၂၀၁၆ခုနှစ်၊ သြဂုတ်လ (၂၂) ရက် -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့နံနက်ပိုင်းတွင် မွန်ပြည်နယ် ဘီးလင်းမြို့သို့ရောက်ရှိပြီး ဘီးလင်းမြစ် ရေကြီးရေလျှံမှုများ နှစ်စဉ်ကြုံတွေ့နေရခြင်းကြောင့် ယခုနှစ်အတွင်း ဘီးလင်းမြစ်အတွင်း ရေစီးရေလာကောင်းစေရန် သဲသောင်များ တူးဖော်ထားရှိသဖြင့် ဘီးလင်းမြို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်မှုမရှိသေးကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး၏ ရှင်းလင်တင်ပြချက်အရ သိရှိရပါသည်။

      (၁၉.၈.၂၀၁၆)ရက်နေ့ မနက်(၁၀း၀၀)နာရီ စစ်တွေမူလတန်းကြိုကျောင်း အစည်းအဝေးခန်းမတွင် ရခိုင်ပြည်နယ်အဆင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ၏ ၂/၂၀၁၆ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကျင်းပခဲ့၊ ပြည်နယ်CRC ဥက္ကဌ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာမှ အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်လူမှုဝန်ထမ်းဦးစီးမှူး ဦးသက်လှိုင်ထွန်းမှ ကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများအား ဆွေးနွေးတင်ပြပြီး တက်ရောက်လာသော ဌာနဆိုင်ရာများ UN , INGO များမှ ကိုယ်စားလှယ်များက အထွေထွေဆွေးနွေး တင်ပြလာပါသည်။

      ရခိုင်ပြည်နယ်အဆင့် လူငယ်မူဝါဒရေးဆွဲနိုင်ရေး ဖိုရမ်များကျင်းပနိုင်ရေးနှင့် လူငယ်ကိုယ်စားလှယ်များ ရွေးချယ်နိုင်ရန်အတွက် ပြည်နယ်လူမှုဝန်ထမ်းရုံးမှ ဦးဆောင်၍ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ လူငယ်ကိုယ်စားလှယ်များ၊ တက္ကသိုလ်ကောလိပ်များမှ ပါမောက္ခများ၊ ကျောင်းသားလူငယ်ကိုယ်စားလှယ်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ( ၁၇ . ၈ . ၂၀၁၆) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

နေပြည်တော်၊ သြဂုတ်လ (၁၅) ရက် -

      မြန်မာနိုင်ငံအတွင်း ဖြစ်ပွားလျက်ရှိသော ရေဘေးသင့်ပြည်သူများအတွက် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ဝန်ထမ်းမိသားစုများမှ လှူဒါန်းငွေကျပ်(၈၇၅၀၀၀၀ိ/-)အား အမြဲတမ်းအတွင်းဝန် ဦးထွန်းထွန်းနိုင်မှလည်းကောင်း၊ ဝန်ကြီးဌာနအမျိုးသမီးရေးရာအဖွဲ့မှ လှူဒါန်းငွေကျပ် (၅)သိန်းနှင့် ဝန်ကြီးဌာနမိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းခွဲမှ လှူဒါန်းငွေကျပ်(၅)သိန်း စုစုပေါင်းလှူဒါန်းငွေကျပ်(၁၀)သိန်းအား ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန္ဒာဦးတို့မှ ယနေ့ညနေပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနသို့ လာရောက်ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးမှ လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

