နေပြည်တော်၊လယ်ဝေး၊ ၉-၃-၂၀၁၉ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်လယ်ဝေးမြို့နယ် ပုဏ္ဏမီဂုဏ်ဝေ သီလရှင် ပရဟိတဂေဟာသို့ လူမှုဝန်ထမ်းဦးစီးဌာနမှ ပထမအဆင့်ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် (၉း၀၀)နာရီ က အဆိုပါဂေဟာ၌ ကျင်းပသည်။
နမ္မတူမြို့၊ ၂၃.၆.၂၀၁၉ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတို့သည် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက် ပိုင်းက ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့သို့ ရောက်ရှိကြပြီး မြို့နယ် တိုက်ပွဲရှောင်ပြည်သူများကူညီထောက်ပံ့ရေးကော်မတီ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖ များ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ တိုက်ပွဲရှောင်ပြည်သူများနှင့် နမ္မတူမြို့ရှိ စုပေါင်းခန်းမတွင် တွေ့ဆုံခဲ့ကြပါသည်။
မြစ်ကြီးနား ၊ ၂၄-၆-၂၀၁၉ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဦးအုန်းဝင်းနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည် ထောင်စုဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေးနှင့်အဖွဲ့သည် ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်မှ အထွေအထွ အတွင်းရေးမှူး၊ ဆရာတော်တူးမိုင်၊ လူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးရေးဌာန KBC နှင့် KMSS တို့မှ တာဝန်ရှိသူများနှင့် ဖားကန့်ဒေသရှိ ရွှေ့ပြောင်းအလုပ်သမားများအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆိုင်ရာလုပ်ငန်းအဖွဲ့၏ စတုတ္တအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေပိုင်းက ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
နေပြည်တော်၂၅.၆.၂၀၁၉ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့်ပြန်လည်နေရာချထားရေးကော်မတီ၏ (၁/ ၂၀၁၉)ကြိမ်မြောက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ နေရပ်စွန့်ခွာသူများပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ၊ ကော်မတီဒုတိယဥက္ကဌ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးခင်မောင်တင်၊ ပြန်လည်နေရာချထားရေးလုပ်ငန်းကော်မတီ ဥက္ကဌ၊ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ပြန်လည်နေရာချထားရေးလုပ်ငန်းကော်မတီ ပူးတွဲ ဥက္ကဌ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံနှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။
နေပြည်တော်၊ ၂၅.၆.၂၀၁၉ ပြည်ထောင်စုဝန်ကြီးဦးအုန်းဝင်းနှင့် ဒေါက်တာဝင်းမြတ်အေးတို့သည့် ဖားကန့်မြို့နယ်ရှိ ကျောက်မျက်တူးဖော်ရေးလုပ်ငန်းရှင်များ၊ လူမှုအဖွဲ့အစည်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများနှင့် ရေမဆေးကျောက်ရှာဖွေသူများနှင့် ယမန်နေ့ နံနက်ပိုင်းတွင် ဖားကန့်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ တွေ့ဆုံခဲ့ကြပါသည်။ ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဖားကန့်ဒေသ အတွင်း တရားဥပဒေစိုးမိုးရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဖေါ်ဆောင်ရန် လာရောက်ခြင်းဖြစ်ကြောင်း၊ တရားဥပဒေစိုးမိုးရေးအတွက် မူဝါဒ၊ အမိန့်ကြေငြာစာ ညွှန်ကြားချက် များထုတ်ပြန်ပြီး ဥပဒေနှင့်အညီဆောင်ရွက်မှုများကို ပူးပေါင်းပါဝင်ပေးကြရန်၊ ပြန်လည်ထူထောင် ရေးလုပ်ငန်းများအတွက် လုပ်ငန်းကော်မတီများ အသီးသီးဖွဲ့စည်းထားပြီး အစီအမံများ ရေးဆွဲ လျက်ရှိပါကြောင်း၊ ဆက်လက်၍ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊
နေပြည်တော်၊ ၂၆.၆.၂၀၁၉ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးအား ကျား/မရေးရာတန်းတူညီမျှရေး ကွန်ရက် Gender Equality Network(GEN)အဖွဲ့ နှင့် ILO Myanmar ရုံးမှ ဆက်ဆံရေး အရာရှိဖြစ်သူ Mr.Rory Mungoven တို့ ဦးဆောင်သောအဖွဲ့တို့က ယမန်နေ့ မွန်းလွဲပိုင်းတွင် ဝန်ကြီးရုံး၊ မေခလာခန်းမ၌ သီးခြားစီလာရောက်တွေ့ဆုံပါသည်။
နေပြည်တော်၊ ၂၆.၆.၂၀၁၉ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား Bangladesh Institute of Peace and Security Studies(BIPSS)နှင့် UNICEF Myanmar အဖွဲ့တို့မှတာဝန်ရှိသူများက ယနေ့ မွန်းလွဲပိုင်းတွင် ဝန်ကြီးရုံး၊ မေခလာခန်းမ၌ သီးခြားစီလာရောက်တွေ့ဆုံပါသည်။
နေပြည်တော်၊ ၂၇.၆.၂၀၁၉ ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီပေးရေး၊ ပြန်လည်နေရာချထားရေး နှင့် ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) ကော်မတီ၏ (၃/၂၀၁၉) ကြိမ်မြောက်အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားချထားရေးဝန်ကြီး ဌာန၊ ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။