ပြည်သူများသို့ Hotline ဝန်ဆောင်မှုပေးခြင်း

COVID-19 ၏အကျိုးဆက်များအဖြစ် ထိတ်လန့်တုန်လှုပ်ခြင်း၊ ကြောက်ရွံ့ခြင်း၊ ဝမ်းနည်း ခြင်း၊ စိုးရိမ်ပူပန်ခြင်း၊ ယုံကြည်မှုပျောက်ဆုံးခြင်း စသည့် စိတ်ခံစားမှုများအား စိတ်ဖိစီးမှု လျော့ကျစေရန် နှင့်စိတ်ပိုင်းဆိုင်ရာမြင့်တက်စေရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန် လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနသည် တိုင်းဒေသကြီး/ပြည်နယ် များတွင် ယာယီ Hot Line များထားရှိ၍ ပြည်သူများအား စိတ်ဓါတ်ရေးရာမြှင့်တင် ပေးခြင်းကို တယ်လီဖုန်းဖြင့်ဝန်ဆောင်မှုပေးခြင်း ဆောင်ရွက်ပေးလျက်ရှိပါသည်။
Hot Line ဖုန်းများကို တိုင်းဒေသကြီး/ပြည်နယ်များတွင်ထားရှိပြီး ဆက်သွယ်ရေးအော်ပ ရေတာများ ဖြစ်ကြသော MPT, Mytel, Telenor, Ooredoo ဖုန်းအမျိုးအစား (၄) မျိုး ထားရှိ ကာ ဝန်ဆောင်မှုရယူသူများအနေဖြင့် အမျိုးအစားတူဖုန်းလိုင်းများအား ဆက်သွယ်ပါက ဖုန်းခေါ်ဆိုမှုသည် အခမဲ့ဖြစ်ပါသည်။ တိုင်းဒေသကြီး/ပြည်နယ်အလိုက် ဖုန်းနံပါတ်များ ဖော်ပြထားပါသည်။

 

Hot Line မှဝန်ဆောင်မှုပေးရာတွင် နှစ်သိမ့်ဆွေးနွေးခံယူသူများ၏ သတင်း အချက် အလက် မပေါက်ကြားစေရေး အထူးအလေးထားကာကွယ်ပေးကာ အခြားလူမှုရေး နည်းလမ်းဖြင့် ကူညီဆောင်ရွက်ပေးရန်လိုအပ်ပါက ဆက်လက်ညွှန်းပို့ချိတ်ဆက်ပေးခြင်း တို့အား ဆောင်ရွက်ပေးလျက်ရှိပါသည်။