၁။ မိုးရွာသွန်းမှုများပြီး မြစ်ရေလျှံတက်မှုများကြောင့် ရန်ကုန်တိုင်းဒေသကြီး၊ မြို့နယ်အချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိရာ ၂၀၁၆ခုနှစ်၊ သြဂုတ်လ(၁၄)ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဥက္ကံမြို့ရှိ၊ မြသက်သာဘုန်းတော်ကြီးကျောင်းတွင် ယာယီဖွင့်လှစ်ထားရှိသော ရေဘေးရှောင်စခန်းသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ဝန်ကြီးဌာနတာဝန်ရှိသူများ လိုက်ပါလျက် ရောက်ရှိကြပါသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ဥက္ကံမြို့ ဝန်းကျင် ဒေသတစ်ဝိုက်တွင် လှိုင်မြစ်ရေစတင် လျော့နည်းလာပြီ ဖြစ်သော်လည်း ပြန်လည်အခြေချနေနိုင်ရန်အတွက် ရက်အနည်းငယ် လိုအပ်နေသဖြင့် ထောက်ပံ့မှုများ ဆက်လက်ဆောင်ရွက် ပေးမည်ဖြစ်ကြောင်း၊ ရေဘေးရှောင်စခန်းများသို့ မလာရောက်ဘဲ ကျေးရွာများတွင် ကျန်ရှိနေခဲ့သည့် ပြည်သူများအတွက်လည်း ထောက်ပံ့မှုများ စနစ်တကျရောက်ရှိရေးနှင့် ထောက်ပံ့မှုများကို မျှမျှတတရရှိနိုင်ရေးအတွက် တာဝန်ရှိသူများနှင့် ညှိနှိုင်းပေးခဲ့ပါသည်။ ထို့နောက် ရေဘေးရှောင်ပြည်သူများအတွက် ထပ်မံထောက်ပံ့ငွေ (၅၃၂၇၇၀၀ိ/_)ကျပ်နှင့် ထပ်မံပြောင်းရွှေ့ရောက်ရှိလာသော ရေဘေးရှောင်မိသားစု(၇၉)စုအတွက် Family Kit များကိုထောက်ပံ့ပေးအပ်ခဲ့ပါသည်။

နေပြည်တော်၊ သြဂုတ်လ (၁၀) ရက် -

      လူငယ်များသည် နိုင်ငံ၏အနာဂတ်ကို လက်ဆင့်ကမ်း တာဝန်ယူကြရမည်ဖြစ်ရာ လူငယ်များ ကျန်းမာ ကြံ့ခိုင်ခြင်း၊ ဉာဏ်ပညာထက်မြတ်ခြင်း၊ စာရိတ္တကောင်းမွန်ခြင်းနှင့် ဆန်းသစ်တီထွင်နိုင်ခြင်းစသည့် အရည်အချင်းများနှင့်ပြည့်စုံပြီး လူငယ်တို့၏အခွင့်အရေး ရပိုင်ခွင့်များကို ထုတ်ဖော်တင်ပြခွင့် ရနိုင်ရေးနှင့် နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများတွင် စနစ်တကျပါဝင်နိုင်ရေးအတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ လူငယ်မူဝါဒတစ်ရပ် ပေါ်ပေါက်ရေးသည် အရေးကြီးပါကြောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ လူငယ်တွေ့ဆုံပွဲ ရလဒ်များကို အသိပေးဆွေးနွေးခြင်း၊ အခမ်းအနားကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတွင် ယနေ့နံနက်က ကျင်းပရာ၌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားခဲ့ပါသည်။

၁။ နိုင်ငံအဝှမ်းမိုးများပြီး မြစ်ရေလျှံတက်မှု ဖြစ်ပေါ်လျက်ရှိရာ ၂၀၁၆ ခုနှစ်၊ သြဂုတ်လ(၈)ရက်နေ့တွင် ပန်းလှိုင်မြစ်ရေသည် ညောင်တုန်းမြို့နှင့် ပတ်ဝန်းကျင်ဒေသများသို့ စိုးရိမ်ရေမှတ်ကျော်လွန်ပြီး မြစ်ရေလျှံတက်လျက် ရှိပါသည်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ညောင်တုန်းမြို့သို့ ရောက်ရှိရာ ယာယီဖွင့်လှစ်ထားရှိထားသော ရေဘေးစီမံခန့်ခွဲမှု ကွပ်ကဲရေးရုံးသို့ သွား‌ရောက်ပြီး နယ်မြေခံ လူမှုအဖွဲ့အစည်းများ၊ ဧရာဝတီဖောင်ဒေးရှင်း၊ ဝေဠုကျော်ဖောင်ဒေးရှင်း၊ အရေးပေါ်ကယ်ဆယ်ရေးနှင့် လူမှုအထောက်အကူပြု ဖွံ့ဖြိုးရေးအသင်း၊ အခြားလူမှုရေး အဖွဲ့အစည်းများနှင့် တွေ့ဆုံပြီး ဆက်လက်ဆောင်ရွက်မည့် ရေဘေးကယ်ဆယ်ရေး လုပ်ငန်းများကို ညှိနှိုင်း၍ ဆက်သွယ်ရေးခက်ခဲသော ဝေးလံသည့် ရေနစ်မြှပ် ကျေးရွာများသို့ ထောက်ပံ့ပစ္စည်းများ လက်ဝယ်ရောက်ရှိရေး ထောက်ပံ့ပေးရာ၌ မကျန်အောင် မထပ်အောင် အချင်းချင်းပူးပေါင်းဆောင်ရွက်မှုကို လက်တွေ့အကောင်အထည်ဖော်ခဲ့ပါသည်။ ဆက်လက်၍ ကျောင်းကြီးကျောင်း ဘုန်းတော်ကြီးကျောင်းတွင် ဖွင့်လှစ်ထားရှိသော ယာယီရေဘေးရှောင်စခန်းသို့ ရောက်ရှိပြီး ပြည်သူများနှင့် တွေ့ဆုံကာ ကာလတန်ဖိုး ကျပ်သိန်း(၄၀)တန်ဖိုးရှိသော ဆန်၊ ငါးသေတ္တာ၊ ရေသန့်ဆေးပြား၊ ရေသန့်၊ တာ‌ပေါ်လင်လိပ်၊ စားသုံးဆီများကို လူမှုအဖွဲ့အစည်းများနှင့်အတူ ထောက်ပံ့ပြီး အားပေးစကား ပြောကြားခဲ့ပါသည်။

