လူမှုဝန်ထမ်းဦးစီးဌာနနှင့် Japan Heart အဖွဲ့တို့အကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပွဲအခမ်းအနားကျင်းပခြင်း

လူမှုဝန်ထမ်းဦးစီးဌာနနှင့် Japan Heart အဖွဲ့တို့အကြား နားလည်မှုစာချွန်လွှာ လက်မှတ် ရေးထိုးပွဲအခမ်းအနားအား ၂၀၂၅ခုနှစ် မေ ၈ ရက်၊ နံနက်ပိုင်းတွင် လူမှုဝန်ထမ်းဦးစီးဌာန၊ အစည်း အဝေးခန်းမတွင် ကျင်းပခဲ့ရာ အခမ်းအနားသို့ လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ Japan Heart အဖွဲ့မှ Country Director နှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါ သည်။

စိတ်လူမှုဆိုင်ရာ‌ဆွေးနွေးပံ့ပိုးခြင်း(စစ်ကိုင်းတိုင်းဒေသကြီး)

မန္တလေးငလျင်၏ သက်ရောက်မှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း၌ လူသေဆုံး ထိခိုက်ဒဏ်ရာရရှိမှုများ၊ နေအိမ်များ ပြိုလဲပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သဖြင့် ထိခိုက်ခံစားရသော ဒေသများရှိ ပြည်သူလူထုအတွက် စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ပေးနိုင်ရန် စိတ်လူမှုဆိုင်ရာပံ့ပိုးခြင်း ဆောင်ရွက်ရန်အတွက် ဖွဲ့စည်းထားသော လူမှုဝန်ထမ်းဦးစီးဌာန (ရုံးချုပ်)၊ ရန်ကုန်တိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနမှ စိတ်လူမှု ဆိုင်ရာပံ့ပိုးပေးခြင်းဆောင်ရွက်မည့် (Psycho-Social Support Team) ၂ဖွဲ့သည် ငလျင် ဘေးဒဏ်သင့် အိမ်ထောင်စု ၂၁၁ စုရှိသည့် “နှစ်(၇၀၀) အားကစား ငလျင်ဒဏ်သင့်ပြည်သူ များအား ကယ်ဆယ်ရေးစခန်း” တွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

မူလတန်းကြိုကျောင်းများ ကျောင်းအပ်နှံရေးလုပ်ငန်းများဆောင်ရွက်

မွန်ပြည်နယ်အတွင်း လူမှုဝန်ထမ်းဦးစီးဌာနလက်အောက်ရှိ မူလတန်းကြိုကျောင်း (၇)ကျောင်းအနက် ရေး မူလတန်းကြိုကျောင်းမှအပ ကျန်မူလတန်းကြိုကျောင်း(၆)ကျောင်းဖြစ်သော မော်လမြိုင်မြို့၊ ချောင်းဆုံမြို့၊ သံဖြူဇရပ်မြို့၊ သထုံမြို့တို့မှ မူလတန်းကြိုကျောင်းများကို (၂.၅.၂၀၂၅)ရက်တွင်...

အာဆီယံအမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးနှင့် မြှင့်တင် ရေးဆိုင်ရာကော်မရှင်(ACWC)၏ ACWC Work Plan(2026-2030) ရေးဆွဲရေးညှိနှိုင်းအစည်းအဝေးတက်ရောက်ခြင်း

အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာရှိ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၌ (၂၃.၄.၂၀၂၅) ရက်နေ့ တွင် ကျင်းပခဲ့သည့် အာဆီယံအမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးများ ကာကွယ်စောင့် ရှောက်ရေးနှင့် မြှင့်တင်ရေးဆိုင်ရာ ကော်မရှင် (ACWC)၏ ၂၀၂၆-၂၀၃၀ လုပ်ငန်းအစီအစဉ် ACWC Work Plan(2026-2030)ရေးဆွဲရေးညှိနှိုင်းအစည်းအဝေးတွင် ကလေးသူငယ်များနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး အာဆီယံဒေသတွင်းလုပ်ငန်းစီမံချက် အကောင်အထည် ဖော်ဆောင်ရွက်ရေးအတွက် နည်းပညာအထောက်အကူပြုအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် (၂၄.၄.၂၀၂၅)ရက်နေ့တွင် ကျင်းပခဲ့သည့် ကလေးသူငယ်များနှင့် အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး အာဆီယံဒေသတွင်းလုပ်ငန်းစီမံချက်ဆိုင်ရာ ဆွေးနွေးပွဲများသို့ အာဆီယံ ကလေးသူငယ်အခွင့်အရေးကိုယ်စားလှယ်ဖြစ်သူ လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြား‌ရေးမှူးချုပ်၊ ဒေါက်တာစန်းစန်းအေးနှင့် အာဆီယံအမျိုးသမီးအခွင့်အရေး ကိုယ်စားလှယ်ဖြစ်သူ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ ဥက္ကဌ၊ ဒေါက်တာသက်သက်ဇင်နှင့် ဘာသာရပ်တာဝန်ခံများ တက်ရောက်ခဲ့ကြပါသည်။

