ဆိုင်ကယ်ပြင်သင်တန်း၁/၂၀၁၇ ပိတ်ပွဲအခမ်းအနားကျင်းပခြင်း

ရန်ကုန်တိုင်းဒေသကြီး၊၂၀၁၇၊အောက်တိုဘာ ၁၃

(၁၂.၁၀.၂၀၁၇)ရက်နေ့၊နံနက်(၀၉း၀၀)နာရီအချိန်တွင်လူမှုဝန်ထမ်းဦးစီးဌာန၊ငှက်အော်စမ်းလူငယ်သင်တန်းကျောင်း၊ကော့မှူးမြို့၌ဆိုင်ကယ်ပြင် သင်တန်း၁/၂၀၁၇သင်တန်းပိတ်ပွဲအခမ်းအနားအားကျင်းပပြုလုပ်ခဲ့ပြီးကျောင်းအုပ်ကြီးမှသင်တန်းဆင်းအမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက်သင်တန်းဆင်းလက်မှတ်များအားကျောင်းအုပ်ကြီးနှင့် တာဝန်ရှိဝန်ထမ်းများမှသင်တန်းသားများအားအသီးသီးပေးအပ်ချီးမြှင့်ခဲ့ပါသည်။

FacebookTwitter