စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအားထောက်ပံ့ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်း

၁။ လူမှုဝန်ထမ်းဦးစီးဌာနသည် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများမှ တည်ထောင် ဖွင့်လှစ် ထားရှိသော ဂေဟာ/ရိပ်သာတွင် လက်ခံစောင့်ရှောက်ထားသည့် ကလေးသူငယ်၊ လူငယ်များ၊ မသန်စွမ်းသူများ၊ အမျိုးသမီးများနှင့် သက်ကြီးရွယ်အိုများ၏ စားဝတ်နေရေးဖူလုံနိုင်ရေး အတွက် နိုင်ငံတော်မှ ခွဲဝေရရှိသည့်ဘဏ္ဍာရန်ပုံငွေအရ တစ်စိတ်တစ်ဒေသသာ ထောက်ပံ့ ပေးပါသည်။ ၂။ လူမှုဝန်ထမ်းဦးစီးဌာနသည် ၂၀၁၇ခုနှစ်၊ စက်တင်ဘာလ(၂၆)ရက်နေ့တွင် စေတနာ့ ဝန်ထမ်းအဖွဲ့အစည်းများ တည်ထောင်ခွင့်ပြုမိန့်မှတ်ပုံတင်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်း လမ်းညွှန်နှင့် ဂေဟာသင်တန်းကျောင်းများတွင် အနိမ့်ဆုံးရှိရမည့်ပြုစုစောင့်ရှောက်ခြင်းနှင့် အကာအကွယ်ပေးခြင်းဆိုင်ရာ အနိမ့်ဆုံးစံချိန်စံညွှန်းများ စာအုပ်(၂)အုပ်ကို ထုတ်ပြန် ခဲ့ပါသည်။ အဆိုပါလုပ်ငန်းလမ်းညွှန်များနှင့်အညီ စေ/ဖွဲ့စည်းများသို့ စစ်ဆေးခြင်း၊ ကြီးကြပ် ခြင်းများပြုလုပ်၍ လူမှုဝန်ထမ်းဉီးစီးဌာနသည် ရပ်ရွာအတွင်း တည်ထောင်ဖွင့်လှစ်ထားသည့် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများဖြစ်သော လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ၊ မသန်စွမ်း ဂေဟာ၊ ဘိုးဘွားရိပ်သာနှင့် စေတနာ့ဝန်ထမ်းအမျိုးသမီးဂေဟာများသို့ အောက်ပါနှုန်းထား များဖြင့် ထောက်ပံ့ပေးလျက် ရှိပါသည် -

စေတန့ာဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်း

သမိုင်းနောက်ခံ လူမှုဝန်ထမ်းလုပ်ငန်းများသည် နိုင်ငံတော်အစိုးရ၏ အားပေးကူညီမှု၊ စေတနာ့ဝန်ထမ်း ပုဂ္ဂိုလ်များ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ၏ ဖန်တီးကြိုးပမ်းမှုများကြောင့် ယနေ့အချိန် အထိ ရှင်သန်ဖွံ့ဖြိုးလျက်ရှိပါသည်။ လက်ရှိအချိန်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် လူမှုဝန်ထမ်းဆိုင်ရာမူဝါဒများနှင့်အညီ စနစ်တကျ စီမံ ဆောင်ရွက်လျက်ရှိရာ စေတနာ့ဝန်ထမ်းပုဂ္ဂိုလ်များ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများက လည်း ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်လျက်ရှိကြပါသည်။