နေပြည်တော်၊ နိုဝင်ဘာလ( ၇ )ရက် -

    ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာ သဘောတူညီချက် ကွန်ဗင်းရှင်း CRC စာချုပ်ရဲ့ အနှစ်သာရ (၄)ခုဖြစ်တဲ့ အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ အကာအကွယ် ရရှိခွင့်နှင့် ပါဝင်ဆောင်ရွက်ခွင့် တို့ကိုရှေးရှုပြီး ဝန်ကြီးဌာနများ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ INGOs, NGOs များ ပူးပေါင်း ဆောင်ရွက်ပြီး ကလေးသူငယ် များ၏ မိုင်းအန္တရယ် ဖြစ်နိုင်ချေကို လျော့ချပေးခြင်းဖြင့် ၎င်းတို့၏ အသက်ရှင်သန်ခွင့်၊ မသန်စွမ်းဖြစ်မှု လျော့ချရေး၊ ပြည်သူလူထု အတွက် နည်းလမ်းကောင်းများ ရှာဖွေပြီး ကြိုးပမ်းအားထုတ် ရမှာဖြစ်ကြောင်း၊ နိုင်ငံတော်က ငြိမ်းချမ်းရေး ပန်းတိုင်ကို လျှောက်လှမ်းနိုင်ပြီးတဲ့ အချိန်မှာ ဒေသဖွံ့ဖြိုးရေး အတွက် မိုင်းအန္တရာယ် အသိပညာပေး လုပ်ငန်းများကို ဆောင်ရွက်ရမှာဖြစ်ပြီး မိုင်းအန္တရာယ်ကြောင့် ဒုက္ခရောက်သူများအား ထောက်ပံ့ခြင်း၊ မိုင်းရှာဖွေ ဖော်ထုတ်ခြင်း တို့ကို ဆောင်ရွက်ပြီး မိုင်းအန္တရာယ် အသိပညာပေး လုပ်ငန်းသည် အလွန်ပင် အရေးကြီးကြောင်း၊ ၂၀၁၂ ခုနှစ် ဇန်နဝါရီလ (၁၉)ရက်နေ့တွင် ကုလသမဂ္ဂ ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာ တတိယနှင့် စတုတ္ထ အကြိမ် အစီရင်ခံစာကို တင်သွင်းပြီး လူမှုဝန်ထမ်း ဦးစီးဌာနက ဦးဆောင်၍ သက်ဆိုင်ရာ အဖွဲ့အစည်း များနှင့် တိုင်းဒေသကြီး/ ပြည်နယ်များတွင် မိုင်းအန္တရာယ် အသိပညာပေး အလုပ်ရုံ ဆွေးနွေးပွဲများကို ပြုလုပ် ဆောင်ရွက်ခဲ့ရာတွင် Plan of Action များ ချမှတ်ပြီး အလုပ်ရုံ ဆွေးနွေးပွဲများ၏ ကိုယ်စားလှယ်များက မိမိတို့ ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက် ပြည်သူများအား အသိပညာနှင့် နည်းပညာများ၊ အတွေ့အကြုံများ မျှဝေပေးရမှာ ဖြစ်ကြောင်း၊ ယနေ့ နံနက် (၉)နာရီအချိန်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင်က ပြောကြားခဲ့သည်။