စိတ်လူမှုရေးပိုင်းဆိုင်ရာ ပံ့ပိုးမှုသင်တန်းကျင်းပခြင်း (၂၂-၄-၂၀၂၅)

မန္တလေးငလျင်၏ သက်ရောက်မှုဒဏ်ကြောင့် ထိခိုက်ခံစားရသော မန္တလေးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ နေပြည်တော်ကောင်စီ၊ ရှမ်းပြည်နယ်တို့တွင် လူသေဆုံး၊ ထိခိုက်ဒဏ်ရာရရှိမှုများ၊ နေအိမ်များ ပြိုလဲပျက်စီးမှုများကြောင့် ထိခိုက်ခံစားရသောဒေသများရှိ ပြည်သူများအတွက် စိတ်ပိုင်း၊ ရုပ်ပိုင်း ဆိုင်ရာ ပြန်လည်ထူထောင်ပေးနိုင်ရန် လူမှုဝန်ထမ်းဦးစီးဌာနမှ ဖွဲ့စည်းထားသော

စိတ်လူမှုရေးပိုင်းဆိုင်ရာ ပံ့ပိုးမှုသင်တန်းကျင်းပခြင်း (၂၁-၄-၂၀၂၅)

မန္တလေးငလျင်၏ သက်ရောက်မှုဒဏ်ကြောင့် ထိခိုက်ခံစားရသော မန္တလေးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ နေပြည်တော်ကောင်စီ၊ ရှမ်းပြည်နယ်တို့တွင် လူသေဆုံး၊ ထိခိုက်ဒဏ်ရာရရှိမှုများ၊ နေအိမ်များ ပြိုလဲပျက်စီးမှုများကြောင့် ထိခိုက်ခံစားရသောဒေသများရှိ ပြည်သူများအတွက်

၁၃၈၇ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့၊ သက်ကြီးပူဇော်ပွဲကျင်းပ

၁၃၈၇ ခုနှစ်၊ မြန်မာနှစ်ဆန်း(၁)ရက်နေ့တွင် မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး၏ ဦးဆောင်မှုဖြင့် သက်ကြီးပူဇော်ပွဲအခမ်းအနားကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်တွင်ကလေးပျော်နေရာဖွင့်လှစ်ဆောင်ရွက်ပေးခြင်း

စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့၊ တကောင်းရပ်ကွက်၊ စက္ခုမှော် Camp တွင် ၁၄-၄-၂၀၂၅ ရက်၌ စစ်ကိုင်းခရိုင်လူမှုဝန်ထမ်းရုံးနှင့် Plan international Myanmar တို့ပူးပေါင်း၍

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့တွင် ကလေးပျော်နေရာ ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိ

မန္တလေးတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးနှင့် Tdh-L တို့ပူးပေါင်း၍ ၁၄-၄-၂၀၂၄ ရက်နေ့ နံနက် ၉း၀၀ နာရီ မှ ၁၁း၀၀ နာရီအထိ သုဓမ္မာဇရပ်တန်းတွင်လည်းကောင်း၊ နေ့လယ် ၁၃း၀၀ နာရီမှ ၁၅း၀၀ နာရီအထိ လေယာဉ်ကွင်းဟောင်းဘေး ကယ်ဆယ်ရေးစခန်းနှင့် မဟာမြိုင် ဘုန်းကြီးကျောင်းတို့တွင်လည်းကောင်း