ရခိုင်ပြည်နယ် လူမှုဝန်ထမ်းရုံး၏ ဦးဆောင်မှုဖြင့် စစ်တွေအိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာသင်ကျောင်းမှ စစ်တွေမြို့ ပဋိပက္ခဘေးရှောင်၍ ပြန်လည်နေရာချထားပေးခဲ့သော ရပ်ကွက်၊ ကျေးရွာများထဲမှ ရခိုင်အမျိုးသမီးငယ်ရွယ်များအား ၂၀၁၆ခုနှစ်၊ ဇွန်လတွင် ရပ်ရွာအခြေပြု သက်မွေးပညာဖြစ်သော စက်ချုပ်သင်တန်းအား ၎င်းတို့နေရာသို့ ပို့ချခဲ့ပြီး ယခုစစ်တွေအိမ်တွင်းမှုများတွင် ( ၂၇-၆-၂၀၁၆ ) ရက်နေ့မှ ( ၄-၈-၂၀၁၆)ရက်နေ့အထိ စက်ချုပ်သင်တန်း(အဆင့်မြင့်)ကို ရခိုင်အမျိုးသမီးငယ်ရွယ်(၃၄)ဦးအား တတ်မြောက်အောင် သင်ကြားပို့ချပေးနိုင်ခဲ့ပြီး ( ၄-၈-၂၀၁၆ )ရက်နေ့ (၁၄း၀၀)နာရီအချိန်တွင် သင်တန်းဆင်းလက်မှတ်များ ချီးမြှင့်ပေးအပ်နိုင်ခဲ့ပါသည်။

နေပြည်တော်၊ သြဂုတ်လ(၃) -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ မေခလာခန်းမ၌ သြဂုတ်လ ၃ရက်နေ့၊ မွန်းလွဲ (၃း၀၀)နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား Norwegian People’s Aid အဖွဲ့အစည်းမှ စီမံချက်မန်နေဂျာဖြစ်သူ Ms.Melissa Andersson ဦးဆောင်သည့်အဖွဲ့ဝင်များ လာရောက်တွေ့ဆုံခဲ့ပါသည်။

မကွေးတိုင်းဒေသကြီး၊ သြဂုတ်လ (၂)ရက် -

၁။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ (၂.၈.၂၀၁၆) ရက်နေ့တွင် ဧရာဝတီမြစ်ရေ မြင့်တက်ပြီး ရေဝင်ရောက်သဖြင့် ရေလွတ်ရာနေရာများသို့ ယာယီရွှေ့ပြောင်းထားရသော မင်းဘူးမြို့နယ်နှင့် ပွင့်ဖြူမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများမှ ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကား ပြောကြားကာ ဆန်၊ ငါးသေတ္တာ၊ ကယ်ဆယ်ရေးပစ္စည်း (၄)မျိုးနှင့် ဆန်ဖိုးရန်ပုံငွေများ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

ရန်ကုန်၊ ဇူလိုင်လ (၃၁) -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနှင့် လူမှုရေးအဖွဲ့အစည်းများ၊ ဖောင်ဒေးရှင်းများ ရင်းနှီးစွာတွေ့ဆုံ၍ ပြည်သူများ လူမှုရေးအခက်အခဲများ၊ လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းရပ်များ၊ သဘာဝဘေးအန္တရာယ် အရေးပေါ်တုန့်ပြန်မှုများအား ပြည်သူကရွေးချယ်သော ပြည်သူ့အစိုးရက စစ်မှန်သော ဒီမိုကရေစီလမ်းစဉ်ဖြင့် ချီတက်ရာဝယ် လွတ်လပ်လုံခြုံသော လူမှုအဖွဲ့အစည်း တရားမျှတပြီး ဥပဒေသက်ရောက်သော အုပ်ချုပ်ရေးစနစ်နှင့် ငြိမ်းချမ်းအေးချမ်းသာယာပြီး လုံခြုံစိတ်ချ ဖွံ့ဖြိုးတိုးတက်သော လူနေမှုဘ၀ ရရှိစေ‌ရေးအတွက် ပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟူသော ယုံကြည်ချက်များနှင့် ယနေ့တွင်

နေပြည်တော်၊ ဇူလိုင်လ (၂၆) -

      ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုး‌ရေးလုပ်ငန်း အမျိုးသားအဆင့် ဆွေးနွေးပွဲကို ၂၆.၇.၂၀၁၆ရက်နေ့ (၀၉း၀၀)နာရီတွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်အဖွင့်အမှာစကား ‌ပြောကြားခဲ့ပါသည်။

၁။ အာဆီယံအသိုက်အဝန်း၏ အနာဂါတ်ကို ပခုံးပြောင်းတာဝန်ယူကြရမည့် လက်ရှိကလေးသူငယ် များသည် အာဆီယံအဖွဲ့၏ ‌ရေရှည်မျှော်မှန်းချက်များနှင့် လက်ရှိပူးပေါင်းဆောင်ရွက်နေမှုများကို သိရှိပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကလေးသူငယ်များအကြား ချစ်ကြည်ရင်းနှီးမှုနှင့် အပြန်အလှန် ဆက်သွယ် ဆောင်ရွက်ရန်လိုအပ်ကြောင်း (၂၉-၇-၂၀၁၆) ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမတွင် ပြုလုပ်သော စတုတ္တအကြိမ်မြောက် အာဆီယံကလေးသူငယ် ဖိုရမ် အထိမ်းအမှတ် အမျိုးသားအဆင့် ကလေးသူငယ် ပန်းချီနှင့်ဆောင်ပုဒ်ပြိုင်ပွဲ ဆုရရှိသူများအား ဆုချီးမြှင့်ပွဲ အခမ်းအနားတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေးမှ ပြောကြားခဲ့သည်။

     ဝန်ကြီးဌာန၏ ရက်(၁၀၀)စီမံချက်ပါ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှုအပေါ် သုံးသပ်ဆွေးနွေးပွဲအား ၂၀၁၆ခုနှစ် ဇူလိုင်လ (၂၈)ရက်နေ့ နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ကျင်းပခဲ့ပါသည်။

နေပြည်တော်၊ ဇူလိုင်လ (၂၆) -

      ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုး‌ရေးလုပ်ငန်း အမျိုးသားအဆင့် ဆွေးနွေးပွဲကို ၂၆.၇.၂၀၁၆ရက်နေ့ (၀၉း၀၀)နာရီတွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်အဖွင့်အမှာစကား ‌ပြောကြားခဲ့ပါသည်။

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေးကို ကမ္ဘောဇဘဏ်လီမိတက်မှ တာဝန်ရှိသူများက ၂၀၁၆ခုနှစ်၊ ဇူလိုင်လ(၂၅)ရက်နေ့ နံနက်(၁၀း၃၀)နာရီတွင် ဝန်ကြီး၏အစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။

နေပြည်တော်၊ ဇူလိုင်လ (၂၂) -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ မေခလာခန်းမတွင် ဇူလိုင်လ ၂၂ရက်နေ့၊ နံနက်(၀၉း၀၀)နာရီအချိန်က ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား NewZealand နိုင်ငံအခြေစိုက် Moveahead Software အဖွဲ့အစည်း မှ Director ဖြစ်သူ Mr.Trevor ဦးဆောင်သောအဖွဲ့မှ လာရောက်တွေ့ဆုံခဲ့ပါသည်။