ကုလသမဂ္ဂကလေးသူငယ်အခွင့်အရေးများဆိုင်ရာနေ့အခမ်းအနားကျင်းပခြင်း

ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်၊၂၀၁၇၊နိုဝင်ဘာ ၂၀ (၁၉.၁၁.၂၀၁၇) ရက်နေ့၊ မွန်းလွဲ (၁၃း၀၀) နာရီ တွင်ဒေးဒရဲမြို့နယ် ဆားအိုးချောင်းကျေးရွာ တွင် LWF (myanmar) မှဆောင်ရွက်၍၂၀၁၇ခုနှစ် ၊CRC day အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်းဦးစီး ဌာန ၊ဖျာပုံခရိုင်လူမှုဝန်ထမ်းရုံးမှခရိုင်ဦးစီးမှူးမှကလေးသူငယ်များ၏ အခွင့်အရေး များတာဝန်များကိုအသိပညာပေးဆွေးနွေးခဲ့ပါသည်။

ရှေးဦးအရွယ်ကလေးသူငယ် ဘက်စုံဖွံ့ဖြိုးရေးနှီးနှောဖလှယ်ပွဲအခမ်းအနားကျင်းပခြင်း

မန္တလေးတိုင်းဒေသကြီး၊၂၀၁၇၊နိုဝင်ဘာ ၂၀ မန္တလေးတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးလက်အောက်ရှိမန္တလေးမြို့၊မူလတန်းကြိုကျောင်းအမှတ်(၁)တွင်လူမှုဝန်ထမ်းဦးစီးဌာနနှင့်ရင်သွေးငယ် ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းတို့ပူးပေါင်း၍ OMEP Myanmar မှ ကျင်း ပသောရှေးဦး အရွယ် ကလေး သူငယ် ဘက်စုံ ဖွံ့ဖြိုးရေးနှီးနှော ဖလှယ်ပွဲ အခမ်းအနား အား(၁၈.၁၁.၂၀၁၇)ရက်နေ့၌ကျင်းပပြုလုပ်ခဲ့ရာတိုင်းဒေသကြီးဦးစီးမှူးမှအဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

CRC Dayအထိမ်းအမှတ်အခမ်းအနားတွင် အသိပညာပေးဟောပြောခြင်း

ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်၊၂၀၁၇၊နိုဝင်ဘာ၂၀ လူမှုဝန်ထမ်းဦးစီးဌာန၊ဖျာပုံခရိုင်လူမှုဝန်ထမ်းရုံးမှခရိုင်ဦးစီးမှူးသည်(၁၈.၁၁.၂၀၁၇))ရက်နေ့တွင်ဖျာပုံမြို့နယ်မြစ်တန်းကျေးရွာတွင်LWF (Myanmar) မှ စီစဉ်ဆောင်ရွက်သည့်CRCနေ့အထိမ်းအမှတ်အခမ်းအနားတွင်အသိပညာပေးဟောပြောခြင်းဆောင်ရွက်ခဲ့ပါသည်။

UEHRD ၏လုပ်ငန်းစဉ်များတွင်ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေးအတွက် ပြည်ထောင်စုဝန်ကြီ ဒေါက်တာဝင်းမြတ်အေ အာ မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျနိုင်ငံသံအမတ်ကြီးH.E Mr.Nicholas Coppel နှင့်(UNOCHA)မှHead of Office ဖြစ်သူMr.Mark Cutts အဖွဲတို့ကသီးခြားစီလာရောက်တွ့ဆုံ

နေပြည်တော်၊၂၀၁၇၊နိုဝင်ဘာ ၂၀ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးအားမြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျနိုင်ငံ သံအမတ်ကြီး H.E Mr. Nicholas Coppel နှင့် United Nations Office for the Coordination of Humanitarian Affairs (UNOCHA)မှHead of Officeဖြစ်သူMr.MarkCuttsအဖွဲ့တို့က(၁၇.၁၁.၂၀၁၇)ရက်နေ့၊နံနက်ပိုင်းတွင်အဆိုပါဝန်ကြီးရုံး၊မေခလာခန်းမ၌ သီးခြားစီ လာရောက်တွေ့ဆုံပါသည်။

