ရာသီတုပ်ကွေးရောဂါ Seasonal Influenza A(H1N1)နှင့် ပတ်သက်၍ ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပခြင်း

 

ရခိုင်ပြည်နယ် ၊ သြဂုတ် ၎

ရခိုင်ပြည်နယ်လူမှုဝန်ထမ်းရုံး၊စစ်တွေမြို့မှကြီးမှူးပြီး ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍

စစ်တွေမူလတန်းကြိုကျောင်းရှိကလေးများ၊ မိဘများနှင့် ဝန်ထမ်းများအား ရာသီတုပ်ကွေးရောဂါ Seasonal Influenza A(H1N1)နှင့်

ပတ်သက်၍ ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော ပွဲကို (၄.၈.၂၀၁၇)ရက်နေ့တွင် စစ်တွေမူလတန်းကြိုကျောင်းအစည်းအဝေးခန်းမတွင်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ

လက်ထောက်ညွှန်ကြားမှူးဒေါက်တာ အောင်သူရ နှင့် ဦးစီးအရာရှိ ဒေါက်တာတင်ထွန်းဦးတို့မှ လာရောက်၍

အသိပညာပေးဟောပြောခဲ့ပါသည်။အခမ်းအနားသို့တက်ရောက်လာကြသော ကျောင်းသားမိဘများ (၁၄၆)ဦးတို့အား

လူမှုဝန်ထမ်း ဦးစီးဌာနမှ လက်ဆေးဆပ်ပြာရည်နှင့် Face Masks တို့အား ဖြန့်ဝေပေးအပ်ခဲ့ပါသည်။

 

 

FacebookTwitter