်ချမှတ်၍ အကျင့် စာရိတ္တပြုပြင်ရန် ပို့အပ်လာသောကလေးများ၊ ကလေးသူငယ် တရားရုံးတွင် ပြစ်မှုရင်ဆိုင်ဆဲ ကလေးများ၊ ကလေးသူငယ် ဥပဒေ ပုဒ်မ ၃၂ အရ ကာကွယ်စောင့်ရှောက်ရန် လိုအပ်သူများ အား လက်ခံ၍ အခြေခံစားဝတ်နေရေး ဖြည့်ဆည်းပေးခြင်း၊ စိတ်ပိုင်း၊ ရုပ်ပိုင်း၊ အကျင့် စာရိတ္တပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်လာရေးအတွက် လူမှုဝန်ထမ်းနည်းလမ်းများဖြင့် ဆောင်ရွက်ပေးခြင်း၊ အတန်းပညာ၊ သက်မွေးပညာများ သင်ကြားပေးခြင်းနှင့် သင်ကြားနိုင် ရေးအတွက် ချိတ်ဆက်ပေးခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှု ရရှိနိုင်ရေးအတွက် သက်ဆိုင်သည့် ဝန်ကြီးဌာနများ၊ ဦးစီးဌာနများနှင့် ချိတ်ဆက်ခြင်းများကို ဆောင်ရွက်ပေးလျက် ရှိပါသည်။ လက်ရှိတွင် ကလေးသူငယ် (၁၅၉၀)ဦး ကို လက်ခံစောင့်ရှောက်ပေးလျက် ရှိပါသည်။

မသန်စွမ်းသူများ ပြုစုစောင့်ရှောက်ရေးလုပ်ငန်း

    ၁။ ၂၀၁၄ခုနှစ်၊လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းအရမြန်မာနိုင်ငံရှိမသန်စွမ်းသူဦးရေမှာ၂.၃သန်းဖြစ်ပြီး၊ ရာခိုင်နှုန်းအားဖြင့်၄.၆ရာခိုင်နှုန်းရှိပါသည်။ မသန်စွမ်းသူ ၄.၆ရာခိုင်နှုန်းအနက် အမြင်အာရုံမသန်စွမ်းသူ၂.၅ရာခိုင်နှုန်း၊အကြားအာရုံမသန်စွမ်းသူ၁.၃ရာခိုင်နှုန်း၊ ကိုယ်အင်္ဂါမသန်စွမ်းသူ ၁.၉ရာခိုင်နှုန်း၊ဉာဏ်ရည်မသန်စွမ်းသူ၁.၇ရာခိုင်နှုန်းရှိပါသည်။ -

အမျိုးသမီး ဖွံ့ဖြိုးတိုးတက်ရေးဌာနများ

အမျိုးသမီးများဖွံံံ့ဖြိုးတိုးတက်ရေးဌာန (၂)ရှိပါသည်။


တည်နေရာ
           ရန်ကုန်နှင့် မန္တ္တလေးမြို့တို့၌ တည်ရှိပါသည်။

အမျိုးသမီးကျောင်းများဌာနစု(၂)

    အမျိုးသမီးများပြုစုစောင့်ရှောက်ရေးဌာန (၂)ခုရှိပါသည်။


တည်နေရာ
    ရန်ကုန်(တွံတေး)နှင့် မန္တ္တလေးမြို့တို့၌ တည်ရှိပါသည်။

ဌာနအခြေပြုလုပ်ငန်းများ

     မူလတန်းကြိုကျောင်းများဖွင့်လှစ်ခြင်း

     လူမှုဝန်ထမ်းဦးစီးဌာနအနေနှင့် ကဏ္ဍအားလုံးတွင် မြို့ပြနှင့်ကျေးလက် လူထုများအကြား ကွာခြားမှုမရှိစေရန်အတွက် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဌာနအခြေပြုလုပ်ငန်းအနေဖြင့် ၁၉၅၃ ခုနှစ်မှ စတင်ပြီး မူလတန်းကြိုကျောင်းများ တည်ထောင်ဖွင့်လှစ်ခဲ့ရာ တစ်နိုင်ငံလုံးမှာ မူလတန်းကြိုကျောင်း (၁၄၂)ကျောင်းနှင့် နေ့ကလေးထိန်းကျောင်း (၁)ကျောင်း ဖွင့်လှစ်နိုင်ခဲ့ပြီး (၂၀၂၀-၂၀၂၁) ဘဏ္ဍာရေးနှစ် အတွင်းမှာလည်း ဆက်လက်တိုးချဲ့ဖွင့်လှစ်သွားမှာဖြစ်ပါသည်။ 

အာဆီယံ-လူငယ်ဆိုင်ရာလုပ်ငန်းဆောင်ရွက်ချက်များ

    လူမှုဝန်ထမ်းဦးစီးဌာနမှ  ဆောင်ရွက်လျက်ရှိသော လုပ်ငန်းရပ်များတွင် အာဆီယံ-လူငယ်ဆိုင်ရာ လုပ်ငန်းမှာ ဗဟိုချက်လုပ်ငန်း တစ်ခုအဖြစ် ပါဝင်ပါသည်။ အာဆီယံ-လူငယ်ဆိုင်ရာ လုပ်ငန်း၏ အဓိက ရည်မှန်းချက်များမှာ အာဆီယံ-လူငယ်များအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ရရှိစေရန်၊ အာဆီယံ-လူငယ်များ၏ ခေါင်းဆောင်မှု အရည်အသွေး တိုးတက်မြင့်မားစေရန်  အာဆီယံ လူငယ်ထုအတွင်း  မိမိတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှုကို ချစ်မြတ်နိုး တတ်စေရန်နှင့် အာဆီယံလူငယ်များ အချင်းချင်းလူငယ်ဆိုင်ရာ မူဝါဒရေးရာများကို ဆွေးနွေးဖလှယ်နိုင်စေရန် ဖြစ်ပါသည်။
    အာဆီယံနိုင်ငံများမှ လူငယ်များအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုနှင့် ချစ်ကြည်ရင်းနှီးမှု ရရှိစေရန်၊ ထောင်စုနှစ် ရည်မှန်းချက်များအား လူငယ်ထု၏ စွမ်းအားဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အတွက် လူငယ်ဆိုင်ရာ အစည်းအဝေးများ၊ အလုပ်ရုံ ဆွေးနွေးပွဲများကို ဒေသတွင်း နိုင်ငံများ၌ ပုံမှန်ကျင်းပလျက် ရှိပါသည်။ အာဆီယံလူငယ်ဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးကို  အိမ်ရှင်နိုင်ငံအဖြစ် (၂)နှစ်တစ်ကြိမ် အလှည့်ကျ လက်ခံကျင်းပ လျက်ရှိရာ လူမှုဝန်ထမ်းဦးစီးဌာနမှ အဆင့်မြင့် အရာရှိကြီးများက ပုံမှန်တက်ရောက် လျက်ရှိပါသည်။

အမျိုးသမီးသက်မွေးအတတ်ပညာသင်ကျောင်း

အမျိုးသမီးသက်မွေးအတတ်ပညာသင်ကျောင်း (၄)ကျောင်း ရှိပါသည်။

ကျောင်းများတည်နေရာ
    ရန်ကုန်၊ မန ္တလေး၊ မြိတ်နှင့် ကျိုင်းတုံမြို့တို့၌ တည်ရှိပါသည်။