အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အထိမ်းအမှတ်အခမ်းအနားကျင်းပခြင်း

ကချင်ပြည်နယ်၊ဗန်းမော်ခရိုင်၊၂၀၁၇၊ဒီဇင်ဘာ ၆

ဗန်းမော်ခရိုင်လူမှုဝန်ထမ်းရုံးနှင့်မြန်မာနိုင်ငံမသန်စွမ်းသူများရှေ့ဆောင်အဖွဲ့၊ဗန်းမော်ခရိုင်ရုံးခွဲတို့မှပူးပေါင်း၍(၃.၁၂.၂၀၁၇)ရက်နေ့တွင် ကျရောက်သည့်အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အထိမ်းအမှတ်အခမ်းအနားအား(၅.၁၂.၂၀၁၇)ရက်နေ့တွင်ဗန်မော်မြို့၊မြို့တော် ခန်းမ၌ကျင်းပပြုလုပ်ခဲ့ပါသည်။အဆိုပါအခမ်းအနားတွင်မြို့နယ်အမျိုးသားဒီမိုကရေစီပါတီနာယကဦးမရန်​​ဘောက်မှအဖွင့်အမှာစကား ပြောကြားပြီး ကမ္ဘာ့ကုလသမဂ္ဂမှပေးပို့သောသဝဏ်လွှာကိုဗန်မော်ခရိုင်လူမှုဝန်ထမ်းရုံး၊လက်​​ထောက်ညွန်ကြားရေးမှူးဦးသန်းထွန်းအောင်မှ   ဖတ်ကြားပါသည်

ဆက်လက်၍မြန်မာနိုင်ငံမသန်စွမ်းသူများရှေ့ဆောင်အဖွဲ့ ဗန်​​မော်ခရိုင်ရုံးခွဲ ဥက္ကဌ အရှင် သြသဓမှ အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အခမ်းအနားပြုလုပ်ရခြင်း၏ရည်ရွယ်ချက်များကိုရှင်းလင်ပြောကြားပြီးမြန်မာနိုင်ငံမသန်စွမ်းသူများရှေ့ဆောင်အဖွဲ့ရန်ကုန်ရုံးမှဦးနေလင်းစိုးက အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ ဖြစ်​​ပေါ်လာရခြင်း၊မြန်မာနိုင်ငံမသန်စွမ်းသူများရှေ့ဆောင်အဖွဲ့၏လုပ်​​ဆောင်ချက်များနှင့်ရည်ရွယ်ချက်များရှင်းလင်းတင်ပြခြင်း ၊ တက်​​ရောက်လာသော မသန်စွမ်းသူ ( ၃ )ဦးက ရင်တွင်းဖြစ်ခံစားချက်နှင့် အခက်အခဲအတားအဆီးများ ပြောကြားခြင်း၊မြန်မာနိုင်ငံမသန်စွမ်းသူများရှေ့ဆောင်အဖွဲ့ရန်ကုန်ရုံးCEO.ဒေါ်ယုယသူကကျေးဇူးတင်စကားပြောကြား
ပါသည်။ အခမ်းအနားသို့ တက်​​ရောက်သူ ( ၁၁၅ ) ဦး ရှိပါသည်

အခမ်းအနားအပြီးတွင်စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ပြီးတက်ရောက်လာသူများအားကချင်ရိုးရာထမင်းများဖြင့်တည်ခင်းဧည့်ခံ ကျွေးမွေး ခဲ့ပါသည်

FacebookTwitter