လူငယ်စောင့်ရှောက်ရေးလုပ်ငန်း

     လူငယ်စောင့်ရှောက်ရေး လုပ်ငန်းများတွင် ကြိုတင်ကာကွယ်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေး ဟူ၍ နှစ်ပိုင်းခွဲခြားဆောင် ရွက်လျက်ရှိပါသည်။ ကြိုတင် ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းအနေဖြင့် လူငယ်များ လေလွင့်မှုကို ကာကွယ်ရန်နှင့် အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချနိုင်စေရန် အတွက် ပြည်နယ်/တိုင်းဒေသကြီးအသီးသီးတွင် လူငယ့်ရိပ်သာ(၇၀)ခုကို ဖွင့်လှစ်၍ လူငယ်ပေါင်း (၇၅၈၉)ကို ပါဝင်လှုပ်ရှား ဆောင်ရွက်လျက်ရှိပါသည်။

ကလေးပြုစုရေးဌာနများဖွင့်လှစ်ဆောင်ရွက်ခြင်း

ရည်ရွယ်ချက်

၁။    ကလေးပြုစုရေးဌာနများကို အောက်ဖော်ပြပါ ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်လျက်ရှိပါသည်-         (က)    အကြောင်းအမျိုးမျိုး‌ကြာင့် လူမှုရေးချို့တဲ့နေသည့် ကလေးများနှင့် စောင့် ရှောက်သူမဲ့ ကလေးများအား မွေးစမှ (၁၀)နှစ်ပြည့်ပြီးသည်အထိ ဘက်စုံ ဖွံ့ဖြိုး တိုးတက်ရေးနှင့် မူလတန်းပညာ ပြီးမြောက်အောင်မြင်သည်အထိ ပြုစု စောင့်ရှောက်ပေးရန်၊           ( ခ)    ရှေးဦးအရွယ် ကလေးသူငယ်များ ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး နည်းစနစ်နှင့်အညီ ပြုစုစောင့်ရှောက်ပေးရန်၊           ( ဂ) စောင့်ရှောက်ထားသည့် ကလေးများအနက် ခန္ဓာကိုယ်ဖွံ့ဖြိုးမှုနှင့် ဉာဏ်ရည် ဖွံ့ဖြိုးမှု အားနည်းသော ကလေးများကို အသက်                 (၁၀)နှစ် ပြည့်ပြီးသည်အထိ ဆက်လက်ပြုစု စောင့်ရှောက်၍ သက်ဆိုင်ရာ ကျောင်းများသို့ လွှဲပြောင်း ပို့အပ်ရန်၊           (ဃ) စောင့်ရှောက်ထားသော ကလေးများ ပုံမှန်မိသားစုအတွင်း ကြီးပြင်းလာပြီး ကလေးသူငယ်ဥပဒေနှင့်အညီ သင့်လျော်သော မိဘများအား  မွေးစားခွင့်ပေး ရန် နှင့် အခြေခံပညာ မူလတန်းကို အသက် (၅)နှစ်မှစတင်၍ မူလတန်းပညာ ပြီးမြောက်သည်အထိ                 သင်ကြားနိုင်ရေး စီစဉ်ဆောင်ရွက်ပေးရန် 

မူဝါဒအစီအစဉ်များရေးဆွဲဆောင်ရွက်ခြင်း

     မူကြိုပညာရေးနှင့် ပတ်သက်၍ လူမှုဝန်ထမ်းဦးစီးဌာနမှ မူကြိုအရွယ်ကလေးများ ဘက်စုံဖွံ့ဖြိုးရေး သင်ရိုးညွှန်းတမ်းနှင့် သင်ရိုးမာတိကာ(Pre-School Curriculum and Syllabus)၊ (၃)နှစ် မပြည့်မီ ကလေးများ ပြုစုပျိုးထောင်ရေးလမ်းညွှန် ( Guideline of Caring for Children under Three Years Old) နှင့် မူလတန်းကြိုအရွယ် ( ၃နှစ်မှ၅နှစ် ) ကလေးများ ဘက်စုံဖွံ့ဖြိုးရေး ဆရာ့လမ်းညွှန် ( Teacher's Guide on Pre-School Curriculum ) တို့ကို ရေးသားပြုစုဖြန့်ဝေခဲ့ပါသည်။ ယင်းစာအုပ်များသည် မူလတန်းကြိုပညာရေးအတွက် မရှိမဖြစ် လက်ကိုင်ပြုရမည့် စာအုပ်များဖြစ်ပါ၍ ထုတ်ဝေရခြင်းဖြစ်ပါသည်။

