ရခိုင်ပြည်နယ်၊ ၂၁.၁၂.၂၀၁၇ ရခိုင်ပြည်နယ်လူမှုဝန်ထမ်းရုံးမှ ဦးစီးအရာရှိ ဒေါ်စိမ်းလဲ့ရည်နှင့် စစ်တွေမူလတန်းကြိုကျောင်း ကျောင်းအုပ် ဒေါ်ထွေးထွေးရီတို့မှ စစ်တွေမြို့နယ်အတွင်းတွင် ဖွင့်လှစ်ထားသော နာရီကန်ကျေးရွာရှိ မိခင်ဝိုင်း(၂)ဝိုင်း၊ ဆတ်ရိုးကျရပ်ကွက်(၁)ရှိ မိခင်ဝိုင်း(၂)ဝိုင်းနှင့် ဆတ်ရိုးကျရပ်ကွက်(၂)ရှိ မိခင်ဝိုင်း (၁)ဝိုင်း စုစုပေါင်း (၅)ဝိုင်းတို့အား (၂၀.၁၂.၂၀၁၇)ရက်နေ့တွင် ကွင်းဆင်းသွားရောက်ခဲ့ပြီး မိခင်ဝိုင်း များရှိ ကလေးများအား ပြုစုစောင့်ရှောက်နေမှု အခြေအနေများ၊ ကလေးများအား ကျွေးမွေးမှုအခြေအနေများနှင့် ကလေးများဖွံ့ဖြိုးတိုးတက်လာမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ကလေးများ အား နေ့လည်စာနှင့် ဖြည့်စွက်စာအာဟာရ နေ့စဉ်ကျွေးမွေးနိုင်ရန်အတွက် ဦးစီးဌာနရန်ပုံငွေမှ ခွဲဝေချထားသော ကလေးဦးရေအလိုက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။
ခိုင်ပြည်နယ်၊၂၀၁၇၊ ဒီဇင်ဘာ ၂၁ ရခိုင်ပြည်နယ်လူမှုဝန်ထမ်းရုံးမှဦးစီးအရာရှိဒေါ်စိမ်းလဲ့ရည်နှင့်စစ်တွေမူလတန်းကြိုကျောင်း၊ကျောင်းအုပ်ဒေါ်ထွေးထွေးရီတို့မှစစ်တွေမြို့နယ်အတွင်းတွင် ဖွင့်လှစ်ထားသော နာရီကန်ကျေးရွာရှိ မိခင်ဝိုင်း(၂)ဝိုင်း၊ ဆတ်ရိုးကျရပ်ကွက်(၁)ရှိ မိခင်ဝိုင်း(၂)ဝိုင်းနှင့် ဆတ်ရိုးကျရပ်ကွက်(၂)ရှိ မိခင်ဝိုင်း (၁)ဝိုင်း စုစုပေါင်း (၅)ဝိုင်းတို့အား (၂၀.၁၂.၂၀၁၇)ရက်နေ့တွင် ကွင်းဆင်းသွားရောက်ခဲ့ပြီး မိခင်ဝိုင်း များရှိ ကလေးများအား ပြုစုစောင့်ရှောက်နေမှှု အခြေအနေများ၊ကလေးများအား ကျွေးမွေးမှုအခြေ အနေများနှင့် ကလေးများဖွံ့ဖြိုးတိုးတက်လာမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး
နေပြည်တော်၊ ၂၀-၁၂-၂၀၁၇ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့ နေ့လည်ပိုင်းတွင် အဆိုပါ ဝန်ကြီးရုံး၊ မေခလာခန်းမ၌ အိန္ဒိယနိုင်ငံ၊ Foreign Secretary ဖြစ်သူ Dr. S. Jaishankar နှင့်အဖွဲ့အား လက်ခံတွေ့ဆုံပါသည်။ တွေ့ဆုံရာတွင် အိန္ဒိယသမ္မတနိုင်ငံအစိုးရနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရတို့ အကြား ရခိုင်ပြည်နယ်တွင်နေထိုင်သော ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အပံ့ပေးခြင်းများ၊ ထောက်ပံ့မှု၏ အရေးပါမှုများ၊ ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းရေး မြှင့်တင်ခြင်းများအား ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်ရန်ရည်ရွယ်၍ ရေးထိုးမည့် အိန္ဒိယ- မြန်မာ နှစ်နိုင်ငံအစိုးရအကြား ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာတွင် ပါဝင်သော ကိစ္စရပ်များအား အဓိကထား ဆွေးနွေးခဲ့ကြပါသည်။
