နေပြည်တော်၊၂၀၁၇၊ဒီဇင်ဘာ ၂၇ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ်အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ၏၆/၂၀၁၇လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာလ (၂၆)ရက်နေ့(၁၄း၀၀)နာရီက လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ တွင် ကျင်းပရာ ၊ရခိုင်ပြည်နယ် ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီဥက္ကဌ လူမှှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အဖွင့်အမှာစကား ပြောကြားရာတွင်
နေပြည်တော်၊၂၀၁၇၊ဒီဇင်ဘာ ၂၇ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနသည်UNFPA၊သင်္ဂဟ Gender အဖွဲ့အစည်း များနှင့် ပူးပေါင်း၍ CEDAW NSPAW၊ GENDER အသိပညာပေး လုပ်ငန်းရပ်များနှင့် စပ်လျဉ်း၍ အကောင်အထည်ဖော် မှုအခြေအနေများကို (၅.၁၂.၂၀၁၇)ရက်နေ့တွင်ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနသိုလည်းကောင်း၊(၆.၁၂.၂၀၁၇)ရက်နေ့တွင်စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာနသို့လည်းကောင်း၊(၇.၁၁.၂၀၁၇)ရက်နေ့တွင်စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသို့လည်းကောင်း၊(၈.၁၂.၂၀၁၇)ရက်နေ့တွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနသို့လည်းကောင်း၊(၁၁.၁၂.၂၀၁၇)ရက်နေ့တွင်နယ်စပ်ရေးရာဝန်ကြီးဌာနသို့ လည်းကောင်း အသိပညာပေးလုပ်ငန်းအစီ အစဉ်များကို ဆောင်ရွက်ခဲ့ပါသည်။
ရခိုင်ပြည်နယ်၊၂၀၁၇၊ဒီဇင်ဘာ ၂၆ လူမှုဝန်ထမ်းဦးစီးဌာန၊ရခိုင်ပြည်နယ်၊စစ်တွေမြို့၊ကလေးပြုစုရေးဌာနတွင်ပြုစုစောင့်ရှောက်လျက်ရှိသော ကလေးငယ်များအား (၂၅.၁၂.၂၀၁၇) ရက်နေ့တွင် စစ်တွေမြို့ရှိ ကစားကွင်း၊ ပွိုင့်အပန်းဖြေစခန်းနှင့် စစ်တွေကမ်းခြေသို့ တာဝန်ရှိ ဝန်ထမ်းများလိုက်ပါ ကြီးကြပ်စောင့်ရှောက် ၍
နေပြည်တော်၂၀၁၇၊ဒီဇင်ဘာ ၂၆ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးစိုးအောင်သည်(၂၄၁၂၂၀၁၇)ရက်နေ့မွန်းလွဲပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ရှိ လူမှုဝန်ထမ်းဦးစီးဌာန၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းသို့ သွားရောက်ပြီး ကျေးလက် ဒေသဖွံ့ဖြိုးရေး ဦးစီးဌာနနှင့် ပူးပေါင်း ဖွင့်လှစ်သည့် အခြေခံစက်ချုပ်သင်တန်းအမှတ်စဉ် (၁/၂၀၁၇) သင်တန်း ဖွင့်လှစ်ပို့ချနေမှုများ ကိုကြည့်ရှုအားပေးကာ လိုအပ်သည် များ ပေါင်းစပ်ညှိနိုင်းပေးခဲ့ပါ သည်။ ထို့အပြင် ဒုတိယဝန်ကြီးက ဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်လျက်ရှိသော မိခင်ဝိုင်းများ အကြောင်းကိုလည်း သင်တန်းသူများကို ရှင်းလင်းပြောကြားခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊၂၀၁၇ ၊ဒီဇင်ဘာ ၂၆ လူမှုဝန်ထမ်းဦးစီးဌာန၊ ကလေးပြုစုရေးဌာန၊ ပုသိမ်မြို့တွင် ပြုစုစောင့် ရှောက်လျက်ရှိသော ကလေးများ ၏အားကစားပွဲအား(၂၅.၁၂.၂၀၁၇) ရက်နေ့၌ ယင်းဌာန တွင် ကျင်းပပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးမှ တိုင်းဒေသကြီးဦးစီးမှူး ၊ကျောင်းအုပ်နှင့် ဝန်ထမ်းများ တက်ရောက် အားပေခဲ့ပြီး