နေပြည်တော်၊ နိုဝင်ဘာလ( ၅ )ရက် -

    ၂၀၀၈-၂၀၀၉ခုနှစ်၊ စာရင်းဇယားများအရ မြန်မာနိုင်ငံ၏ လူဦးရေ ၅၈.၃၈သန်း ရှိသည့် အနက် ထက်ဝက်ကျော်သည် အမျိုးသမီးများဖြစ်ကြောင်း၊ ယင်းတို့အနက် အမျိုးသမီးများ အနေဖြင့် ကျန်းမာရေးကဏ္ဍတွင် ၆၃.၉၉%၊ ပညာရေးကဏ္ဍတွင် ၇၆.၆၄%နှင့် စီမံအုပ်ချုပ်မှု ကဏ္ဍတွင် ၅၀.၉၉%ရှိနေသည်ကို ထောက်ရှုခြင်းအားဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော် သစ်ကြီးကို တည်ဆောက်ရာတွင် အမျိုးသမီးများ၏ အရေးပါသည့် အခန်းကဏ္ဍကို တွေ့မြင်ကြရ မည်ဖြစ်ကြောင်း၊ အမျိုးသမီးများ၏ စွမ်းအားကို အလေးပေးပြီး အပြည့်အဝအသုံးပြုရန်နှင့် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်သည့် ဘေဂျင်းညီလာခံကြီးမှ ချမှတ်လိုက်သည့် လုပ်ငန်းများကို  နိုင်ငံတော်၏ မူဝါဒများနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်သွားရန်ဖြစ် ကြောင်းဖြင့် (၅.၁၁.၂၀၁၂)ရက်နေ့ နံနက် ၁၀နာရီတွင် ကျင်းပသည့် "အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြား ဆက်ဆံမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂ သဘောတူစာချုပ် အကောင်အထည်ဖော်ဆောင်ရွက်ရေး"ဖွင့်ပွဲအခမ်းအနား၌ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင်က ပြောကြားသည်။

နေပြည်တော်၊ အောက်တိုဘာ ( ၁ )ရက် -

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန် ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး  ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်က ယနေ့ နံနက် (၁၀) နာရီတွင် အဆိုပါဝန်ကြီးဌာန ဝန်ကြီးရုံး အစည်းအဝေး ခန်းမ၌ "သက်ရွယ်စုံညီ လူ့ဘောင်စီသို့" ဆိုသည့် ရည်ရွယ် ချက်ဖြင့် ကျင်းပသည့် ၂၀၁၂ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနား တွင် မြန်မာနိုင်ငံသည် ၁၉၁၅ ခုနှစ်မှစ၍ ဘိုးဘွား ရိပ်သာများ တည်ထောင်ပြီး သက်ကြီးရွယ်အို စောင့်ရှောက်မှုများကို စတင်ခဲ့ပါကြောင်း၊ သို့သော် ဘိုးဘွား ရိပ်သာများ တည်ထောင်ပြီး ပြုစုစောင့်ရှောက်သည့် စနစ်သည် အနာဂတ်တွင် သက်ကြီး ရွယ်အိုအများစု၏ ရေရှည်အကျိုးစီးပွားကို ပြည့်စုံအောင် မဖြည့်စွမ်းနိုင်သည့်အတွက် အိမ်တိုင်ရာရောက် သက်ကြီးရွယ်အို စောင့်ရှောက်ရေး စီမံကိန်းကို ၂၀၀၄ ခုနှစ်ကပင် နိုင်ငံတကာအစိုးရ မဟုတ်သော အဖွဲ့အစည်းများ၊ ပြည်တွင်းက လူမှုရေးအဖွဲ့အစည်း များနှင့် ပူးပေါင်းပြီး တိုင်းဒေသကြီး၊ ပြည်နယ်များရှိ မြို့နယ် ၁၅၄ မြို့နယ်တွင် အကောင် အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ သက်ကြီးရွယ်အို စောင့်ရှောက်ရေး အတွက် ပြည်သူလူထုအတွင်း မှန်ကန်သည့် အတွေးအခေါ် အယူအဆများ မိသားစု တစ်ဦးချင်းဆီမှ တစ်ရက်ကွက်လုံး တစ်မြို့နယ်လုံး၊ တစ်နိုင်ငံလုံး၊ တစ်ကမ္ဘာလုံးသို့ စိမ့်ဝင်ပြန်နှံရန် လိုအပ်ပါကြောင်း၊ ထို့အပြင် နိုင်ငံတစ်ဝန်းရှိ သက်ကြီးရွယ်အိုများ၏ ဘဝလိုအပ်ချက်များကို ပိုမိုတိုးတက် ဆောင်ရွက်နိုင်ရေးအတွက် သက်ကြီးရွယ်အို ဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက်မူကြမ်းကို ရေးဆွဲလျက် ရှိပါကြောင်းဖြင့် ပြောကြားသည်။

