သုံးမြွှာပူးထောက်ပံ့ကြေးပေးအပ်ခြင်း

မန္တလေး၊ဇူလိုင်၁၈

              (၁၈-၇-၂ဝ၁၇)ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးမှူးရုံး၌ တိုင်းဒေသကြီးဦးစီးမှူးမှ သုံးမြွှာပူး(ကျား) မွေးဖွားသော မြင်းတဲ(မြောက်)ကျေးရွာ၊ မြင်းတဲကျေးရွာအုပ်စု၊ ပျော်ဘွယ်မြို့နယ်၊ ရမည်းသင်းခရိုင်နေ ဒေါ်သီတာ အား လူမှုဝန်ထမ်းဦးစီးဌာနမှထောက်ပံ့သော မိခင်နှင့်ကလေးထောက်ပံ့ငွေ ၅ဝဝဝဝဝိ/-(ကျပ်ငါးသိန်းတိတိ)

အား ထောက်ပံ့ပေးအပ်ခဲ့ပါ သည်။မန္တလေးမြို့၊ ကလေးပြုစုရေးဌာနမှလည်း သုံးမွှာပူး(ကျား)ကလေးများ အတွက် ကလေးအသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

FacebookTwitter