နေပြည်တော်၊ ဇူလိုင်လ(၂၁) -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနသည် ရက်၁၀၀စီမံကိန်းတွင် မသန်စွမ်းသူများ ဖွံ့ဖြိုးတိုးတက်ရေး အမျိုးသားအဆင့်မဟာဗျူဟာ(၂၀၁၆-၂၀၂၅)ကို အကောင်အထည် ဖော်လျက်ရှိရာ မသန်စွမ်းသူများအတွက် အထူးစောင့်ရှောက်မှု သင်တန်းများကို ဖွင့်လှစ်ပို့ချလျက်ရှိပါသည်။

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနသည် ဆင်းရဲနွမ်းပါးမှု လျော့ချရေး၊ ပြည်သူလူထု တစ်ဦးချင်းစီနှင့် အိမ်ထောင်စုတစ်စုချင်းရဲ့ ထိခိုက်လွယ်မှု အခြေအနေများကို လျော့ချရေးနှင့် လူသားအရင်းအနှီး ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် လူမှုကာကွယ်စောင်‌့ရှောက်ရေးလုပ်ငန်းများကို မဖြစ်မနေ ဆောင်ရွက်သွားမှာဖြစ်သလို မိတ်ဖက်အဖွဲ့အစည်းများကလည်း ပူးပေါင်းဆောင်ရွက် ပေးကြရန် ၂၀၁၆ ခုနှစ် ဇူလိုင်လ(၂၀)ရက်နေ့တွင် နေပြည်တော် သင်္ဂဟဟိုတယ်၌ ကျင်းပပြုလုပ်သည်‌့ လူမှုကာကွယ်စောင်‌့ရှောက်ရေး လုပ်ငန်းအဖွဲ့ခွဲ အစည်းအဝေးတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေးမှ ပြောကြားခဲ့ပါသည်။

၁။ ယနေ့ကမ္ဘာပေါ်ရှိ နိုင်ငံများတွင် လူငယ်မူဝါဒ ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်း မရှိသေးသည့် နိုင်ငံပေါင်း(၃၁)နိုင်ငံရှိရာတွင် မြန်မာနိုင်ငံသည်လည်း တစ်နိုင်ငံအပါအဝင် ဖြစ်ပါသည်။ လူငယ် မူဝါဒ ရေးဆွဲနိုင်ခြင်း မရှိသည့်နိုင်ငံများတွင် လူငယ်များ၏ လိုအပ်ချက်များ၊ တောင်းဆိုချက်များ၊ အမြင်များကို တုံ့ပြန်ဆောင်ရွက်ပေးနိုင်ရန် လိုအပ်လျက်ရှိသောကြောင့် လူငယ်မူဝါဒအား ရေးဆွဲဆောင်ရွက်ရန် လိုအပ်လာ ပါသည်။ လူငယ်မူဝါဒ ရေးဆွဲပြဌာန်းနိုင်ခြင်းဖြင့် လူငယ်ထုအတွင်း ကဏ္ဍအလိုက် ဖွံ့ဖြိုးတိုးတက်မှုများ စနစ်တကျ ဆောင်ရွက်သွားနိုင်မည်ဖြစ်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် လူငယ်များ တစ်တပ်တစ်အား ပါဝင်လာနိုင်မည်ဖြစ်ပါသည်။



နေပြည်တော်၊ ဇူလိုင် (၆) -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ မေခလာခန်းမတွင် ဇူလိုင်လ၆ရက်နေ့၊ ‌နံနက်(၀၉း၀၀)နာရီအချိန်က ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ရန်ကုန်မြို့၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံရုံးမှ သံအမတ်ကြီးဖြစ်သူ H.E.Mr.PisahuSuvanajataဦးဆောင်သောအဖွဲ့မှ လာရောက်တွေ့ဆုံခဲ့ပါသည်။

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့်အဖွဲ့သည် (၁-၇-၂၀၁၆)ရက်နေ့၊ မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့သို့ရောက်ရှိပြီး လူမှုကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းများနှင်‌့ သဘာဝဘေး ကြိုတင်ကာကွယ်ရေး၊ ပြင်ဆင်ရေး၊ တုန့်ပြန်ရေး လုပ်ငန်းများအား ဆွေးနွေးဆောင်ရွက်ခဲ့ပါသည်။

