ကာယစွမ်းရည်ပြိုင်ပွဲနှင့်ဆုပေးပွဲအခမ်းအနားကျင်းပခြင်း

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ၂၀၁၇၊ဒီဇင်ဘာ ၂၉         လူမှုဝန်ထမ်းဦးစီးဌာန၊ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်လူမှုဝန်ထမ်းရုံးကွပ်ကဲမှုအောက်ရှိဖျာပုံလတန်းကြိုကျောင်းတွင်ကာယစွမ်းရည်ပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားအား(၂၈.၁၂.၂၀၁၇)ရက်နေ့တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။အဆိုပါအခမ်းအနားသို့ဖျာပုံခရိုင်လူမှုဝန်ထမ်းရုံးမှခရိုင်ဦးစီးမှူး တက်ရောက်အားပေး၍ ဆုများချီးမြှင်ပေးခဲ့ပြီး မိဘဆရာအသင်းဝင်များ၊ ကလေးမိဘများနှင့် ဖိတ်ကြားထားသူများ တက်ရောက် အားပေး ခဲ့ကြပါသည်။

 

 

FacebookTwitter