ရတနာမဉ္ဇူပရဟိတေဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်၊၂၀၁၇၊ဒီဇင်ဘာ ၂၆ လူမှုဝန်ထမ်းဦးစီးဌာန၊ဖျာပုံခရိုင်လူမှုဝန်ထမ်းရုံးမှခရိုင်ဦးစီးမှူးနှင့်အဖွဲ့သည်(၂၁.၁၂.၂၀၁၇)ရက်နေ့တွင်ဧရာဝတီတိုင်းဒေသကြီး၊ဘိုကလေးမြို့နယ်၊ ရုပ်ဆိုင်ကျေးရွာရှိရတနာမဉ္ဇူပရဟိတဂေဟာသို့သွားရောက်ကြည့်ရှုစစ်ဆေးခြင်း၊ဂဟာသို့သွားရောက်ကြည့်ရှုစစ်ဆေးခြင်း
ရန်ကုန်၊၂၀၁၇၊ဒီဇင်ဘာ ၂၆ ပြဿနာဖြစ်ပွားနေသည့်လူမှုအသိုင်းအဝိုင်းတွင်လူမှုဝန်ထမ်းလုပ်ငန်းများဆောင်ရွက်ခြင်းဆိုင်ရာဒုတိယအကြိမ်သင်တန်းဖွင့်ပွဲကို(၂၅.၁၂.၂၀၁၇) ရက်နေ့၊ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်း မြို့နယ်ရှိ လူမှုဝန်ထမ်းအတတ်သင်သိပ္ပံကျောင်းတွင် ကျင်းပပြုလုပ်ရာ UEHRD ဒုတိယဥက္ကဌ၊လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးတက်ရောက် အမှာစကားပြောကြားပါသည်။

နေပြည်တော် ၊၂၀၁၇၊ဒီဇင်ဘာ ၂၆          လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည်လွှတ်တော်ကိုယ်စား လှယ်များ၊ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ(၂၄.၁၂.၂၀၁၇)ရက်နေ့၊နံနက် ပိုင်းကပဲခူးတိုင်း ဒေသကြီးကျောက်တံခါးမြို့နယ်ခန်းမ၌ ဒေသခံပြည်သူလူထုနှင့် တွေ့ဆုံခဲ့ပါသည်။

ရခိုင်ပြည်နယ်၊၂၀၁၇၊ ဒီဇင်ဘာ ၂၆ လူမှုဝန်ထမ်းဦးစီးဌာန၊ကျောက်ဖြူခရိုင်လူမှုဝန်ထမ်းရုံးမှကြီးမှူး၍ရခိုင်ပြည်နယ်သံတွဲခရိုင်၊သံတွဲမြို့နယ်နွားစားပြင်(ခြံပြင်)ကျေးရွာတွင် ရပ်ရွာ အခြေ ပြုအခြေခံ စက်ချုပ် သင်တန်းဆင်းပွဲ အခမ်းအနားအား (၂၃.၁၂.၂၀၁၇) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ ခရိုင်ဦးစီးမှူးမှ သင်တန်းဆင်းအမှာ စကားပြော ြ ကားခဲ့ပြီး သင်တန်းဆင်း လက်မှတ် ချီးမြှင်ခဲ့ပါသည်။
ရခိုင်ပြည်နယ်၊ ၂၁.၁၂.၂၀၁၇ ရခိုင်ပြည်နယ်လူမှုဝန်ထမ်းရုံးမှ ဦးစီးအရာရှိ ဒေါ်စိမ်းလဲ့ရည်နှင့် စစ်တွေမူလတန်းကြိုကျောင်း ကျောင်းအုပ် ဒေါ်ထွေးထွေးရီတို့မှ စစ်တွေမြို့နယ်အတွင်းတွင် ဖွင့်လှစ်ထားသော နာရီကန်ကျေးရွာရှိ မိခင်ဝိုင်း(၂)ဝိုင်း၊ ဆတ်ရိုးကျရပ်ကွက်(၁)ရှိ မိခင်ဝိုင်း(၂)ဝိုင်းနှင့် ဆတ်ရိုးကျရပ်ကွက်(၂)ရှိ မိခင်ဝိုင်း (၁)ဝိုင်း စုစုပေါင်း (၅)ဝိုင်းတို့အား (၂၀.၁၂.၂၀၁၇)ရက်နေ့တွင် ကွင်းဆင်းသွားရောက်ခဲ့ပြီး မိခင်ဝိုင်း များရှိ ကလေးများအား ပြုစုစောင့်ရှောက်နေမှု အခြေအနေများ၊ ကလေးများအား ကျွေးမွေးမှုအခြေအနေများနှင့် ကလေးများဖွံ့ဖြိုးတိုးတက်လာမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ကလေးများ အား နေ့လည်စာနှင့် ဖြည့်စွက်စာအာဟာရ နေ့စဉ်ကျွေးမွေးနိုင်ရန်အတွက် ဦးစီးဌာနရန်ပုံငွေမှ ခွဲဝေချထားသော ကလေးဦးရေအလိုက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။