အမျိုးသမီးရေးရာကော်မတီအစည်းအဝေး ကျင်းပခြင်း

စစ်ကိုင်းတိုင်းဒေသကြီး၊၂၀၁၈၊ ဇန်နဝါရီ ၂

စစ်ကိုင်းတိုင်းဒေသကြီးအမျိုးသမီးရေးရာကော်မတီအစည်းအဝေးကို(၂၁၂ဝ၁၈)ရက်နေ့နံနက်(၁ဝးဝဝ)နာရီတွင်စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ အဖွဲ့လူမှုရေးဝန်ကြီးရုံးခန်း၌ကျင်းပပြုလုပ်ရာကော်မတီဥက္ကဌလူမှုရေးဝန်ကြီးဒေါက်တာဇော်ဝင်းမှအဖွင့်အမှာစကားပြောကြားခဲ့ပါသည်။အစည်း အဝေးတွင် တက်ရောက်လာသူများမှ မိမိတို့ကဏ္ဍအလိုက် ဆွေးနွေးခဲ့ကြပြီး စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း အမျိုးသမီးများအား အကြမ်းဖက်မှု လျော့နည်းပပျောက်ရေး၊ အသက်မွေးဝမ်းကျောင်းပညာသင်တန်းများ ပိုမိုဖွင့်လှစ် နိုင်ရေးနှင့် အမျိုးသမီးများဘက်စုံဖွံ့ဖြိုးရေးလုပ်ငန်းယန္တရားများ ကို ဦးစားပေးဆောင်ရွက်သွားရန် ဆုံးဖြတ်ခဲ့ကြပါသည်

FacebookTwitter