ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး အား ကုလသမဂ္ဂယာယီဌာနေကိုယ်စားလှယ်နှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူး က လာရောက်တွေ့ဆုံ

နေပြည်တော်၊ ၁၉.၄.၂၀၁၉
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား ကုလသမဂ္ဂယာယီဌာနေကိုယ်စားလှယ်နှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူး Mr. Knut Ostby က ယနေ့ နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး၏ မေခလာခန်းမ၌လာရောက်တွေ့ဆုံပါသည်။

ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး သုတေသနလုပ်ငန်းအကောင်အထည်ဖော်မှု တိုးတက်ရေးညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော်၊ ၁၈.၄.၂၀၁၉
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၊ဝန်ကြီးရုံး၏ သုတေသနလုပ်ငန်းဆောင်ရွက်ခြင်းနှင့်ဖွံ့ဖြိုးတိုးတက်ရေးဌာန Research and Development Centre ၏ လုပ်ငန်းအကောင်အထည်ဖော်မှုတိုးတက်ရေးညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်း တွင် အဆိုပါဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး တက်ရောက်ပါသည်။

လူမှုဝန်ထမ်းဉီးစီးဌာနနှင့် Plan International Myanmar တို့ပူးပေါင်း၍ Online Child Protection Incident Reporting System အတွက် ပံ့ပိုးမှုပစ္စည်းများ လွှဲပြောင်းလက်ခံ ရယူခြင်းအခမ်းအနား

၁၀.၄.၂၀၁၉၊ နေပြည်တော်
    လူမှုဝန်ထမ်းဉီးစီးဌာနနှင့် Plan International Myanmar တို့ပူးပေါင်း၍ Online Child Protection Incident Reporting System အတွက် ပံ့ပိုးမှုပစ္စည်းများ လွှဲပြောင်းလက်ခံ ရယူခြင်းအခမ်းအနားကို (၁၀.၄.၂၀၁၉)ရက်နေ့၊ နံနက်(၁း၃၀)နာရီတွင် လူမှုဝန်ထမ်းအစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ကမ္ဘာ့အမျိုးသမီးညီလာခံ(ဘေဂျင်း)လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာအတွက် သုံးသပ် ဆွေးနွေးခြင်းအလုပ်ရုံဆွေးနွေးပွဲတက်ရောက်

ဧပြီ ၉၊ နေပြည်တော်
    ကမ္ဘာ့အမျိုးသမီးညီလာခံ(ဘေဂျင်း)လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာအတွက် သုံးသပ် ဆွေးနွေးခြင်း အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပရာ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်ဆွေးနွေးစကားပြောကြားပါသည်။

စနစ်ကျသော ရှေးဦးအရွယ်ကလေးသူငယ်ပြုစုစောင့်ရှောက်ခြင်းကို အကောင်အထည်ဖော်ခြင်း သည် အနာဂတ်အတွက် စွမ်းရည်ပြည်ဝသော လူသားအရင်းအမြစ်များ ပေါ်ထွက်စေရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ဆွေးနွေးပြောကြား

ပေါင်မြို့၊ ၇ ဧပြီ
    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည် ဒုတိယဝန်ကြီးဦးစိုးအောင်နှင့် တာဝန်ရှိသူများလိုက်ပါလျက် မော်လမြိုင်မြို့နယ်တွင်းရှိ မူလတန်းကြိုကျောင်းများနှင့် မိခင်ဝိုင်းများမှ မိဘများနှင့်တွေ့ဆုံ၍ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုစောင့်ရှောက်ရေးဆိုင်ရာ အရေးကြီးပုံကို ဆွေးနွေးပြောကြားခြင်း နှင့် ရှေးဦးအရွယ်ကလေးသူငယ် တိုင်းထွာစစ်ဆေးခြင်း လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှု အားပေးခဲ့ပါသည်။