နေပြည်တော် ၊ ၅.၁၁.၂၀၁၈ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံအမတ်ကြီး H. E. Mr. Christian Lechervyက ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး၊ မေခလာခန်းမတွင် လာရောက်တွေ့ဆုံခဲ့ပါ သည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီဇင်ဘာ ၈ လူမှုဝန်ထမ်းဦးစီးဌာန၊စစ်ကိုင်းတိုင်းဒေသကြီး၊မုံရွာမူကြိုကျောင်း၊ခန်းမတွင်(၆.၁၂.၂ဝ၁၇)ရက်နေ့၌ အစားအစာ ချက်ပြုတ်သင်တန်းကို သင်တန်းသူ (၂ဝ)ဦးဖြင့်ဖွင့်လှစ်ခဲ့ပါသည်။
နတ်မောက်၊ ၄.၁၁.၂၀၁၈ မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့ရှိ မူလတန်းကြိုကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်း အနားနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့အား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုရန်ပုံငွေများပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နတ်မောက်မြို့၊ မူလတန်း ကြိုကျောင်း၌ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်ခဲ့ပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီဇင်ဘာ ၈ စစ်ကိုင်းတိုင်းဒေသကြီးမုံရွာမြို့နယ် ကြာပိုင်ကျေးရွာတွင် (၆.၁၂.၂ဝ၁၇)ရက်နေ့၌ ရပ်ရွာအခြေပြု စက်ချုပ်ပညာ သင်တန်းဖွင့်ပွဲကိုအဆိုပါကျေးရွာ ၌ သင်တန်းသူ (၂၅)ဦးဖြင့်ဖွင့်လှစ်ထားရှိပါသည်။
နေပြည်တော် ၊ ၂.၁၁.၂၀၁၈ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား World Bankမှ Country Director(Myanmar)ဖြစ်သူMs.Ellen Goldsteinနှင့် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များ အပေါ်အကောင်အထည်ဖေါ်ဆောင်ရွက်ရေး ကော်မတီ၏အကြံပေးအဖွဲ့၏အဖွဲ့ဝင်ဟောင်း တောင်အာဖရိကနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဟောင်း Mr. Roelf Meyer တို့က ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါ ဝန်ကြီးရုံး၊ မေခလာခန်းမတွင် သီးခြားစီလာ ရောက်တွေ့ဆုံခဲ့ကြပါသည်။
ပဲခူးတိုင်းဒေသကြီး၊၂၀၁၇၊ဒီဇင်ဘာ ၈ ပဲခူးတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး၊လက်အောက်ရှိတောင်ငူမူလတန်းကြိုကျောင်းမှရင်သွေးငယ်များသည်ပတ်ဝန်းကျင်လေ့လာရေးခရီးအဖြစ် တောင်ငူလေတပ်စခန်း ဌာနချုပ်သို့
စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီဇင်ဘာ ၈ စစ်ကိုင်းတိုင်းဒေသကြီး၊မုံရွာမြို့နယ် ပုရစ်ကုန်းကျေးရွာတွင် (၆.၁၂.၂ဝ၁၇)ရက်နေ့၌ ရပ်ရွာအခြေပြု စက်ချုပ်ပညာသင်တန်းဆင်းပွဲအခမ်းအနားကို အဆိုပါကျေးရွာ၊ ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ရာ သင်တန်းသူ (၃၂)ဦးအား စစ်ကိုင်းတိုင်ဒေသကြီးလူမှုဝန်ထမ်းရုံး ၊ညွှန်ကြားရေးမှူး ဒေါ်သိန်းသိန်းမြင့်မှ သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။
ပဲခူးတိုင်းဒေသကြီး၊၂၀၁၇၊ ဒီဇင်ဘာ ၇ ပဲခူးတိုင်းဒေသကြီးအမျိုးသမီးရေးရာကော်မတီအစည်းအဝေး(၁/၂၀၁၇)ကိုပဲခူးမြို့၊သီရိဟံသာခန်းမ၌(၇.၁၂.၂၀၁၇) ရက်နေ့၊နံနက်(၉)နာရီအချိန်ကကျင်းပပြုလုပ်ခဲ့ပါသည်။။ရှေးဦးစွာပဲခူးတိုင်းဒေသကြီးအမျိုးသမီးရေးရာကော်မတီဥက္ကဌ စည်ပင်သာယာရေးနှင့်လူမှုရေးဝန်ကြီးဦးမောင်မောင်လွင်မှအမျိုးသမီးများတန်းတူအခွင့်အရေးရရှိစေရန်မတရားခွဲခြား ဆက်ဆံမှုများအကြမ်းဖက်မှုများ၊အမျိုးသမီးများလုံခြုံစိတ်ချစွာမိမိတို့လုပ်ငန်းတာဝန်များကိုဆောင်ရွက်နိုင်ရန်အမျိုးသမီးများအားကိုးအားထိုက်သောအဖွဲ့အစည်းဖြစ်ရန်အတွက် အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ကြပါရန် ပြောကြားသည်။
ကချင်ပြည်နယ်၊၂၀၁၇၊ဒီဇင်ဘာ ၇ လူမှုဝန်ထမ်းဦးစီးဌာန၊မြစ်ကြီးနားမူလတန်းကြိုကျောင်းတွင်ဉာဏပြိုင်ပွဲနှင့်ဆုပေးပွဲအခမ်းအနားအား(၇.၁၂.၂၀၁၇)ရက်နေ့၌ကျင်းပပြုလုပ်ခဲ့ရာ ကချင်ပြည်နယ်လူမှုဝန်ထမ်းရုံးမှပြည်နယ်ဦးစီးမှူးနှင့်တာဝန်ရှိဝန်ထမ်းများ၊မိဘဆရာအသင်းဝင်များ၊ကလေးမိဘများနှင့်ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပြီး
မွန်ပြည်နယ်၊၂၀၁၇၊ဒီဇင်ဘာ ၇ လူမှုဝန်ထမ်းဦးစီးဌာန၊မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးကြီးကြပ်မှုအောက်ရှိသထုံမူလတန်းကြိုကျောင်းမှကျောင်းသား၊ကျောင်းသူများသည် (၇.၁၂.၂၀၁၇) ရက်နေ့၊နံနက်(၁၀း၃၀)နာရီတွင်ကြီးကြပ်သူဆရာမများလိုက်ပါလျက်သထုံမြို့ရှိရွှေစာရံဘုရား၊နှီးဘုရားများသို့ဘုရားဖူးခြင်းနှင့် သုဝဏ္ဏဘူမိ ဘိုးဘွားရိပ်သာသို့သွားရောက်လေ့လာခဲ့ပြီး