ရန်ကုန်၊ အောက်တိုဘာလ (၁၈)ရက် -

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်သည် တာဝန်ရှိသူများ လိုက်ပါလျက် ၁၇-၁၀-၂၀၁၂ရက်နေ့ နေ့လည်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ သံလွင်လမ်းရှိ လူမှုဝန်ထမ်းဦးစီးဌာန အမျိုုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဌာနသို့ သွားရောက်စစ်ဆေးရာ အုပ်ချုပ်ရေးမှူးမှ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ကျောင်း၏ တစ်နေတာ ဆောင်ရွက်ချက်များကို ပရိုဂျက်တာဖြင့် ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးမှာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။

နေပြည်တော်၊ အောက်တိုဘာ ၁၁ -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်အား (၁၁.၁၀.၂၀၁၂) ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် အစ္စရေးနိုင်ငံ သံအမတ်ကြီး H.E.Mr.Hagay Moshe Behar သည် ဝန်ကြီးရုံး၏ မေခလာခန်းမတွင် လာရောက်တွေ့ဆုံရာ မိမိတို့ဌာနနှင့် အစ္စရေးနိုင်ငံအကြား လူမှုရေး စောင့်ရှောက်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်နေသည့် လုပ်ငန်းများ၊ လူမှုရေး လုပ်ငန်းများ၊ စွမ်းဆောင်ရည် မြှင့်တင်ရေးအတွက် တိုးမြှင့် ဆောင်ရွက်ရန် ကိစ္စများကို ရင်းနှှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြသည်။

နေပြည်တော်၊ အောက်တိုဘာ (၈) -

    လူမှုဝန်ထမ်းဦးစီးဌာန နှင့် Triangle Generation Humanitarian (Triangle GH-Myanmar) တို့၏ နားလည်မှုစာချွန်လွှာ လက်မှတ် ရေးထိုးပွဲ အခမ်းအနားကို (၅-၁၀-၂၀၁၂)ရက်နေ့မွန်းလွဲ ၁ နာရီက နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

နေပြည်တော်၊ စက်တင်ဘာ ၂၄ -

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်သည် စက်တင်ဘာလ ၂၁ရက်၊ နံနက်  ၉ နာရီအချိန်တွင်  မန္တလေးတိုင်း ဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန၊ အစည်းအဝေး ခန်းမတွင် လူမှုဝန်ထမ်း ဦးစီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနရှိ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ အကြောင်းအမျိုးမျိုးကြောင့် လူမှုရေးစောင့်ရှောက်မှု လိုအပ်လျက်ရှိသည့် ကလေးများ၊ လူငယ်များ၊ အမျိုးသမီးများအား၊ လူမှုဂရုဏာလုပ်ငန်းများနှင့် သက်ကြီးရွယ်အို စောင့်ရှောက်ရေး လုပ်ငန်းများကို ပြောင်းလဲလျက်ရှိသော ခေတ်စနစ်နှင့် လိုက်လျော ညီထွေမှုဖြစ်အောင် မဖြစ်မနေ ကြိုးစား ဆောင်ရွက်ရန် စေတနာဖြင့် ဆောင်ရွက်နေသော မိမိတို့၏ မွန်မြတ်သည့် လုပ်ငန်းတာဝန်များကို တစ်ဦးချင်းစီက မြင့်မြတ်သည့် စိတ်ဓာတ်ဖြင့် ကျေပွန်စွာ ဆောင်ရွက်ကြရန်၊ အရေးပေါ် သဘာဝဘေး အန္တရာယ်များအတွက် ချက်ချင်းတုန့်ပြန် ဆောင်ရွက်နိုင်ရန် ကြိုတင်ပြင်ဆင်ထားရန်၊ မီးဘေးကြိုတင် ကာကွယ်ရေး လုပ်ငန်းများကို ပြည်သူ လူထုအတွင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန် ပညာပေး လက်ကမ်းစာစောင်များ၊ ဟောပြောပွဲများ၊ သရုပ်ပြပွဲများ၊ ပြုလုပ်ဆောင်ရွက်သွားရန် လမ်းညွှန် မှာကြားခဲ့သည်။

