နေပြည်တော်၊ ဇွန်လ(၂၇) -

      သဘာဝဘေး စီမံခန့်ခွဲမှု လုပ်ငန်းများတွင် အာကာသနည်းပညာကို ပိုမိုအသုံးချ ဆောင်ရွက်နိုင်စေရန်၊ ဌာနအဖွဲ့အစည်း အသီးသီးအနေဖြင်‌့ အာကာသနည်းပညာ အသုံးပြု၍ သဘာဝဘေး လျော့ပါးရေး လုပ်ငန်းများတွင် ပိုမိုချိတ်ဆက် ပူးပေါင်းဆောင်ရွက်လာနိုင်စေရန်နှင့် နည်းပညာဆိုင်ရာ လိုအပ်ချက်များကို ဖော်ထုတ်ဆွေးနွေးနိုင်ရန် ရည်ရွယ်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဘေဂျင်းမြို့အခြေစိုက် United Nations Platform for Space-based Information for Disaster Management and Emergency Response(UN-SPIDER)တို့ပူးပေါင်း၍ သဘာဝဘေး စီမံခန့်ခွဲမှုလုပ်ငန်းများတွင် အာကာသနည်းပညာ အသုံးချ ဆောင်ရွက်နိုင်ရေး အကြံပြုအစည်းအ‌ဝေးကို ယနေ့နံနက်(၀၉း၃၀)တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ စုပေါင်းအစည်းအ‌ဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

၁။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ၂၆-၆-၂၀၁၆ ရက်နေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်ရှိ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးဌာနက ဆောင်ရွက်လျှက်ရှိသော ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နမိတ်အတွင်းမှ အခြေအနေမဲ့များ စောင့်ရှောက်ရေးစခန်း(နာနတ်တော)သို့ သွားရောက်၍ လမ်းပေါ်တွင် အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိ နေသည့် တောင်းရမ်းစားသောက်သူများ၊ အခြေအနေမဲ့များ၊ လေလွင့်ကလေးငယ်များ၊ လမ်းပေါ်နေသူများ လျော့နည်းပပျောက်ရေး ဆောင်ရွက်မှုများအား သွားရောက်ကြည့်ရှု့ပြီး စောင့်ရှောက်ထားရှိသော ကလေး သူငယ်(၃၃)ဦးနှင့် ချစ်ခင်ရင်းနှီးစွာတွေ့ဆုံ၍ ၎င်းတို့၏ ခံစားချက်များအားသိရှိပြီး လိုအပ်သော စောင့်ရှောက်မှု များ ပေးနိုင်ရန် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ဆွေးနွေးတိုင်ပင်ခဲ့ပါသည်။ ထို့နောက် ကလေးများအတွက် စားစရာနှင့် စောင်၊ ခေါင်းအုံးများ ပေးအပ်ခဲ့ပါသည်။

၁။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ ၂၅-၆-၂၀၁၆ ရက်နေ့ နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာမြို့သို့ ရောက်ရှိပြီး သာသနသောဘဏိကာရုံကျောင်း၌ ပြုလုပ်သော ဝန်ကြီးဌာန၏ ရက်(၁၀၀)စီမံချက်ပါ လုပ်ငန်းစဉ်တစ်ရပ် ဖြစ်သည့် အခြေခံစက်ချုပ်သင်တန်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် အဖွင့်အမှာစကား ‌ပြောကြားခဲ့ပါသည်။

နေပြည်တော်၊ ဇွန်လ (၂၄) -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ မေခလာခန်းမတွင် ဇွန်လ ၂၄ ရက်နေ့၊ နံနက်(၁၁း၀၀)နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံ အထူးပညာရေးအသင်းမှ ဥက္ကဌဖြစ်သူ ဦးထာအုပ် ဦးဆောင်သည့်အဖွဲ့ဝင်များ လာရောက်တွေ့ဆုံခဲ့ပါသည်။

