သက်ကြီးရွယ်အိုများဘဝမြှင့်တင်ရေးနှင့်စောင့်ရှောက်ရေးလုပ်ငန်း

ရိပ်သာအခြေပြုစောင့်ရှောက်ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနသည် လုပ်ငန်းကြီး(၇)ရပ်ကို ဆောင်ရွက်လျက်ရှိရာ သက်ကြီးရွယ်အိုများဘဝမြှင့်တင်ရေးနှင့် စောင့်ရှောက်ရေးလုပ်ငန်းအားလုပ်ငန်းစဉ် တစ်ရပ်အနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများမှ ဖွင့်လှစ်ထားသော ဘိုးဘွားရိပ် သာများအား အသိအမှတ်ပြုခြင်းနှင့် ထောက်ပံ့ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ လက်ရှိ တိုင်းဒေသကြီး/ပြည်နယ်များ၌ အသိအမှတ်ပြုပြီး ရိပ်သာ(၈၅)ခုဖြစ်ပြီး အဆင့်အလိုက် ငွေကြေးထောက်ပံ့ခြင်းနှင့် နည်းပညာပံ့ပိုးပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပါသည်။

ဘိုးဘွားရိပ်သာသို့ ထောက်ပံ့ငွေပေးအပ်ခြင်း

ဘိုးဘွားရိပ်သာသို့ ထောက်ပံ့ငွေပေးအပ်ခြင်း

နေ့ပိုင်းစောင့်ရှောက်ခြင်းနှင့် Care Giver သင်တန်းဖွင့်လှစ်ခြင်း

နေ့ပိုင်းစောင့်ရှောက်ခြင်းနှင့် Care Giver သင်တန်းဖွင့်လှစ်ခြင်း

ပြောင်းလဲလာသော ခေတ်စနစ်နှင့်အညီ သက်ကြီးရွယ်အိုများ၏ လူမှုရေးအရ အထီးကျန် ဆန်ခြင်းကို လျော့ချပေးနိုင်ရန်နှင့် သက်ကြီးရွယ်အိုများ၏ အခန်းကဏ္ဍများကို ပိုမိုတိုးမြှင့်နိုင်ရန် အတွက် ရန်ကုန်မြို့တွင် နိုင်ငံတော်အနေဖြင့် အခမဲ့ ပထမဆုံးသက်ကြီးရွယ်အိုနေ့ပိုင်း စောင့်ရှောက်ရေးဂေဟာကို(၂၀.၁၁.၂၀၁၃)ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပြီး အသက်(၇၀)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများကို လက်ခံစောင့်ရှောက်ပေးလျက်ရှိပါသည်။ ထို့အပြင် သက်ကြီးရွယ်အိုများ ကို ပြုစုစောင့်ရှောက်သူများအနေဖြင့် စနစ်တကျပြုစုစောင့်ရှောက်မှုနည်းပညာများ ရရှိစေရန်နှင့် သက်ကြီးရွယ်အိုတို့၏ လိုအပ်ချက်နှင့် ကိုက်ညီသော ပြုစုစောင့်ရှောက်သူများအနေဖြင့် စောင့်ရှောက်နိုင်စေရန် ရည်ရွယ်၍ “သက်ကြီးရွယ်အိုများအတွက် ပြုစုစောင့်ရှောက်သူ(Care Giver)” သင်တန်းကို ၂၀၁၅ ခုနှစ်မှစ၍ သင်တန်းသားတစ်ဦးလျှင် ကျပ် ၅၀၀၀၀/-နှုန်းဖြင့်  အဆိုပါ သက်ကြီးရွယ်အိုများနေ့ပိုင်းစောင့်ရှောက်ဂေဟာတွင် ဖွင့်လှစ်ခဲ့ရာ သင်တန်းအပတ်စဉ် (၁၁)ထိ ဖွင့်လှစ်နိုင်ခဲ့ပြီး ဖြစ်ပါသည်။