နေပြည်တော်၊ ဇန်နဝါရီ (၁၉) ရက် -

        ပထမအကြိမ်၊ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်ကို နေပြည်တော် MICC  တွင် မွန်းလွဲ ၃း၃၀ အချိန်၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ဆွေးနွေးပွဲတွင် Social Welfare Disaster Risk Reduction ခေါင်းစဉ်ဖြင့် လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ထွန်းခိုင်က သဘာပတိ အဖြစ် ဆောင်ရွက်ပြီး

နေပြည်တော်၊ ဇန်နဝါရီ (၂၅)ရက် -

    လူမှုဝန်ထမ်းဦးစီးဌာ ညွှန်ကြားရေးမှူးချုပ်၏ ဇနီး မြန်မာနိုင်ငံအမျိုးသမီးရေးရာ အဖွဲ့ချုပ် လုပ်ငန်းအဖွဲ့ခွဲ ခေါင်းဆာင်ဒေါ်သွဲ့သွဲ့ဝင်း ဦးဆောင်၍ လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများနှင့် အရာထမ်း၊ အမှုထမ်းများ၏ ဇနီးများ လိုက်ပါ၍ ယနေ့မွန်းလွဲ(၁)နာရီ အချိန်တွင် နေပြည်တော် ခရိုင်၊ ဇမ္ဗူသီရိမြို့နယ် အတွင်းရှိ ဦးစီးဌာနအောက်ရှိ  မူလတန်းကြိုကျောင်းများ ဖြစ်သော ရင်သွေးရတနာမူကြို၊ တော်ဝင်ရတနာမူကြို၊ နန်းထိုက်ရတနာမူကြိုကျောင်းများရှိ ကလေးများအား အာဟာရသွားရောက် ကျွေးမွေးပြီး ဗလသိဒ္ဓိရပ်ကွက်အတွင်းရှိ အသက် (၉၀)နှစ်အထက် ဘိုးဘွားများအား အိမ်တိုင်ရာရောက် သက်ကြီးရွယ်အို စောင့်ရှောက်ရေး လုပ်ငန်းနှင့်အညီ အလှူငွေနှင့် ဆေးဝါးများ လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

နေပြည်တော်၊ ဒီဇင်ဘာ(၁၅)ရက် -

            တနင်္သာရီတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ခြင်း အမှတ်စဉ် (၁/၂၀၁၃)ဖွင့်ပွဲနှင့် ထောက်ပံ့ငွေ ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခွဲတွင် ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်က ပြည်သူများ သဘာဝဘေးဆိုင်ရာ အသိပညာ ဗဟုသုတများ တိုးပွားပြီး ဘေးဒဏ်ခုခံ ကာကွယ် နိုင်စွမ်းသော လူမှုအသိုက်အဝန်း ဖြစ်ပေါ်လာစေရန်အတွက် သဘာ၀ ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဆိုင်ရာ စွမ်းရည် မြှင့်တင်ခြင်း သင်တန်းများကို တိုင်းဒေသကြီး/ ပြည်နယ်များမှာ နှစ်စဉ် အလှည့်ကျ ဖွင့်လှစ်ပေးလျက်ရှိကြောင်း၊

နေပြည်တော်၊ ဇန်နဝါရီ (၂၁) ရက် -

     ကလေးသူငယ်များသည် အနာဂတ်နိုင်ငံတော်၏ အဓိက အရင်းအမြစ်များ ဖြစ်သည့်အတွက် ကလေးသူငယ် ဖွံ့ဖြိုးရေးနှင့် ပက်သက်ပြီး ရှေးဦးကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဥပဒေကို ပြဋ္ဌာန်းနိုင်ဖို့ရန် အတွက် ဆောင်ရွက်လျှက် ရှိပါကြောင်း၊ သည့်ပြင် မြန်မာနိုင်ငံ ရှေးဦးကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဥပဒေကိုလည်း ရေးဆွဲလျှက် ရှိပါကြောင်း။

နေပြည်တော်၊ ဇန်နဝါရီ (၂၄)ရက် -

              ကမ္ဘာပေါ်တွင် မသန်စွမ်းသူ စုစုေပေါင်း သန်း ၁၀၅၀ ရှိပြီး ကမ္ဘာ့လူဦးရေ စုစုပေါင်း၏ ၁၅ ရာခိုင်နှုန်း ရှိကြောင်း၊ မသန်စွမ်းသူများပေါ် ထားရှိခဲ့သည့် မသင့်လျော်သော ခံယူချက်၊ အယူအဆဟောင်းများကို ဖယ်ရှားပေးပြီး အမြင်သစ်ဖြင့် ရှုမြင်ပေးကြရန်နှင့် မသန်စွမ်းသူများနှင့် ပတ်သက်သည့် အရေးကိစ္စရပ်များကို လူ့အဖွဲ့အစည်း တစ်ရပ်လုံးနှင့် သက်ဆိုင်သည့် ကိစ္စတစ်ရပ် အဖြစ်လက်ခံဆောင်ရွက် ပေးကြရန် အထူးလိုအပ်ကြောင်း။

နေပြည်တော်၊ ဇန်နဝါရီ (၂၁) ရက် -

        လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်အား ယနေ့နံနက် ၈ နာရီခွဲတွင် UNFPA မှ ဌာနေကိုယ်စားလှယ် Mr. Mohamad Abdet-Ahad နှင့် အဖွဲ့သည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဝန်ကြီးရုံးရှိ မေခလာ ခန်းမတွင် လာရောက်တွေ့ဆုံရာ ထိုသို့ တွေ့ဆုံရာ၌ လူမှုရေး ဒုက္ခ ခံစားနေရသော သူများနှင့် သဘာဝဘေးကြောင့် ဖြစ်စေသော ပြည်သူများကို အကူအညီပေးရေးနှင့် လတ်တလော ဖြစ်ပေါ်နေသော လူမှုအခက်အခဲများနှင့် လူမှုရေးလုပ်ငန်း များကို အကူအညီပေးရန် တို့ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

