ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် အတွင်းရှိ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများသို့ (၂၀၁၃-၂၀၁၄) ဘဏ္ဍာရေးနှစ် ထောက်ပံ့ကြေးငွေ ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်

နေပြည်တော်၊ ဇူလိုင် (၂၇)ရက် -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနမှ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် အတွင်းရှိ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများသို့ (၂၀၁၃-၂၀၁၄) ဘဏ္ဍာရေးနှစ် ထောက်ပံ့ကြေးငွေ ပေးအပ်ပွဲ အခမ်းအနားကို ဇူလိုင်လ (၂၇)ရက်နေ့၊ နံနက် (၁၀း၀၀)နာရီအချိန်တွင် ကျိုက်ဝိုင်းဘုရားလမ်း၊ လူမှုဝန်ထမ်း အတတ်သင်သိပ္ပံကျောင်း၊ သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ရာ   ပြည်ထောင်စုဝန်ကြီး  ဒေါက်တာ  ဒေါ်မြတ်မြတ်အုန်းခင် မှ တက်ရောက် အမှာစကား ပြောကြားရာတွင်   နိုင်ငံတော် သမ္မတကြီး ခေါင်းဆောင်သော အစိုးရအဖွဲ့သည်  ပြည်သူလူထု ဗဟိုပြုအစိုးရ   (People Centered Government ) ဖြစ်သဖြင့်  ပြည်သူများရဲ့ လူမှုရေး လိုအပ်ချက်များကို ဝန်ကြီးဌာနမှ တတ်နိုင်သရွေ့ ဖြည်‌့ဆည်း ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ယနေ့ အချိန်ထိ တနိုင်ငံလုံးမှာ  ဝန်ကြီးဌာနမှ အသိအမှတ် ပြုထားပြီးသော စေတနာဝန်ထမ်း အဖွဲ့အစည်း စုစုပေါင်း (၁၁၈၄)  တို့အား (၂၀၁၃-၂၀၁၄) ဘဏ္ဍာရေးနှစ်တွင် မနှစ်ကထက် (၃.၁၃)ဆ တိုးမြှင့်ပြီး  စုစုပေါင်း ကျပ်သန်းပေါင်း (၁၇၁၆.၆) သန်း တိုးမြှင့်ထောက်ပံ့ ပေးလျက်ရှိပါကြောင်း၊ ထောက်ပံ့ငွေများသည်  ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါမှု လျော့ချရေး လုပ်ငန်းများကို တောင်ပိုင်းခရိုင် အတွင်း ဆောင်ရွက်ရာတွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူ ပြုနေပါကြောင်း၊  ကြီးကြပ်မှု ကော်မတီဝင်များ အနေဖြင့် မိမိတို့ရဲ့ ဂေဟာ/ ကျောင်း/ဌာန အစဉ် တိုးတက်စေရန် ရရှိငွေများကို ဘဏ်မှာအပ်ထားပြီး အတိုး၊ အရင်းများကို မျှတစွာ သုံးစွဲသွားရမည် ဖြစ်ပါကြောင်း စသည်ဖြင့် အမှာစကား ပြောကြားခဲ့ပါသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန အဌမအကြိမ်မြောက် ဝန်ကြီးဌာန မိသားစု ဝါဆိုသင်္ကန်းကပ်လှူ

နေပြည်တော်၊ ဇူလိုင်လ(၁၈)ရက် -

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန အဌမအကြိမ်မြောက် ဝန်ကြီးဌာန မိသားစု ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် (၉) နာရီခွဲတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည်။

ပြည်ထောင်စု ဝန်ကြီးမိသားစုမှ ဖျာပုံမြို့ ရတနာ သိဒ္ဓိသာသနာ့ ဗိမာန်တော်၌ ကျင်းပသော စုပေါင်း ဝါဆိုသင်္ကန်းကပ်လှူဒါန်းပွဲသို့ တက်ရောက် လှူဒါန်း