နေပြည်တော်၊ စက်တင်ဘာလ (၂၁)ရက် -

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာန၊ အစည်း အဝေးခန်းမတွင် (၂၀.၉.၂၀၁၂)ရက်၊ နေ့လည် (၀၂း၀၀)နာရီ၊ အချိန်၌ ၂၀၁၂ခုနှစ်၊ အောက်တိုဘာလ၊ (၁)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့အခမ်းအနား အောင်မြင် စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား ကျင်းပခဲ့ပါသည်။

နေပြည်တော်၊ စက်တင်ဘာ (၁၈) -

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင်အား (၁၈-၉-၂၀၁၂) ရက်နေ့ မွန်းလွဲ (၁) နာရီ အချိန်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးရုံးရှိ မေခလာခန်းမတွင် ရွှေမင်းသား ဖောင်ဒေးရှင်း အမှုဆောင်အဖွဲ့မှ လာရောက်တွေ့ဆုံရာ ရွှေမင်းသား ဖောင်ဒေးရှင်း (မြန်မာ) ဥက္ကဌ ဦးမြတ်သူဝင်းမှ ရွှေမင်းသား ဖောင်ဒေးရှင်း၏ မသန်စွမ်းသူများ ဆိုင်ရာလုပ်ငန်း ဆောင်ရွက်မှုများအား ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက မသန်စွမ်း သူများဆိုင်ရာ လုပ်ငန်းများသည် ပြည်သူအားလုံး၊ ကဏ္ဍအားလုံးနှင့် ဆက်ဆပ်နေသည့် လုပ်ငန်းတစ်ခုဖြစ်သည့်အတွက် ဝန်ကြီးဌာနအနေဖြင့် မသန်စွမ်းအဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက်မှုများအား အစဉ်တစိုက် အားပေးဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

မြစ်ကြီးနား၊ ၁၇.၁၀.၂၀၁၈ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် Ms. Christine Burgener၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးစိုးအောင် နှင့်အဖွဲ့သည် ယမန်နေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အစိုးရအဖွဲ့ရုံး ဧည့်ခန်းမဆောင်၌ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၊ ရွှေ့ပြောင်းဒုက္ခသည်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။

နေပြည်တော်၊ စက်တင်ဘာ (၁၈) -

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင် အား Asia University For Women တည်ထောင်သူ Mr. Kamal Ahmed သည် စက်တင်ဘာ (၁၄)ရက်နေ့ နံနက် (၁၁)နာရီက နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ဝန်ကြီးရုံး မေခလာ ဧည့်ခန်းမသို့ လာရောက်တွေ့ဆုံ၍

ရန်ကုန်၊ စက်တင်ဘာ (၁၃) -

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဒေါ်စုစုလှိုင် သည်၊ စက်တင်ဘာလ (၁၃)ရက်နေ့ နံနက် ၉း၀၀ နာရီက ရန်ကုန်တိုင်း ဒေသကြီး၊ မရမ်းကုန်းမြို့နယ် အမှတ်(၆၅) ကျိုက်ဝိုင်းဘုရားလမ်းရှိ လူမှုဝန်ထမ်း အတတ်သင် သိပ္ပံကျောင်း အစည်းအဝေး ခန်းမတွင် လူမှုဝန်ထမ်း ဦးစီးဌာနအောက်ရှိ သင်တန်းကျောင်း၊ ဌာနများမှ ကျောင်းအုပ်၊ တာဝန်ခံများနှင့် တွေ့ဆုံသည်။

နေပြည်တော်၊ ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ(၃)ရက် -

          နေပြည်တော် ကောင်စီရုံးတွင် နေပြည်တော် ကောင်စီနယ်မြေ ကဏ္ဍအလိုက် ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော် ဆောင်ရွက်ရေး ရှင်းလင်းပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ(၁း၀၀)နာရီ အချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ နေပြည်တော် ကောင်စီဝင် ဦးသန်းဌေးမှ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဝန်ကြီးဌာန အသီးသီးက ကဏ္ဍအလိုက် ဒေသအလိုက် ရေတိုရေရှည် လုပ်ဆောင်သင့်သည့် လုပ်ငန်းစဉ်များ ချမှတ်ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန အောက်ရှိ လူမှုဝန်ထမ်း ဦးစီးဌာနရဲ့ ကဏ္ဍအလိုက် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်သင့်သည့် အချက်များကို ဆွေးနွေးဖော်ထုတ် ရမည့်ဒေသအဆင့် ဆွေးနွေးပွဲ ဖြစ်ပါသည်။