သင်တန်းများဖွင့်လှစ်ဆောင်ရွက်ခြင်း

     မြန်မာနိုင်ငံအတွင်း ဖွင့်လှစ်ဆောင်ရွက်လျက်ရှိသော ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများနှင့် ပုဂ္ဂလိကမူလတန်း ကြိုကျောင်းများမှ ကလေးပြုစုစောင့်ရှောက်သူ ဆရာမများအား အရည်အသွေး  ပြည့်မီစေရေးအတွက် စေတနာ မူလတန်းကြိုကျောင်း ဆရာမများ/ တာဝန်ခံများသင်တန်း၊ရှေးဦးကလေးသူငယ် ဖွံ့ဖြိုးမှု ပြုစုပျိုးထောင်ရေးဆိုင်ရာ သင်တန်း၊  ရှေးဦးကလေးသူငယ် ဖွံ့ဖြိုးမှု ပြုစုပျိုးထောင်ရေးဆိုင်ရာသင်တန်း၊ မိဘရပ်ရွာအသိပညာပေး သင်တန်းများကိုလည်း လူမှုဝန်ထမ်းဦးစီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ဆက်စပ်နေ သောဝန်ကြီးဌာနများနှင့် UNICEF ၊ ကလေးပြုစုပျိုးထောင်ရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်နေသောအဖွဲ့အစည်းများမှနည်းပြများဖြင့် လူမှုဝန်ထမ်းအတတ်သင် သိပ္ပံကျောင်းနှင့် သက်ဆိုင်ရာ ပြည်နယ်/တိုင်းဒေသ ကြီးအသီးသီးတွင်ဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်တွင်း/ပြည်ပမှ အစိုးရမဟုတ်သောအဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်ခြင်း

    ထို့အပြင် ပြည်တွင်း/ပြည်ပမှ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ပူးပေါင်း၍လည်း စေတနာ့ဝန်ထမ်း မူလတန်းကြိုကျောင်းများ တည်ထောင်ခြင်း၊ ရပ်ရွာအခြေပြု ကလေးသူငယ် ပြုစုစောင့်ရှောက်ရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ မိဘများနှင့် ရပ်ရွာလူထုသို့အသိပညာပေးခြင်း၊ ကလေးပြုစုစောင့်ရှောက်သူများအား စွမ်းဆောင်ရည် မြှင့်တင်ပေးခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ၊ သင်တန်းများ ပူးပေါင်းကျင်းပခြင်းတို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။

ရပ်ရွာအခြေပြုလုပ်ငန်းများ

လူမှုဝန်ထမ်းဦးစီးဌာနသည် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းတစ်ရပ်ဖြစ်သည့် မိခင်ဝိုင်းများ ဖွင့်လှစ်ခြင်းလုပ်ငန်းကို ၂၀၀၇ ခုနှစ်မှ စတင် ဆောင်ရွက်ခဲ့ပြီး  တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်နှင့် မြို့နယ်များရှိ အသက်(၆)လမှ (၃)နှစ်အရွယ် ကလေးငယ်များအတွက် မိခင်ဝိုင်းများ ဖွင့်လှစ်ပေးခြင်း၊ ရပ်ရွာအတွင်းရှိ ရပ်ရွာပံ့ပိုးမှု ကော်မတီဝင် များအား မိခင်ဝိုင်းများ ဖွင့်လှစ်နိုင်ရန် သင်တန်းများပေးခြင်းနှင့် မိခင်ဝိုင်းများအတွက် ပံ့ပိုးပစ္စည်း ထောက်ပံ့ပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။ ၂၀၁၇ ခုနှစ်မှ စတင်၍ ရပ်ရွာအခြေပြု လုပ်ငန်းအဖြစ် တိုင်းဒေသကြီး/ ပြည်နယ်များအတွင်း မူလတန်းကြိုကျောင်းများ ဖွင့်လှစ်နိုင်ခြင်း မရှိသော ရပ်ကွက်၊ ကျေးရွာများရှိ မြို့နယ် (၂၇) မြို့နယ်တွင် တစ်မြို့နယ်လျှင် မိခင်ဝိုင်း (၁၀)ဝိုင်း နှုန်းဖြင့်  စတင်တိုးချဲ့ဖွင့်လှစ်ခဲ့ပြီး ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ်အတွင်း တိုင်းဒေသကြီး/ ပြည်နယ် /ခရိုင်များအတွင်းရှိ မြို့နယ် (၄၄) မြို့နယ်တွင် မိခင်ဝိုင်းပေါင်း (၁၂၀၀)ဝိုင်းထိ တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ ပါသည်။