နေပြည်တော်၊ ဇူလိုင်(၂၁)ရက် -

       ယင်းနံနက်ပိုင်းတွင် ဖျာပုံမြို့၊ ရတနာ သိဒ္ဓိသာသနာ့ ဗိမာန်တော်၌ ကျင်းပသော စုပေါင်း ဝါဆိုသင်္ကန်းကပ်လှူဒါန်းပွဲသို့ တက်ရောက်ပြီး ပြည်ထောင်စုဝန်ကြီးမိသားစု မှ ဝတ္ထုငွေ (၃)သိန်း (၂)သောင်း (၅)ထောင် ကို သံဃာတော်အရှင်သူမြတ်များထံ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။  ထို့နောက် ကန်တော်မင်္ဂလာ ဘိုးဘွားရိပ်သာသို့ သွားရောက်ပြီး အသုံးအဆောင်ပစ္စည်းများနှင့် အလှူငွေ (၆)သောင်း (၃)ထောင် အား လှူဒါန်းပြီး ဘိုးဘွားများကို အားပေးစကား ပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင် ကျိုက်လတ်မြို့နယ် အတွင်း ကျေးလက်ဒေသ ဖွံ့ဖြိုးရေးင့် ဆင်းရဲနွမ်းပါးမှု လျော့ချရေး လုပ်ငန်းစဉ်များ အတွက် မတည်ချေးငွေများ ရှင်းလင်းပွဲသို့တက်ရောက်

နေပြည်တော်၊ ဇူလိုင်(၂၀)ရက် -

          နံနက်ပိုင်းတွင် ဧရာဝတီတိုင်း ဒေသကြီး၊ ဒေးဒရဲမြို့သို့ သွားရောက်ပြီး မြို့လယ် သံတန်ဆောင်းကြီး၊ ရွှေဘုန်းမြင့်စေတော်၊ ရွှေသင်္ကန်းကပ်လှူခြင်း၊ ဘုရားနေကဇာ တင်ခြင်းနှင့် ရေစက်ချ အခမ်းအနားသို့ တက်ရောက်ပြီး ဦးအောင်ဇော်မြင့် + ပြည်ထောင်စု ဝန်ကြီး ဒေါ်မြတ်မြတ်အုန်းခင် မိသားစုမှ သံဃာတော် အရှင်သူမြတ်များအား ဝတ္ထုငွေ(၁)သိန်း  (၅)သောင်း ဆက်ကပ် လှူဒါန်းခဲ့ပါသည်။ ဆက်လက်၍ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့သို့ ရောက်ရှိပြီး သဒ္ဓမရံသီ ဓမ္မဗိမာန် တော်ကြီး၌ ကျင်းပသည့် ကျိုက်လတ်မြို့နယ် အတွင်း ကျေးလက်ဒေသ ဖွံ့ဖြိုးရေးှနှင့် ဆင်းရဲနွမ်းပါးမှု လျော့ချရေး လုပ်ငန်းစဉ်များအတွက် မတည်ချေးငွေများ ရှင်းလင်းပွဲသို့ တက်ရောက်ပြီး အရင်းမပျောက်၊ မတည်ချေးငွေများကို မှန်မှန်ကန်ကန် ဆောင်ရွက်ရန် လမ်းညွှန်မှာ ကြားပါသည်။

ပြည်ထောင်စုဝန်ကြီးဒေါက်တာဒေါ်မြတ်မြတ်အုန်းခင် နေ့ပိုင်းစောင့်ရှောက်မှုဂေဟာ အမြန်ဆုံးဖွင့်လှစ်နိုင်ရန် ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဇူလိုင်လ(၁၉) ရက် -

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်မြတ်မြတ်အုံးခင် သည် တာဝန်ရှိသူများ လိုက်ပါလျက် ဇူလိုင်လ (၁၉) ရက်နေ့တွင် ရန်ကုန်မြို့၊ ကမ္ဘာအေး ဘုရားလမ်းနှင့် ပါရမီလမ်းထောင့်ရှိ သက်ကြီးရွယ်အိုများအတွက် နေ့ပိုင်းစောင့်ရှောက်မှုဌာန (Day Care Center for the Aged) သို့ ရောက်ရှိပြီး အမြန်ဆုံးဖွင့်လှစ်နိုင်ရန်  ပြင်ဆင်ထားမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီးဒေါက်တာဒေါ်မြတ်မြတ်အုန်းခင် လူမှုရေး ကာကွယ်စောင့်ရှောက်မှု လုပ်ငန်းများ အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနား သို့တက်ရောက်

