အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အထိမ်းအမှတ်အခမ်းအနားကျင်းပခြင်း

မွန်ပြည်နယ်၊၂၀၁၇၊ဒီဇင်ဘာ ၆

အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အခမ်းအနားကိုမော်လမြိုင်မြို့၊ရာမညဟိုတယ်၌(၃.၁၂.၂၀၁၇)ရက်နေ့၊နံနက်(၁၀း၀၀)နာရီတွင်ကျင်းပပြု လုပ်ခဲ့ပါသည်။အဆိုပါအခမ်းအနားတွင်လူမှုရေးဝန်ကြီးဒေါက်တာထိန်လင်းမှအဖွင့်မိန့်ခွန်းပြောကြားပြီးမွန်ပြည်နယ်လူမှုဝန်ထမ်းရုံး၊ပြည်နယ် ဦးစီးမှူးမှဂုဏ်ပြုအမှာစကားပြောကြား၍စာစီစာကုံးပြိုင်ပွဲတွင်ဆုရှိသူများကိုဆုချီးမြှင့်ခဲ့ပါသည်။၎င်းနောက်မူကြိုကလေးငယ်များနှင့်မသန်စွမ်း ကလေးငယ်များကတေးသီချင်းများဖြင့်တင်ဆက်ခဲ့ကြပါသည်။

 

FacebookTwitter