ဧရာဝတီတိုင်းဒေသကြီး၊၂၀၁၇၊ ဒီဇင်ဘာ ၁၃ လူမှုဝန်ထမ်းဦးစီးဌာန၊ဧရာဝတီတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးမှတိုင်းဒေသကြီးဦးစီးမှူးသည်(၁၂.၁၂.၂၀၁၇)ရက်နေ့တွင်ပုသိမ်မြို့၊အဆင့်မြင့် ပညာရေးဦးစီးဌာန၊ပုသိမ်ကောလိပ်တွင်ကျင်းပပြုလုပ်သောမူးယစ်ဆေးဝါးအသိပညာပေးဟောပြောပွဲသို့တက်ရောက်ခဲ့ပြီး
မန္တလေးတိုင်းဒေသကြီး၊၂၀၁၇၊ဒီဇင်ဘာ၁၃ လူမှုဝန်ထမ်းဦးစီးဌာန၊မူလတန်းကြီုကျောင်း၊အမှတ်(၁)၊မန္တလေးမြို့တွင်(၈.၁၂.၂၀၁၇)ရက်နေ့၊နံနက်(၈း၀၀)နာရီ၌ကာယစွမ်းရည်ပြိုင်ပွဲကျင်းပပြု လုပ်ခဲ့ရာကျောင်းသား/ကျောင်းသူပါဝင်ယှဉ်ပြိုင်ခဲ့ပါသည်။
ရန်ကုန်တိုင်းဒေသကြီး၊၂၀၁၇၊ဒီဇင်ဘာ ၁၃ လူမှုဝန်ထမ်းဦးစီးဌာန၊မသန်စွမ်းသက်ကြီးသင်တန်းကျောင်း၊ရန်ကုန်မြို့တွင်(၈.၁၂.၂၀၁၇)ရက်နေ့၌၂၀၁၇-၂၀၁၈ခုနှစ်၊ အသက်မွေးမှုပညာရပ်များ သင် တန်းဆင်းပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးမှတိုင်းဒေသကြီးဦးစီးမှူးတက်ရောက်သင်တန်းဆင်းအမှာ စကားပြော ကြားခဲ့ပြီးသင်တန်းဆင်းလက်မှတ်များချီးမြှင့်ခဲ့ပါသည်။
ပဲခူးတိုင်းဒေသကြီး၊၂၀၁၇၊ဒီဇင်ဘာ၁၃ လူမှုဝန်ထမ်းဦးစီးဌာန၊ပဲခူးမြို့အမှတ်(၂)မူလတန်းကြိုကျောင်းတွင်(၁၃.၁၂.၂၀၁၇)ရက်နေ့၌မူကြိုကလေးများစွမ်းရည်ဖွံ့ဖြိုးလာစေရန်ကာယ စွမ်းရည်ပြိုင်ပွဲကျင်းပပြုလုပ်ခဲ့ရာမူကြိုအငယ်အဆင့်ကလေးငယ်များကရိုးရိုးပြေးခြင်း၊အာလူးကောက်ခြင်း၊ကျောပိုးအိတ်လွယ်ပြေးခြင်း၊မုန့်စားခြင်း များပြိုင်ပွဲဝင်ကြပြီးမူကြိုအကြီးအဆင့်ကလေးငယ်များကအရောင်ဆင့်စီခြင်း၊ပန်းကြိုးထိုးခြင်း၊အင်္ကျီဝတ်၊အရုပ်စီး၊လက်ဆင့်ကမ်းသယ်၊စသည့် အားကစားနည်းများဖြင့်ပါဝင် ယှဉ်ပြိုင်ကြသည့်အပြင်ဆရာမများကလည်းစာအုပ်ရွက်၍ပြေးခြင်းဖြင့်ပျော်ရွှင်စွာကစားကြပါသည်။
ရန်ကုန်တိုင်းဒေသကြီး၊၂၀၁၇၊ဒီဇင်ဘာ ၁၂ လူမှုဝန်ထမ်းဦးစီးဌာန၊ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းတွင်စောင့်ရှောက်လျက်ရှိသောသင်တန်း ကျောင်းသားများအားမြန်မာတရုတ် ချစ်ကြည်ရေးအသင်း(ဗဟို)မှဗလာစာအုပ်၊အဝတ်အထည်နှင့်အသုံးအဆောင်များလှူဒါန်းပွဲအခမ်းအနားအား(၉.၁၂.၂၀၁၇)ရက်နေ့တွင်ကျင်းပပြုလုပ် ခဲ့ရာလူမှုဝန်ထမ်းဦးစီးဌာနဒုတိယညွှန်ကြားရေးမှူးချုပ်ဦးမျိုးဆက်အောင်မှတက်ရောက်အမှာစကားပြောကြားခဲ့ပါသည်