အာရှ-ပစိဖိတ်ဒေသ သက်ကြီးရွယ်အိုစောင့်ရှောက်ရေးဆိုင်ရာညီလာခံ

         မြန်မာနိုင်ငံသည် အာဆီယံ-ကိုရီးယား အိမ်တိုင်ရာရောက် သက်ကြီးရွယ်အို စောင့်ရှောက် ရေးအစီအစဉ်ကို ဆောင်ရွက်လျက် ရှိသဖြင့် ၂၀၁၀ခုနှစ် သြစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့တွင် ကျင်းပ ပြုလုပ်သော ညီလာခံတွင် Help Age International မှ ၂၀၁၂ခုနှစ်တွင် မြန်မာနိုင်ငံ၌ အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပပြုလုပ်ရန် အဆိုပြု တင်ပြခဲ့ပါသည်။ ယင်း တင်ပြချက်အရ ပြည်ထောင်စု ဝန်ကြီးရုံးမှ တဆင့် နိုင်ငံတော် သမ္မတရုံးသို့ အဆင့်ဆင့် တင်ပြခဲ့ရာ နိုင်ငံတော် သမ္မတရုံးမှ ခွင့်ပြုခဲ့သဖြင့် ရန်ကုန်မြို့၊ ဆီဒိုနား ဟိုတယ်တွင် မေလ (၇) ရက်မှ  (၁၂) ရက်နေ့အထိ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါသည်။ ညီလာခံသို့ မြန်မာနိုင်ငံ အပါအဝင် အာရှ-ပစိဖိတ် ဒေသတွင်း နိုင်ငံ(၂၈)နိုင်ငံမှ သက်ကြီးရွယ်အို စောင့်ရှောက်ရေး လုပ်ငန်း ဆောင်ရွက် နေသည့် ကိုယ်စားလှယ် များ၊ ကျွမ်းကျင် ပညာရှင်များ နှင့်သက်ကြီး ရွယ်အို စုစုပေါင်း (၁၂၀)ကျော် တက်ရောက် ခဲ့ကြပါသည်။

အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ကျင်းပခြင်း

 ကုလသမဂ္ဂအထွေထွေညီလာခံ၏ (၅၂)ကြိမ်မြောက်ညီလာခံမှ အတည်ပြု ဆုံးဖြတ်ချက် နှင့်  (၃၅) ကြိမ်မြောက် လူမှုဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကော်မရှင်တို့၏  ထောက်ခံချက်များအရ ကုလသမဂ္ဂ စီးပွားရေးနှင့် လူမှုရေးကောင်စီသည် ၁၉၉၇ခုနှစ်၊ ဇူလိုင်လ(၂၁) ရက်နေ့တွင် ဆုံးဖြတ် ချက် အမှတ် ၁၉၉၇/၁၈ဖြင့် “International Year of Older Persons: towards a society for all ages” “သက်ရွယ်စုံညီလူ့ဘောင်ဆီသို့” ဟူသောဆောင်ပုဒ်ဖြင့် ၁၉၉၉ ခုနှစ်ကို အပြည်ပြည် ဆိုင်ရာ သက်ကြီးရွယ်အိုများနှစ်နှင့် နှစ်စဉ်အောက်တိုဘာလ(၁)ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ သက်ကြီး ရွယ်အိုများနေ့အဖြစ် သတ်မှတ်ခဲ့ပါသည်။

ရိပ်သာအခြေပြုသက်ကြီးရွယ်အိုစောင့်ရှောက်ရေးလုပ်ငန်း

    မြန်မာနိုင်ငံသည် မိသားစု စုပေါင်း နေထိုင်သည့် စနစ်ကို ရှေးနှစ်ပေါင်း များစွာကတည်းက လိုက်နာ ကျင့်သုံးခဲ့သည့် နိုင်ငံဖြစ်ပါသည်။ ဘိုးဘွားရိပ်သာ ထူထောင်ပြီး ခိုကိုးရာမဲ့ သက်ကြီးရွယ်အို စောင့်ရှောက်ရေး လုပ်ငန်းကို ၁၉၁၅ခုနှစ်တွင် ပိုးကုန်သည် ဒေါ်ဦးဇွန်းမှ စစ်ကိုင်းမြို့တွင် မင်းကွန်း ဘိုးဘွားရိပ်သာ စတင် တည်ထောင်ပြီး ဆောင်ရွက် ခဲ့ပါသည်။ လက်ရှိတွင် တစ်နိုင်ငံလုံး၌ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများမှ တည်ထောင်သော ဘိုးဘွားရိပ်သာ ပေါင်း (၇၀)ကျော် ရှိပြီး ဘိုးဘွားပေါင်း (၃၀၀၀)ကျော်ကို စောင့်ရှောက် ပေးလျှက် ရှိပါသည်။
လူမှုဝန်ထမ်းဦးစီးဌာန အနေဖြင့် အသိအမှတ် ပြုရန် တင်ပြလာသော ဘိုးဘွား ရိပ်သာများကို စိစစ်၍ အသိအမှတ်ပြုကာ အဆင့်(၃)ဆင့် ခွဲ၍ အောက်ပါအတိုင်း နှစ်စဉ် ထောက်ပံ့ ပေးလျက်ရှိပါသည်။