နေပြည်တော်၊ စက်တင်ဘာ (၂၇) -

    စက်တင်ဘာလ (၂၆)ရက်နေ့ မွန်းလွဲ ၁ နာရီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန စုပေါင်းခန်းမ၌ အမျိုးသားအဆင့် လုပ်ငန်း ကဏ္ဍဆွေးနွေးပွဲ ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်က မြန်မာနိုင်ငံ၏ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေးကို အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ဌာနဆိုင်ရာ အဖွဲ့အစည်းများတွင် တစ်ခု အပါအဝင် ဖြစ်သည့် လူမှုဝန်ထမ်းဦးစီးဌာန အနေဖြင့် ကလေးသူငယ် စောင့်ရှောက်ရေး၊

နေပြည်တော်၊ နိုဝင်ဘာ (၂၉)ရက် -

          လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြတ်မြတ်အုန်းခင်သည် တာဝန်ရှိသူများ လိုက်ပါလျက် နိုဝင်ဘာ (၂၇)ရက်နေ့ မွန်းလွဲပိုင်းတွင် ဧရာဝတီတိုင်း ဒေသကြီး၊ ဖျာပုံမြို့နယ် (၁၁) ရပ်ကွက်ရှိ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းသို့  ရောက်ရှိရာ ဖျာပုံခရိုင် မြို့နယ်အုပ်ချုပ်ရေးမှူး နှင့် တာဝန်ရှိသူများမှ ကြိုဆိုကြသည်။

          ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးမှ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းအား ကြည့်ရှု စစ်ဆေး၍ လက်ရှိကျောင်း၏ ကြံ့ခိုင်မှုကို စစ်ဆေးပေးရန်၊ ကျောင်းမြေနေရာအား ဌာနပိုင် အမည်ပေါက် ရရှိရေးအတွက် မြေပုံကူးယူခွင့် လျှောက်ထားရန်၊ အခန်းကန့်၍ စက်ချုပ်သင်တန်းကို အမြန်ဆုံး ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ရန် နှင့် သင်တန်းသူများ ရရှိရေး ဆောင်ရွက်ရန် မှာကြားခဲ့သည်။

နေပြည်တော်၊ အောက်တိုဘာ (၂၁)ရက် -

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန သတ္တမအကြိမ် မဟာ ဘုံကထိန် သင်္ကန်း ဆက်ကပ် လှူဒါန်းပွဲကို (၂၁-၁၁-၂၀၁၂) ရက်နေ့ နံနက် ၉နာရီခွဲတွင် နေပြည်တော်ရှိ အဆိုပါ ဝန်ကြီးရုံး အစည်းအဝေး ခန်းမ၌ ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြတ်မြတ်အုန်းခင်၊ ဒုတိယ ဝန်ကြီး ဒေါ်စုစုလှိုင် တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်များအား ကထိန် သင်္ကန်းနှင့် လှူဖွယ် ပစ္စည်းများကို ဆက်ကပ် လှူဒါန်းကြသည်။

နေပြည်တော်၊ နိုဝင်ဘာ (၁၉)ရက် -

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်စုစုလှိုင်သည် နိုဝင်ဘာ (၁၆)ရက်နေ့ နံနက် (၉) နာရီ (၄၅) မိနစ်အချိန်တွင် စစ်ကိုင်းမြို့ရှိ စစ်ကိုင်း မျက်မမြင် ကျောင်းသို့ ရောက်ရှိပြီး ကျောင်း၏ အသက်မွေးဝမ်း ကျောင်းပညာ သင်ကြားနေမှု၊ စာပေပညာ သင်ကြားမှုတို့နှင့် ငလျင်ဒဏ် ခံရသော အဆောက်အဦ များ၏ ပျက်စီးမှုတို့ကို ကျောင်းအုပ်မှ ပုံနှင့်တကွ ရှင်းလင်း တင်ပြပြီး ဒုတိယဝန်ကြီးက  လိုက်လံ ကြည့်ရှုရာ ကျောင်းသား များအိပ်ဆောင် တစ်ထပ် ဆောင်ကို ဖျက်သိမ်းခွင့်တင်ရန်နှင့် အသစ်ပြန်လည် တည်ဆောက်ရန် ထမင်း စားဆောင်နှင့် ရေချိုးခန်း တို့ကို ပြုပြင်ရန် မှာကြားပြီး ဆက်လက်၍  စစ်ကိုင်း မူလတန်းကြို ကျောင်းသို့ ရောက်ရှိပြီး ငလျင်ဒဏ် ခံရသော အဆောက်အဦ များကို လိုက်လံ ကြည့်ရှုပြီး လိုအပ် သည်များကို ဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့သည်။