ရန်ကုန်တိုင်းဒေသကြီး၊ဒီဇင်ဘာ ၁၂ ၂၀၁၇ခုနှစ်၊ဒီဇင်ဘာလ(၁၀)ရက်နေ့၊မွန်းလွဲပိုင်းတွင်လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ၊ဒေါက်တာဝင်းမြတ်အေးသည် ဒုတိယဝန်ကြီး ဦးစိုးအောင်နှင့်အတူ တာဝန်ရှိသူများ လိုက်ပါလျှက် အရှေဒေဂုံမြို့နယ်၊ ဒီဇင်ဘာသီရိဂေဟာ အိမ်ယာအနီးရှိ မြေနေရာပေါ်တွင် ဘက်စုံပြန်လည် ထူထောင်ရေး စင်တာ တစ်ခုတည်ဆောက်ရန် ကွင်းဆင်းကြည့်ရှုပါသည်။
ရှမ်းပြည်နယ်၊၂၀၁၇၊ဒီဇင်ဘာ ၁၂ ရှမ်းပြည်နယ်အတွင်းရှိစေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအားတည်ထောင်ခွင့်ပြုမိန့် မှတ်ပုံတင်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းလမ်းညွန် နှင့်ဂေဟာ\သင်တန်းကျောင်းများတွင် အနိမ့်ဆုံးရှိရမည့် ပြုစုစောင့်ရှောက်ခြင်းနှင့် အကာကွယ်ပေးခြင်းဆိုင်ရာ စံချိန်စံညွှန်းစာအုပ်များမိတ်ဆက်ဖြန့်ချိခြင်းအခမ်းအနားကို(၁၁.၁၂.၂၀၁၇)နံနက်(၉း၀၀)နာရီတွင်တောင်ကြီးမြို့၊ချယ်ရီကွင်းဟိုတယ်ခန်းမတွင်ကျင်းပခဲ့ရာ
ရခိုင်ပြည်နယ်၊ကျောက်ဖြူခရိုင်၊၂၀၁၇၊ဒီဇင်ဘာ ၁၁ ကျောက်ဖြူခရိုင်လူမှုဝန်ထမ်းရုံးမှကြီးမှူး၍ကျောက်ဖြူမြို့နယ်၊တောင်ရင်းကျေးရွာတွင်(၉.၁၂.၂၀၁၇)ရက်နေ့၊နေ့လည်(၁၂း၀၀)နာရီ၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး
နေပြည်တော်၊၂၀၁၇၊ဒီဇင်ဘာ ၁၁ ၂၀၁၇ခုနှစ်၊ ဒီဇင်ဘာလ(၁၁)ရက်၊ နံနက်(၀၉း၃၀)နာရီအချိန်တွင် လူမှုဝန်ထမ်း ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာ စန်းစန်းအေးနှင့် Catholic Relief Service (CRS) အဖွဲမှ Country Manager ဖြစ်သူ Mr. Scott Braunschweig တို့သည် တွေ့ဆုံ၍
နေပြည်တော်၊ဒီဇင်ဘာ ၁၁ ၂၀၁၇ခုနှစ်၊ ဒီဇင်ဘာလ(၈)ရက်နေ့၊ နေ့လည်(၁၄:၀၀)နာရီအချိန်တွင် လူမှုဝန်ထမ်းဦးစီး ဌာန အစည်းအဝေးခန်းမတွင်ပြုလုပ်သော လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် Voluntary Service Overseas (VSO) အဖွဲ့တို့၏ နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပွဲသို့ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေး နှင့်