နေပြည်တော်၊ ဒီဇင်ဘာ (၁၉) နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ညနေပိုင်းတွင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ဆောက်လုပ်လှူဒါန်းမည့် ကျေးလတ်အိမ်ပုံစံနမူနာနှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ဖွင့်လှစ်ထားသည့် နေ့ကလေးထိန်းဌာနတို့ကို ကြည့်ရှုစစ်ဆေးသည်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ညနေ ၃နာရီ ၁၀ မိနစ်တွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနသို့ ရောက်ရှိပြီး ဝန်ကြီးဌာနရုံးဝန်းအတွင်း နမူနာပုံစံအဖြစ် ဆောက်လုပ်ပြသ ထားသည့် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ခုံတိုင်ကျေးရွာ၌ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း က ဆောက်လုပ်လှူဒါန်းမည့် ကျေးလက်အိမ်ပုံစံကို လှည့်လည် ကြည့်ရှုစစ်ဆေးရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီး ဦးစိုးအောင်နှင့် Seven King Construction Co. Ltd Managing Director ဦးမျိုးကိုကိုတို့က ကျေးလက်အိမ်ဆိုင်ရာ အချက်အလက်များနှင့်ဒေသနှင့်ကိုက်ညီမှုတို့ကို ရှင်းလင်း
၁၉.၁၂.၂၀၁၇၊ နေပြည်တော် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီများအထောက်အပံ့ပေးရေး၊ ပြန်လည် နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD)၏ လုပ်ငန်းများဆောင်ရွက်ရန်အတွက် ဆွစ်ဇာလန် နိုင်ငံရောက် မြန်မာနိုင်ငံသားများနှင့်မြန်မာနိုင်ငံသားဟောင်းများက လှူဒါန်းငွေ အမေရိကန်ဒေါ်လာ (၃၇၆၆)၊ တောင်အာဖရိကရောက် မြန်မာနိုင်ငံသားများက လှူဒါန်းငွေ အမေရိကန်ဒေါ်လာ(၂၁၆၅)၊ ဒေါက်တာဝင်းနိုင်နှင့်ဇနီးဒေါ်ဝေဝေအေး (စင်္ကာပူနိုင်ငံ)က လှူဒါန်းငွေ စင်္ကာပူဒေါ်လာ (၃၀၀)တို့ကို အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ယနေ့ မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ လာရောက်ပေးအပ်လှူဒါန်းရာ UEHRD ဒုတိယဥက္ကဌ၊ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
၁၉.၁၂.၂၀၁၇၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား UNICEF မှ ဌာနေကိုယ်စားလှယ် Ms. June Kunugi ဦးဆောင်သောအဖွဲ့၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာအထူး ကိုယ်စားလှယ်မစ္စတာစွန်းဂေါ်ရှန်း ဦးဆောင်သောအဖွဲ့နှင့် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး H.E Mr. Tateshi Higuchi ဦးဆောင်သောအဖွဲ့တို့က အဆိုပါဝန်ကြီးရုံး၊ မေခလာခန်းမ၌ သီးခြားစီ လာရောက်တွေ့ဆုံခဲ့ပါသည်။ UNICEF မှ ဌာနေကိုယ်စားလှယ် Ms.June Kunugi ဦးဆောင်သောအဖွဲ့နှင့် တွေ့ဆုံရာ တွင် UNICEF အနေဖြင့်ဝန်ကြီးဌာန၏ လုပ်ငန်းတာဝန်များအရေးပါပုံကို နားလည်သိရှိပြီး သက်ဆိုင်ရာကဏ္ဍများတွင် ရှေ့ဆက်ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ကိုယ်ဝန်ဆောင် မိခင်နှင့် မွေးကင်းစကလေး ထောက်ပံ့ငွေပေးအပ်ရေးလုပ်ငန်းတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများနှင့် ရခိုင်ပြည်နယ်တွင် UEHRD စီမံကိန်းအရပါဝင်မည့် လုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက ယခုလိုဝန်ကြီးဌာနနှင့် နှစ်ပေါင်းများစွာပူးပေါင်း ဆောင်ရွက်ခဲ့မှုများအတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင် ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများနှင့် နေ့ကလေးထိန်း ဌာန မရှိသောဒေသများတွင် ကလေးသူငယ်များအား အလှည့်ကျစောင့်ရှောက်ရေးပုံစံ ဖြစ်သည့် မိခင်ဝိုင်းများ ဖွဲ့စည်းထားရှိမှု၊ ရခိုင်ပြည်နယ်နှင့်ပတ်သက်၍