နေပြည်တော်၊ ဇူလိုင်လ(၁၈)ရက် -

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ကယ်ဆယ်ရေး ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင် သည် ယနေ့ နံနက် (၀၈း၃၀)နာရီတွင် လူမှုဝန်ထမ်းဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည့် သက်ကြီးရွယ်အို များအတွက် လူမှုရေး ကာကွယ်စောင့်ရှောက်မှု လုပ်ငန်းများ (Social Protection for the Aged) အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် ၅ ဒသမ ၆ သိန်း ဝန်းကျင်ခန့်ရှိသည့် သက်ကြီးရွယ်အိုများသည် လူမှုရေး အထူးကာကွယ် စောင့်ရှောက်ရန် လိုအပ်သော အခြေအနေတွင် ရှိနေပါကြောင်း ပြောကြားခဲ့သည်။

မိုးရာသီသစ်ပင်စိုက်ပိုျးပွဲ အခမ်းအနား ကျင်းပ

နေပြည်တော်၊ ဇွန်(၂၅) -

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏၂၀၁၃ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပိုျးပွဲ အခမ်းအနားကို ယနေ့ နံနက်(၈း၀၀)နာရီအချိန်တွင် အဆိုပါရုံး၌  ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင်၊ ဒုတိယဝန်ကြီး ဦးဘုန်းဆွေနှင့် ညွှန်ကြားရေးမှူးခုျပ်များ၊ အရာထမ်း၊ အမှုထမ်းများ စုစုပေါင်း (၂၅၀)ဦး သတ်မှတ်နေရာများ၌ သစ်ပင်များစိုက်ပျိုးကြပါသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင်၏ ခရီးစဉ် ဆောင်ရွက်ချက်များ

နေပြည်တော်၊ ဇွန်လ (၂၁) ရက် -

         လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး  ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင် သည်  ဇွန်လ(၂၁)ရက်နေ့၊ မွန်းလွဲ(၃း၃၀)နာရီ အချိန်တွင် ရန်ကုန်မြို့၊ Myanmar Peace Center ၌ ကျင်းပပြုလုပ်သော (၂၀၁၃)ခုနှစ် ကမ္ဘာ့ဒုက္ခသည်များနေ့ World Refugees Day (2013) သို့ တက်ရောက်ပြီး ဒုက္ခသည်များနှင့် စပ်လျဉ်း၍ ဝန်ကြီးဌာနမှ တာဝန်ယူ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများကို ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။

ပြန်လည်ပေါင်းစည်းရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး တက်ရောက်

နေပြည်တော်၊ ဇူလိုင်လ( ၂) ရက် -

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး  ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင် သည်  ဇူလိုင်လ (၂)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီ အချိန်တွင် နေပြည်တော် ဟိုတယ်ဇုံ၊ အမရ ဟိုတယ်၌ ကျင်းပသော ပြန်လည်ပေါင်းစည်းရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲသို့ တက်ရောက်၍ အမှာစကား ပြောကြားရာတွင် အရွယ်မရောက် သေးသော ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးရေး ကော်မတီကို စုစုပေါင်း အဖွဲ့ဝင် ၁၁ ဦးဖြင့်

၂၀၁၂-၂၀၁၃ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်သူများအား ဆုချီးမြှင့်ခြင်းနှင့် ၂၀၁၃-၂၀၁၄ ပညာသင်နှစ် ဝန်ထမ်းမိသားစု ပညာသင် ထောက်ပံ့ကြေးများ ပေးအပ်ခြင်း အခမ်းအနားကို ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင် တက်ရောက်

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန ၂၀၁၂-၂၀၁၃ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်သူများအား ဆုချီးမြှင့်ခြင်းနှင့် ၂၀၁၃-၂၀၁၄ ပညာသင်နှစ် ဝန်ထမ်းမိသားစု ပညာသင် ထောက်ပံ့ကြေးများ ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် အဆိုပါ ဝန်ကြီးရုံး စုပေါင်းခန်းမ၌ ကျင်းပရာ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင် တက်ရောက် အမှာစကား ပြောကြားရာတွင် နိုင်ငံတစ်နိုင်ငံ၏ အခြေခံအကျဆုံး ကဏ္ဍသည်သည် ပညာရေး ကဏ္ဍဖြစ်ပါကြောင်း၊