ပြည်တွင်း/ပြည်ပမှ အစိုးရမဟုတ်သောအဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်ခြင်း

ထို့အပြင် ပြည်တွင်း/ပြည်ပမှ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ပူးပေါင်း၍လည်း စေတနာ့ဝန်ထမ်း မူလတန်းကြိုကျောင်းများ တည်ထောင်ခြင်း၊ ရပ်ရွာအခြေပြု ကလေးသူငယ် ပြုစုစောင့်ရှောက်ရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ မိဘများနှင့် ရပ်ရွာလူထုသို့အသိပညာပေးခြင်း၊ ကလေးပြုစုစောင့်ရှောက်သူများအား စွမ်းဆောင်ရည် မြှင့်တင်ပေးခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ၊ သင်တန်းများ ပူးပေါင်းကျင်းပခြင်းတို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။

     ထို့အပြင် နိုင်ငံအတွင်းရှိကလေးသူငယ်ဖွံ့ဖြိုးမှု ပြုစုပျိုးထောင်ရေး ဆောင်ရွက်နေသည့် အဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များအားလုံး လေ့လာ၊ ကိုးကားနိုင်ရန် ရည်ရွယ်၍ Singapore International Foundation (SIF) နှင့်ပူးပေါင်း၍ ပင်မအထောက်အကူပြု စာကြည့်တိုက် ( DSW- SIF ECCD Resource Center ) ကိုလည်း အမှတ်(၆၅)၊ ကျိုက်ဝိုင်းဘုရားလမ်း၊ မရမ်းကုန်းမြို့နယ် ရှိ လူမှုဝန်ထမ်း အတတ်သင်သိပ္ပံကျောင်း တွင်(၄.၉.၂၀၀၉) ရက်နေ့မှစတင်ဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။