နေပြည်တော်၊ နိုဝင်ဘာ (၁၄)ရက် -

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအနေဖြင့် လူမှုဝန်ထမ်း လုပ်ငန်းကြီး(၈)ရပ်ထဲမှ မသန်စွမ်းသူများ ပြန်လည်ထူထောင်ရေး ဆိုတဲ့ လုပ်ငန်းဟာ အဓိကလုပ်ငန်းကြီး တစ်ရပ်အနေနဲ့ ပါဝင်ပြီး မြန်မာနိုင်ငံ တစ်နံတစ်လျားမှာရှိတဲ့ မသန်စွမ်းသူတွေရဲ့ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ဖို့၊ လူသားတိုင်းခံစားခွင့်ရှိတဲ့ အခြေခံအခွင့်အရေးများနှင့် မသန်စွမ်းမှုကိုအကြောင်းပြုပြီး ခွဲခြားဆက်ဆံမှုမရှိစေရေး၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေမှာ

နေပြည်တော်၊ နိုဝင်ဘာ ( ၁ )ရက် -

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းကြီး(၈)ရပ်ထဲမှ တစ်ခုအပါအဝင် ဖြစ်သော အမျိုးသမီးများ စောင့်ရှောက်ရေး ကဏ္ဍဖြစ်သည့် အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂ သဘောတူစာချုပ်နှင့် ပက်သက်သည့် အလုပ်ရုံ ဆွေးနွေးပွဲ အခမ်းအနားကို (၁.၁၁.၂၀၁၂) ရက်နေ့နံနက် (၉း၀၀) နာရီအချိန်တွင် နေပြည်တော် ဟိုတယ်ဇုန်ရှိ သင်္ဂဟဟိုတယ်တွင် ကျင်းပ ပြုလုပ်ခဲ့သည်။

နေပြည်တော်၊ အောက်တိုဘာ (၃၁) -

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင် သည် တာဝန်ရှိသူများ လိုက်ပါလျက် အောက်တိုဘာလ (၂၈)ရက်၊ နံနက်ပိုင်း ၌ ဧရာဝတီတိုင်း ဒေသကြီး၊ ဖျာပုံမြို့၊ သီရိအဏ္ဏဝါ ခန်းမတွင် ဌာနဆိုင်ရာများ၊ ပြည်တွင်း/ပြည်ပ အဖွဲ့အစည်းများ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံ၍ မီးသတ် ဦးစီးဌာနမှ မူဝါဒချမှတ် ဆောင်ရွက်လျက်ရှိသည့် မြန်မြန်သိ၊ မြန်မြန်သွား၊ မြန်မြန်ငြှိမ်းသတ် လုပ်ငန်းများနှင့် မီးဘေး ကြိုတင် ကာကွယ်ရေး လုပ်ငန်းများ၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် အရေးပေါ် သဘာဝဘေး အန္တရာယ်များ အတွက် ကြိုတင် ပြင်ဆင်ခြင်း၊ ကယ်ဆယ်ရေးနှင့် ချက်ခြင်းတုန့်ပြန် ဆောင်ရွက်ခြင်း၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ၊ လူမှုဝန်ထမ်း ဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ကလေးသူငယ် စောင့်ရှောက်ရေး လုပ်ငန်းများ၊ အမျိုးသမီး စောင့်ရှောက်ရေး လုပ်ငန်းများ၊ သက်ကြီးရွယ်အို စောင့်ရှောက်ရေး လုပ်ငန်းများနှင့် မသန်စွမ်းသူများအား ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ယခင်ကထက် ပိုမိုကောင်းမွန်အောင် စွမ်းစွမ်းတမံ ဆောင်ရွက်လျက် ရှိသောကြောင့် ဌာနဆိုင်ရာများ၊ ပြည်တွင်း/ပြည်ပ အဖွဲ့အစည်းများ၊ မြို့မိ မြို့ဖများနှင့် ပြည်သူများအားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်ရန်လမ်းညွှန် မှာကြားခဲ့ပါသည်။