>နေပြည်တော်၊ ဇွန်လ (၂၃) -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် (၂၃.၆.၂၀၁၆)ရက်နေ့ နံနက်(၁၀း၃၀)တွင် အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော ဝန်ကြီးဌာန၏ ရက်(၁၀၀)စီမံချက်နှင့် ပတ်သက်၍ ဆောင်ရွက်နေမှုများအား ဆန်းစစ်သည့် အခမ်းအနားသို့ တက်ရောက်အမှာစကား ပြောကြားပါသည်။

နေပြည်တော်၊ ဇွန်လ(၂၂) -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ မေခလာခန်းမတွင် ဇွန်လ ၂၂ရက်နေ့၊ နေ့လည်(၁၃း၀၀)နာရီအချိန်က ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား Agence Francaise Developpment အဖွဲ့အစည်းမှ Health Expert,Health and Welfare Division in Paris ဖြစ်သူ Mr.Philippe Lagier ဦးဆောင်သောအဖွဲ့မှ လာရောက်တွေ့ဆုံခဲ့ပါသည်။

နေပြည်တော်၊ ဇွန်လ (၂၁) -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ မေခလာခန်းမတွင် ဇွန်လ ၂၁ရက်နေ့၊ မွန်းလွဲ(၁၅း၀၀)နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား The Barefoot College in Indiaမှ ဥက္ကဌဖြစ်သူ Mr.Bunker Roy ဦးဆောင်သည့်အဖွဲ့ဝင်များ လာရောက် တွေ့ဆုံခဲ့ပါသည်။

နေပြည်တော်၊ ဇွန်လ (၂၀) -

       လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ မေခလာခန်းမတွင် ဇွန်လ ၂၀ ရက်နေ့၊ နံနက်(၁၁း၀၀)နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား Gender Equality Network အဖွဲ့အစည်းမှ ဒေါ်မေစပယ်ဖြူ ဦးဆောင်သည့် ပဲ့ကိုင်ကော်မတီဝင်များ လာရောက်တွေ့ဆုံခဲ့ပါသည်။

       လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ကိုရီးယားသမ္မတနိုင်ငံ ဆိုးလ်မြို့ Four Seasons Hotel တွင် ဇွန်လ ၁၅ ရက်နေ့မှ ၁၆ ရက်နေ့အထိ ကျင်းပခဲ့သည့် အာရှ- ဥရောပ သက်ကြီးရွယ်အိုများ လူ့အခွင့်အရေးဆိုင်ရာ အဆင့်မြင့်ပုဂ္ဂိုလ်များ ဆွေးနွေးပွဲဖိုရမ်သို့ တက်ရောက်ပြီး သက်ကြီးရွယ်အိုများ ဆင်းရဲမှုလျော့ချရေး၊ ကျန်းမာရေးမြင့်တင်ရေး၊ သက်ကြီးရွယ်အိုဆိုင်ရာ အခွင့်အရေးနှင့် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာစံ၊ မူဝါဒ၊ လုပ်ထုံးလုပ်နည်းများကို အာရှ-ဥရောပ ASEM အဖွဲ့ဝင်နိုင်ငံများမှ တက်ရောက်လာကြသည့် အဆင့်မြင့် ပုဂ္ဂိုလ်များ၊ ကျွမ်းကျင်သူများနှင့် ဆွေးနွေးဖလှယ်ခဲ့ပြီး ဖိုရမ်ပိတ်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အပိတ်အမှာစကား ပြောကြားခဲ့ပါသည်။

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှုတိုးတက်ရေး အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ၊ ဒေသတွင်း ပြန်လည်နေရာချထားရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၁၆)ကို ဇွန်လ(၁၀)ရက်နေ့ (၁၃း၀၀)နာရီအချိန် ကျင်းပပြုလုပ်ခဲ့ရာ ကော်မတီဥက္ကဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးမှ အမှာစကား‌ပြောကြားရာတွင် ယခုအစည်းအဝေးသည် အရေးကြီးသည့် အစည်းအဝေးဖြစ်ကြောင်း၊