နေပြည်တော်၊ ဒီဇင်ဘာလ (၃) ရက် -

    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက အဖွင့်အမှာ စကားပြောကြားရာတွင် မြန်မာနိုင်ငံသည် ဗြဟ္မစိုရ်တရားလေးပါးကို လက်ကိုင်ထားပြီး တရားမျှတခြင်၊ လွတ်လပ်ခြင်း၊ ညီမျှခြင်း တည်းဟူသော လောကပါလတရားများ ပိုမိုထွန်းကားလာအောင် ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၃၂(က)တွင် '' နိုင်ငံတော်က မသန်စွမ်းသူများကို ကြည့်ရှုစောင့်ရှောက် ရမည်'' ဟု ပြဋ္ဌာန်းထားပြီး ဖြစ်သကဲ့သို့ ၂၀၁၁  ခုနှစ်၊ ဒီဇင်ဘာလ(၇)ရက်က ကုလသမဂ္ဂ မသန်စွမ်းသူ အခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ်တွင် လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်ပါကြောင်း၊ '' နှစ်စဉ် ဒီဇင်ဘာလ (၃) ရက်နေ့ကို 
အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့'' ဟု ကုလသမဂ္ဂ အဖွဲ့ကြီးက ဂုဏ်ပြုသတ်မှတ်ထားပါကြောင်း၊ ကုလသမဂ္ဂအဖွဲ့ဝင် မြန်မာနိုင်ငံ အနေဖြင့် မသန်စွမ်းသူများအား သန်စွမ်းသူများနည်းတူ အခွင့်အရေး ရရှိစေရန်၊ ဂုဏ်သိက္ခာနှင့် စိတ်ဓါတ်အင်အားများ မြင့်မားလာစေရန် ရည်ရွယ်ပြီး ၁၉၉၄ ခုနှစ်မှစ၍ နှစ်စဉ် ဒီဇင်ဘာလ(၃) ရက်နေ့ ရောက်တိုင်း ယခုကဲ့သို့ အခမ်းအနားမျိုး ဂုဏ်ပြုကျင်းပခဲ့သည်မှာ ၁၉ နှစ်ရှိပြီ ဖြစ်ပါကြောင်း။

နေပြည်တော်၊ ဒီဇင်ဘာလ(၄)ရက် -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန အနေဖြင့် လူမှုဝန်ထမ်း လုပ်ငန်းများကို အကောင်အထည် ဖော်ဆောင်ရွက်လျက် ရှိရာမှာ ကလေးသူငယ် စောင့်ရှောက်ရေး လုပ်ငန်းဟာ အလွန်အခြေခံ ကျတဲ့အပြင် လူ့စွမ်းအားအရင်းအမြစ်ရဲ့ အခြေခံဖြစ်တဲ့ ကလေးတွေရဲ့ ဘဝတစ်သက်တာ တစ်လျှောက် အခြေခံကောင်းလေးများ ရရှိဘို့ ပုံသွင်းတဲ့နေရာမှာ အလွန်နူးညံ့စွာ သတိထားကိုင်တွယ်ရတဲ့ လုပ်ငန်းဖြစ်တဲ့အတွက် အဓိကဦးစားပေး လုပ်ငန်းတစ်ရပ်အဖြစ် ဆောင်ရွက်လျက် ရှိကြောင်း၊ ASEAN Child Focal Department ဖြစ်တာနဲ့အညီ ကလေးသူငယ် ကာကွယ် စောင့်ရှောက်ရေးနှင့် ကလေးသူငယ် ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ အထူးအာရုံစိုက်ပြီး ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ မြန်မာနိုင်ငံ ကလေးသူငယ်များ ဆိုင်ရာ လုပ်ငန်း အစီအစဉ်ကို ရေးဆွဲပြီး ကလေးများအတွက်

နေပြည်တော်၊ ဒီဇင်ဘာလ( ၂) ရက် -

    ၂၀၁၂ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရွှေမင်းသား ဖောင်ဒေးရှင်း (မြန်မာ) ကစီစဉ်သည့် ရန်ကုန်-နေပြည်တော် - မန္တလေး - နေပြည်တော် 3 Wheel Chair (သုံးဘီး လက်တွန်းလှည်း) စွမ်းရည်ပြ ခရီးစဉ်တွင် ပါဝင်ဆင်နွဲသော မသန်စွမ်း အားကစားသမားများ ကြိုဆိုဂုဏ်ပြုပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီက နေပြည်တော်၊ သင်္ဂဟ ဟိုတယ်တွင် ကျင်းပသည်။

နေပြည်တော်၊ နိုဝင်ဘာ (၉)ရက် -

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြတ်မြတ်အုန်းခင်နှင့် တာဝန်ရှိသူများ လိုက်ပါ၍ နေပြည်တော် ဇဗ္ဗူသီရိမြို့နယ်အတွင်း လူမှုဝန်ထမ်း ဦးစီးဌာန အောက်ရှိ မူလတန်းကြိုကျောင်း များဖြစ်သော နန်းထိုက် ရတနာ မူလတန်းကြို ကျောင်း၊ တော်ဝင် ရတနာ မူလတန်းကြို ကျောင်းနှင့် ရင်သွေးရတနာ မူလတန်းကြိုကျောင်း တို့ကို ယနေ့ နံနက် ၁၀နာရီခွဲ အချိန်တွင် ပြည်ထောင်စု ဝန်ကြီးသည် သွားရောက် ကြည့်ရှု စစ်ဆေးရာ