နေပြည်တော်၊ ဇူလိုင်လ(၁) ရက် -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနနှင့် ကုလသမဂ္ဂ လူသားချင်းစာနာ ကူညီမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UNOCHA)တို့ ပူးပေါင်း၍ ဝန်ကြီးဌာန၏ ရက်(၁၀၀) စီမံချက်တွင် ဦးစားပေးလုပ်ငန်းစဉ် တစ်ရပ်ဖြစ်သော ဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှု ကနဦးစာရင်းအား KOBO Mobile Application အသုံးပြု၍ ကောက်ယူနိုင်ရန်အတွက် Mobile Application မိတ်ဆက်ခြင်း အခမ်းအနားအား အဆိုပါ ဝန်ကြီးရုံးစုပေါင်း အစည်းအဝေးခန်းမ၌ ၁.၇.၂၀၁၆ ရက်နေ့၊ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

နေပြည်တော်၊ ဇွန်လ (၃၀) -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၏ ရက်(၁၀၀)စီမံကိန်းတွင် ဦးစားပေးဆောင်ရွက်နေသော လူငယ်မူဝါဒ ရေးဆွဲရေး လုပ်ငန်းစဉ်အရ ပြည်နယ်နှင့် တိုင်းအသီးသီးမှ လုပ်ငန်းဖြစ်မြောက်ရေး လူငယ်ညှိနှိုင်းရေးမှူးများ၊ မြန်မာလူငယ်ဖိုရမ် လုပ်ငန်းအဖွဲ့ဝင်များ၊ UN Joint Team မှ တာဝန်ခံများ၊ ပြည်တွင်းအကြံပေးအဖွဲ့များ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပညာရေး ဝန်ကြီးဌာနမှ ကိုယ်စားလှယ်များနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးဦးဆောင်သော အဖွဲ့ဝင်များ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ၃၀-၆-၂၀၁၆ ရက်နေ့ နံနက်(၁၀း၀၀)အချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

နေပြည်တော်၊ ဇွန်လ (၂၉) -

၁။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ မေခလာခန်းမတွင် ဇွန်လ ၂၉ ရက်နေ့၊ ‌နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ရန်ကုန်မြို့၊ မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျနိုင်ငံသံရုံးမှ သံအမတ်ကြီးဖြစ်သူ H.E.Mr. Nicholas Coppel ဦးဆောင်သောအဖွဲ့မှ လာရောက် တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာ၌ နှစ်နိုင်ငံအကြား သဘာဝဘေး ကယ်ဆယ်ရေးလုပ်ငန်းများတွင် ပူးပေါင်း ဆောင်ရွက်နေမှုများ၊ သြစတြေးလျနိုင်ငံမှ ပေးအပ်သည့် ပညာသင်ဆုကိစ္စများ၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုး တိုးတက်ရေးအတွက် သြစတြေးလျနိုင်ငံဘက်မှ ကူညီမည့် ဖွံ့ဖြိုးတိုးတက်ရေး အကူအညီများ၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှုတိုးတက်ရေး အကောင်အထည်ဖော်ရေး ဗဟိုကော်မတီအောက်တွင် ဒေသတွင်း ပြန်လည်နေရာချထားရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ ဥက္ကဌအဖြစ် ပြည်ထောင်စုဝန်ကြီးက တာဝန်ယူဆောင်ရွက်မှု အခြေအနေများ၊ ကလေးသူငယ်အခွင့်အရေး ဆောင်ရွက်နေမှု အခြေအနေနှင့် ကလေးသူငယ်ဥပဒေ ပြင်ဆင်ရေးဆွဲရေး တိုးတက်မှုအခြေအနေများ၊ ဝန်ကြီးဌာန၏ ရက်(၁၀၀)စီမံကိန်းပါ ဦးစားပေး လုပ်ငန်းစီမံချက်များနှင့် ရှေ့ဆက်၍ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

နေပြည်တော်၊ ဇွန်လ (၂၈) -

      လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ မစ္စရန်ဟီလီအား ယနေ့ညနေ ၅ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ တွေ့ဆုံသည် ။