အာဆီယံ ကလေးသူငယ်များ ဘက်စုံဖွံ့ဖြိုးမှုဆိုင်ရာလုပ်ငန်းများ
- ၁၉၉၅ခုနှစ်၊ အောက်တိုဘာ လတွင် စင်ကာပူ နိုင်ငံ၌ ကျင်းပခဲ့သည့် မိသားစုနှင့် ကလေးများ ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ အစည်းအဝေးတွင် အာဆီယံ ဒေသဆိုင်ရာ ဗဟိုအဖွဲ့ ထူထောင်ခြင်းနှင့် ကွန်ယက် ချိတ်ဆက် ဆောင်ရွက်ရေးကို ဆောင်ရွက်ရန် အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှ အတည်ပြုခဲ့ပါသည်။
- အာဆီယံ ဒေသအတွင်း ECCD စီမံချက်ကို အဆင့်(၂)ဆင့်ဖြင့် ဆောင်ရွက်ခဲ့ပါသည်။
- ပထမ အကြိမ် အဖြစ် စင်ကာပူ နိုင်ငံတွင် ၁၉၉၉ ခုနှစ် ဇွန်လ (၂)ရက် မှ (၄)ရက်ထိ ကျင်းပပြုလုပ် သည့် အာဆီယံ- ECCD ဆိုင်ရာ ပထမအဆင့် ကျွမ်းကျင်သူများ အစည်းအဝေး၊
- ဖိလစ်ပိုင် နိုင်ငံ၊ အီလိုအီလိုမြို့တွင် ၂၀၀၀ ခုနှစ်၊ အောက်တိုဘာလ (၁၀)ရက်မှ (၁၂)ထိ ကျင်းပ ပြုလုပ်သည့် အာဆီယံ- ECCDဆိုင်ရာ ဒုတိယအဆင့် ပထမအကြိမ် အစည်းအဝေး၊
- ထိုင်းနိုင်ငံ၊ ဘန်ကောက် မြို့တွင် ၂၀၀၃ ခုနှစ်၊ မတ်လ (၃)ရက် မှ (၆)ရက်ထိ ကျင်းပ ပြုလုပ်သည့် အာဆီယံ- ECCD ဆိုင်ရာ ဒုတိယ အဆင့် ဒုတိယအကြိမ် အစည်းအဝေး၊
- အင်ဒိုနီးရှား နိုင်ငံ၊ ဂျာကာတာ မြို့တွင် ၂၀၀၄ ခုနှစ်၊ သြဂုတ်လ (၂၃)ရက် မှ (၂၆)ရက်ထိ ကျင်းပပြုလုပ် သည့် အာဆီယံ- ECCD ဆိုင်ရာ ဒုတိယ အဆင့် တတိယ အကြိမ် အစည်းအဝေး၊
- ဗီယက်နမ် နိုင်ငံ၊ ဟနွိုင်း မြို့တွင် ၂၀၀၅ ခုနှစ်၊ အောက်တိုဘာလ (၁၉)ရက်မှ (၂၁)ရက် ထိ ကျင်းပ ပြုလုပ်သည့် အာဆီယံ- ECCD ဆိုင်ရာ ဒုတိယ အဆင့် စတုတ္တအကြိမ် အစည်းအဝေး တို့ကို ကျင်းပ ပြုလုပ်ခဲ့ပါသည်။