လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ၀င်းမြတ်အေး အား မြန်မာနိုင်ငံငလျင်ကော်မတီ၊မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံသံအမတ်ကြီး H.E Mr.Bhim K.Udas နှင့် မြန်မာနိုင်ငံ ကိုယ်အင်္ဂါ မသန်စွမ်းသူများအသင်းတို့မှသီးခြားစီလာ

 ၊နေပြည်တော် ၊ဇူလိုင် ၂၆

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ၀န်ကြီး ဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံငလျင်ကော်မတီနှင့် ဂျပန်နိုင်ငံ၊ ကျိုတို တက္ကသိုလ်မှ

ProfessorDr.HiroshiKAWASEဦးဆောင်သောအဖွဲ့မှအဆိုပါဝန်ကြီးရုံး၊မေခလာခန်းမတွင်(၂၅.၇.၂၀၁၇)ရက်နေ့တွင်

လာရောက်တွေ့ဆုံပြီးလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနလက်အောက်ရှိ

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ

မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနနှင့် မြန်မာနိုင်ငံ မြေငလျင်ကော်မတီတို့ပူးပေါင်း၍ မြေငလျင် သတင်းအချက်

အလက်စနစ်နှင့် အလျင်အမြန် တုံ့ပြန်ကယ်ဆယ်ရေး စီမံချက်တစ်ရပ် ပူးတွဲ ရေးဆွဲ၍ ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေ

ဂျင်စီ (JICA)သို့ စီမံချက် တင်သွင်းနိုင်ရေးကိစ္စကို ဆွေးနွေးခဲ့ကြပါသည်။ ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံသံအမတ်ကြီး

H.E Mr. Bhim K.Udas က လာရောက်တွေ့ဆုံ၍ နီပေါနိုင်ငံအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ဖြင့် ပြည်နယ်(၇) ပြည်နယ် ဖွဲ့စည်း၍ဆောင်ရွက်နေပြီဖြစ်ရာသံတမန်ဆက်သွယ်ရေး၊နိုင်ငံရေးဆက်နွယ်မှုများသာမကသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုနှင့်

လူမှုကာကွယ်စောင့် ရှောက်ရေး လုပ်ငန်းများ တွင်ပါ နီးကပ်စွာပူးပေါင်းဆောင်ရွက်ရန်ဆန္ဒရှိမှု၊ ကုလသမဂ္ဂအဖွဲ့တွင်လည်း နှစ်နိုင်ငံအတူ တကွညီညွတ်စွာပူးပေါင်းဆောင်ရွက်လိုမှုများကိုသံအမတ်ကြီးကဆွေးနွေးခဲ့ပြီးလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်

ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကလည်း အစိုးရသစ်အနေဖြင့် ပြည်သူတို့ လွတ်လပ်လုံခြုံစွာဖွံ့ဖြိုး တိုးတက်ရေးမူဝါဒ ချမှတ်ထားပြီး ၀န်ကြီးဌာနအနေဖြင့် ပြည်သူတို့၏အကျိုးကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန် လိုအပ်သည့် မူဝါဒများချမှတ်မှု၊ ဥပဒေ/နည်းဥပဒေများ ရေးဆွဲဆောင် ရွက်မှု၊ ဘေးအန္တရာယ် စီမံခန့်ခွဲမှုထိရောက်စေရန် နိုင်ငံတော်အစိုးရအနေဖြင့် ၀န်ကြီးဌာန၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ဘတ်ဂျက်ရန်ပုံငွေကို

ယခင်နှစ်များကထက် တိုးမြှင့်ပေးထားမှု၊ အမျိုးသားသဘာဝဘေးစီမံခန့်ခွဲမှုရန်ပုံငွေအတွက် နှစ်စဉ်(၂၀)ဘီလီယံကျပ် သတ်မှတ် ခွင့်ပြုပေးမှု၊ နိုင်ငံတော်၏အရေးပေါ်ရန်ပုံငွေအဖြစ် (၁၀၀)ဘီလီယံကျပ် ခွင့်ပြုပေးထားမှု၊ ဖွံ့ဖြိုးမှုမိတ်ဘက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှု ထိရောက်စေရေးအတွက် ဖွံ့ဖြိုးမှု အကူအညီများ ညှိနှိုင်းရေးအဖွဲ့(DACU)ဖွဲ့စည်းဆောင်ရွက်မှု၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုတွင် ဒုတိယသမ္မတ ဦးဆောင်သော အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီနှင့် လုပ်ငန်းကော်မတီ(၁၂)ရပ်ဖွဲ့စည်း၍ ဘေးအန္တရာယ်ပေါ်ပေါက်