၁။ ပြည်သူအားလုံး လွတ်လပ်လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်ရေးကို ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိရာတွင် အစိုးရအဖွဲ့တစ်ဖွဲ့တည်းက ဆောင်ရွက်နေခြင်းထက် လူမှုရေးအဖွဲ့အစည်းများ၊ ဖောင်ဒေးရှင်းများကပါ စနစ်တကျ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းဖြင့် ပြည်သူများတိုက်ရိုက်အကျိုးခံစားမှု ပိုမိုရရှိမည်ဖြစ်ကြောင်း ယနေ့နံနံက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ Hotel Mandalay ၌ ကျင်းပပြုလုပ်သည့် အထက်မြန်မာပြည်ရှိ လူမှုရေးအဖွဲ့အစည်းများ၊ ဖောင်ဒေးရှင်းများနှင့် တွေ့ဆုံဆွေးနွေးပွဲတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးမှ ပြောကြားခဲ့ပါသည်။

နေပြည်တော်၊ သြဂုတ် (၅) ရက် -

      မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်းဒေသကြီးများရှိ မြို့နယ်အချို့တွင် လတ်တလောဖြစ်ပွားနေသည့် ရေကြီးနစ်မြုပ်မှုများကြောင့် ဘေးဒုက္ခကြုံတွေ့နေရသော ရေဘေးသင့် ပြည်သူများအတွက် ကူညီကယ်ဆယ် ထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အစိုးရတစ်ဖွဲ့တည်း ဆောင်ရွက်ခြင်းထက် အရပ်ဘက် လူမှုရေးအဖွဲ့အစည်းများနှင့်အတူ ပူးပေါင်းဆောင်ရွက်ခြင်းက ပြည်သူကို ပိုမို၍ စနစ်တကျ တိုက်ရိုက်အကျိုးပြုနိုင်မှာဖြစ်ကြောင်း (၅.၈.၂၀၁၆) ရက်နေ့ မွန်းလွဲပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် အရပ်ဘက် လူမှုရေးအဖွဲ့အစည်းများနှင့် ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားခဲ့ပါသည်။

      လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာရေးနှစ်အတွင်း (၃)မြွှာပူးမွေးဖွားသော မိခင်များအား မိခင်နှင့်ကလေးများအတွက် ထောက်ပံ့ကြေးများ ပေးအပ်လျက်ရှိရာ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်မှ ဂူဝကျေးရွာ၊ရွာဟောင်းရပ်ကွက်နေ ဒေါ်အေးမေနှင့် စံပြရပ်ကွက်၊ မြို့ပတ်လမ်းနေ ဒေါ်ယိုင်နုတို့အား တစ်ဦးလျှင် ငွေကျပ် ( ၅၀၀၀၀၀ိ/- ) စီ စုစုပေါင်းငွေကျပ် (၁၀၀၀၀၀၀ိ/-) အား ( ၄-၈-၂၀၁၆) ရက်နေ့တွင် ရခိုင်ပြည်နယ် လူမှုဝန်ထမ်းဦးစီးမှူးမှ သွားရောက်ထောက်ပံ့ပေးနိုင်ခဲ့ပါသည်။