ရခိုင်ပြည်နယ်၊ ၁၉.၁၂.၂၀၁၇ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းင်းတို့မှ မွေးဖွားလာသော ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ပေးရေး အစီအစဉ်အကောင်အထည်ဖော်ရေး မြို့နယ်အဆင့်ရှင်းလင်းပွဲများ ကို ဒီဇင်ဘာလ (၁၁ ၊ ၁၂ ၊ ၁၃ ) ရက်နေ့များတွင် တောင်ကုတ်မြို့နယ် ၊ သံတွဲမြို့နယ်နှင့် ဂွမြို့နယ်တို့တွင် ၎င်းင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတို့၌ ကျင်းပဆောင်ရွက်ခဲ့ရာ လူမှုဝန်ထမ်းဦးစီးဌာန (နေပြည်တော်) ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်မိုးက အဖွင့်အမှာစကားပြောကြားရာတွင် ရခိုင်ပြည်နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းင်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များ အနေဖြင့် ဘဝတစ်သက်တာ ဖွံ့ဖြိုးမှု၏ အရေးကြီးဆုံး ကာလဖြစ်သော လူသားဘဝ အစ ရက်(၁၀ဝဝ) ကာလအတွင်း အာဟာရဖွံ့ဖြိုးမှုနှင့် ကျန်းမာရေးဆိုင်ရာ အသိပညာများ ၊ အလေ့အထကောင်းများ ရရှိစေရန်
ဧရာဝတီတိုင်းဒေသကြီး၊၂၀၁၇ ဒီဇင်ဘာ၊၁၉ ဧရာဝတီတိုင်းဒေသကြီးဓနုဖြူမြို့မှပုသိမ်ကလေးပြစုရေးဌာနတွင်ယာယီစောင့်ရှောက်ထားသောကလေးင့်ပုသိမ်မြို့ပြည်သူ့ဆေးရုံတွင်ဆေးကုသ မှုခံယူလျက်ရှိသောကလေးငယ်တို့ကိုမြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်အတွင်းရေးမှူးဦးဘုန်းကြွယ်နှင့် အဖွဲ့မှ (၁၉.၁၂.၂၀၁၇)ရက်နေ ၊နံနက်(၁၀း၃၀)နာရီ တွင်တွေ့ဆုံနှုတ်ဆက် အားပေး၍
နေပြည်တော်၊ ၂၀၁၇၊ဒီဇင်ဘာ ၁၉ နိုင်ငံတစ်နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးအတွက်လိုအပ်သောရင်းနှီးမြှုပ်နှံမှုတွင်ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းများ တွင် ရင်းနှီးမြှုပ်နှံခြင်းသည် တစ်ခု အပါအဝင်ဖြစ်ရာ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဌာနသည် ကလေး တစ်ဦးချင်းစီ၏ အခွင့်အရေးနှင့်ဖွံ့ဖြိုးတိုးတက်မှုကို ဥပဒေ၊နည်းဥပဒေများ၊ မူဝါဒများ၊ မဟာဗျူဟာ လုပ်ငန်းအစီအစဉ်များ ချမှတ်လျက် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါသည်။
နေပြည်တော်၊၂၀၁၇၊ ဒီဇင်ဘာ ၁၉ ရခိုင်ပြည်နယ် အတွင်း လူသား ချင်းစာနာထောက်ထားမှု အကူ အညီ အထောက်အပံ့ပေးရေးပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေး စီမံကိန်း(UEHRD) ကို ၂၀၁၇ ခုနှစ် အောက်တိုဘာလမှ စတင်ဖွဲ့စည်းဆောင်ရွက်လျက်ရှိရာ UEHRD ၏ လုပ်ငန်းစဉ် တစ်ရပ်ဖြစ်သည့် စေတနာ့ဝန်ထမ်း လူငယ်အစီအစဉ် ပထမအကြိမ်ကို (၅-၁၁-၂၀၁၇)နေ့မှ (၂၄-၁၁-၂၀၁၇)နေ့အထိလည်းကောင်း ၊ ဒုတိယအကြိမ်ကို (၂၄-၁၁-၂၀၁၇)နေ့မှ (၁၃-၁၂-၂၀၁၇)နေ့အထိ လည်းကောင်း ဆောင်ရွက်ခဲ့ပြီး (၁၆-၁၂-၂၀၁၇)ရက်နေ့မှ (၄-၁-၂၀၁၈)ရက်နေ့အထိဆောင်ရွက်မည့် တတိယအကြိမ်အစီအစဉ် တွင်ပါဝင်ကြမည့် လူငယ်များအတွက် လုပ်ငန်းခွင်အကြိုသင်တန်းဖွင့်ပွဲအား ရန်ကုန်မြို့၊ သံလွင်လမ်းရှိ လူမှှုဝန်ထမ်းဦးစီးဌာန၊ အမျိုးသမီးဖွံ့ဖြိုတိုးတက်ရေးဌာန၌ (၁၇-၁၂-၂၀၁၇)နေ့ နံနက်ပိုင်းတွင်ကျင်းပခဲ့ပါသည်။