လာပါက အလျင်အမြန် တုံ့ပြန်နိုင်ရေး ယန္တရားထူထောင်မှု၊ အစိုးရသစ်လက်ထက်တွင် ကိုယ်ဝန် ဆောင်မိခင်နှင့် ၄င်းမှမွေးဖွားသော ကလေးအသက်(၂)နှစ်အထိ ငွေကြေးထောက်ပံ့ရေးကို ဆင်းရဲမှုနှုန်းမြင့်မားသည့် ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများတွင် စတင်ဆောင်ရွက်မှုများ နှင့်အသက်(၉၀)နှစ်နှင့်အထက် သက်ကြီးရွယ်အို များအား ငွေကြေးထောက်ပံ့ရေးကို ယခုနှစ်တွင် စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်းနှင့် နီပေါနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိပါကြောင်း အပြန်အလှန်ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။ ဆက်လက်၍ မွန်းလွဲ(၁၂း၃၀)နာရီတွင် မြန်မာနိုင်ငံကိုယ်အင်္ဂါမသန်စွမ်းသူများအသင်း (ရုံးချုပ်)မှ အထွေထွေအတွင်းရေးမှူး ဦးအေးကိုကို ဦးဆောင်သောအဖွဲ့က လာရောက် တွေ့ဆုံပြီး မြန်မာနိုင်ငံကိုယ်အင်္ဂါမသန်စွမ်းသူများအသင်းနှင့် Handicap International တို့ ပူးပေါင်းဖွင့်လှစ်သည့် ကျောက်ကြီးမြို့နယ်၊ မုန်းမြို့တွင် မသန်စွမ်းသူများအကူအညီပေးရေး အရင်းအမြစ်စင်တာ(Victim Assistance Centre)ထူထောင်၍ ဆောင်ရွက်သည့် “မသန်စွမ်း သူအခွင့်အရေးရန်ပုံငွေစီမံကိန်း (Disability Rights Fund-DRF Project)”

ဆောင်ရွက်မှု များတင်ပြပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ၄င်းတို့အဖွဲ့အား ပူးပေါင်းကူညီဆောင်ရွက်ပေးရေးတို့ကို ဆွေးနွေးတင်ပြရာ ပြည်ထောင်စု ၀န်ကြီးက အစိုးရသစ်အနေဖြင့် လူတိုင်းလွတ်လပ်လုံခြုံစွာဖွံ့ဖြိုးတိုးတက်ရေးနှင့် အမျိုးသား ရင်ကြားစေ့ရေးကို ဦးစားပေးဆောင်ရွက်နေကြောင်း၊ မသန်စွမ်းအခွင့်အရေးရရှိရေးမှာ ပြည်သူတို့ကလည်း ပူးပေါင်းဆောင်ရွက်ရန်လိုအပ်မှု၊ နိုင်ငံတော်၏ လူမှုကာကွယ် စောင့်ရှောက်ရေးမဟာဗျူဟာတွင် စီမံချက်(၈)ခုပါဝင်ရာ မသန်စွမ်းသူများအတွက် အစီအစဉ် တစ်ရပ်လည်းပါဝင်ရေးဆွဲပြီးဖြစ်ကြောင်း၊ မသန်စွမ်းနည်းဥပဒေ အတည်ပြု နိုင်ရေး ဆောင်ရွက်မှုအခြေအနေများ ရှင်းလင်းဆွေးနွေး

ခဲ့ပြီး ၀န်ကြီးဌာနနှင့် ရှေ့ဆက် ပူးပေါင်းပါဝင်ရန်ဖိတ်ခေါ်ကြောင်း ဆွေးနွေးခဲ့ကြပါကြောင်း သတင်းရရှိပါသည်။

FacebookTwitter