မိုင်းအန္တရာယ်​အသိပညာ​ပေး​ရေးအဖွဲ့ ညှိနိုင်းအစည်းအ​ဝေးကျင်းပ

ကချင်ပြည်နယ်၊ ၂၉.၆.၂၀၁၇

           ကချင်​ပြည်​နယ်​မြစ်​ကြီးနားမြို့ City Park Royal အစည်းအ​ဝေးခမ်းမ၌ ပြည်​နယ်​မိုင်းအန္တရာယ်​အသိပညာ​ပေး​ရေးအဖွဲ့ ညှိနိုင်းအစည်းအ​ဝေးကို   ၂၇-၆-၂၀၁၇ ရက်​​နေ့တွင် ကျင်းပပြုလုပ်​ခဲ့ပါကြောင်း၊ ဖွင့်​ပွဲအခမ်းအနားသို့ ပြည်​နယ်​အစိုးရအဖွဲ့၊ လူမှု​ရေးဝန်​ကြီးဌာန ဝန်​ကြီး Dr သင်းလွင်​ တက်​​ရောက်​ ချီးမြှင့်ခဲ့ပါကြောင်းနှင့်  ပြည်​နယ်​လွတ်​​တော်​ကိုယ်​စားလှယ်​များ ဆက်​စပ်​ဌာနဆိုင်​ရာများ ကြက်​​ခြေ နီတပ်​ဖွဲ့ ဝင်​များ UNICEF, INGO ,NGO များမှ တာဝန်​ရှိသူများတက်​​ရောက်​ခဲ့ပါသည်​။ 

          အဆိုပါ အခမ်းအနားတွင်​လူမဝန်​ထမ်းဦးစီးဌာန(​နေပြည်​​တော်​) မှဒုတိယညွန်​ကြား​ရေးမှူး ဒေါ်လဲ့ယဉ်​ဝင်းက မိုင်းအန္တရာယ်​အသိပညာ​ပေး​ရေးလုပ်​ငန်းအဖွဲ့ဖွဲ့စည်းရခြင်းရည်​ရွယ်​ချက်​ကို ရှင်းလင်း​ပြောကြား​ခဲ့ကြောင်း၊ ဆွေး​နွေးပွဲသို့တက်​​ရောက်​လာကြ​သော လွှတ်​​တော်ကိုယ်​စာလှယ်​များ ပြည်​နယ်​ ခရိုင်​မြို့နယ်အဆင့်​ဌာနဆိုင်​ရာများ လူမူ​ရေးအဖွဲ့အစည်း​များက သတင်းနှင့်​အချက်​အလက်​ စီမံခန့်​ခွဲခြင်း မိုင်းနှင့်ပတ်သက်သည့် ဖြစ်​ရပ်​များ ဖြစ်​စဉ်​များအား ​လေ့လာသုံးသပ်​ခြင်း မိုင်းအန္တရာယ်​အသိပညာ​ပေးလုပ်​ငန်းများ ​ဆောင်​ရွက်ခဲ့မူများနှင့်​ Form(ပုံစံ)အား​လေ့လာသုံးသပ်​ခြင်း မိုင်းအန္တရာယ် အသိပညာ​ပေးလုပ်​ငန်းများအား​ဆွေး​နွေးသွားမည်​ဖြစ်​ကြောင်း သတင်းရရှိပါသည်။

FacebookTwitter