UEHRD စီမံကိန်းလုပ်ငန်းများအတွက် အလှူငွေများ ပေးအပ်လှူဒါန

နေပြည်တော် ၊၂၀၁၇ နိုဝင်ဘာ ၂၀ ရခိုင်ပြည်နယ်အတွင်းလူသားချင်းစာနာမှုအကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာ ချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း(UEHRD) ၏ လုပ်ငန်းများဆောင်ရွက်ရန်အတွက် မြန်မာနိုင်ငံ ပုံနှိပ်နှင့်ထုတ်ဝေသူ လုပ်ငန်းရှင်များအသင်းက လှူဒါန်းငွေကျပ် သိန်း(၂၀၀)ကို ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်ကလည်းကောင်း၊ နယူးယောက်မြို့ရှိ မြန်မာ-အမေရိကန် ဆေးပညာအသင်းကလှူဒါန်းသော အမေရိကန် ဒေါ်လာ(၁၀၀၀၀)ကို နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်ကလည်းကောင်း၊

UEHRD ၏ လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေးအတွက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား UN Resident and Humanitarian Coordinator နှင့် Myanmar MEDECINA SANS FRONTIERES အဖွဲ့တို့မှ သီးခြားစီ လာရောက်တွေ့ဆုံ

နေပြည်တော်၊၂၀၁၇၊နိုဝင်ဘာ၁၇ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား UN Resident and Humanitarian Coordinator ဖြစ်သူ Mr.Knut Ostby နှင့် MSF- Switzerland In Myanmar, MEDECINA SANS FRONTIERES မှ Head of Mission ဖြစ်သူ Mr. Kevin Coppock ဦးဆောင်သော အဖွဲ့တို့က (၁၆.၁၁.၂၀၁၇)ရက်နေ့၊နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး၊ မေခလာခန်းမ၌ သီးခြားစီ လာရောက် တွေ့ဆုံပါသည်။

ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးထိုးနှံပေးခြင်း အခမ်းအနားတက်ရောက်ခြင်း

တနင်္သာရီတိုင်းဒေသကြီး၊၂၀၁၇၊နိုဝင်ဘာ ၁၆ လူမှုဝန်ထမ်းဦးစီးဌာန၊မြိတ်ခရိုင်လူမှုဝန်ထမ်းရုံးမှခရိုင်ဦးစီးမှူးသည်(၁၆.၁၁.၂၀၁၇)ရက်နေ့တွင်အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ၊မြိတ်မြို့၌ကျင်းပပြုလုပ်သော

မူလတန်းကြိုကျောင်းဆောက်လုပ်ရေးကွင်းဆင်းဆောင်ရွက်ခြင်း

ရှမ်းပြည်နယ်၊၂၀၁၇၊နိုဝင်ဘာ၁၆ လူမှုဝန်ထမ်းဦးစီးဌာန၊ရှမ်းပြည်နယ်လူမှုဝန်ထမ်းရုံး၊တောင်ကြီးမြို့မှပြည်နယ်ဦးစီးမှူးနှင့်တာဝန်ရှိဝန်ထမ်းများသည်(၁၆.၁၁.၂၀၁၇)ရက်နေ့တွင် Good Neighbour International အဖွဲ့နှင့်ညောင်ရွှေမြို့တွင်မူလတန်းကြိုကျောင်း ဆောက်လုပ်ရေးအတွက်

ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးသင်တန်းဖွင့်လှစ်ခြင်း

ကယားပြည်နယ်၊နိုဝင်ဘာ ၁၆ လူမှုဝန်ထမ်းဦးစီးဌာန၊ကယားပြည်နယ်လူမှုဝန်ထမ်းရုံးမှကြီးမှူး၍ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးသင်တန်းဖွင့်ပွဲအား(၁၅.၁၁.၂၀၁၇) ရက်နေ့၌ကယားပြည်နယ်၊ဒီမောဆိုမြို့တွင်ကျင်းပပြုလုပ်ခဲ့ပြီး

CRC day အထိမ်းအမှတ်အကြိုလှုပ်ရှားမှုဆောင်ရွက်ခြင်း

မွန်ပြည်နယ်၊၂၀၁၇၊နိုဝင်ဘာ ၁၆ CRCdayအထိမ်းအမှတ်အကြိုလှုပ်ရှားမှုအားကစားပြိုင်ပွဲနှင့်ဆုပေးပွဲအခမ်းအနားကိုလူမှုဝန်ထမ်းဦးစီးဌာန၊မော်လမြိုင်ကလေးပြုစုရေးဌာနတွင် (၁၅.၁၁.၂၀၁၇)ရက်နေ့၊ညနေပိုင်းတွင်ကျင်းပပြုလုပ်ခဲ့ရာ