ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ၏ သတ္တမအကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်၊၂၀၁၈၊ ဇန်နဝါရီ ၁၈          ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ်အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ၏သတ္တမအကြိမ်မြောက်လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ၂၀၁၈ခုနှစ် ၊ ဇန်နဝါရီလ (၁၇) ရက်နေ့ (၁၅:၃၀)နာရီက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၊ အစည်း အဝေး ခန်းမတွင်ကျင်းပရာ ၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ ဥက္ကဌ ၊ လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အဖွင့်အမှာစကား ပြောကြားရာတွင် ယနေ့အစည်းအဝေးသည် (၇)ကြိမ်မြောက် အစည်းအဝေးဖြစ်ပြီး ကော်မတီဖွဲ့စည်းပြီးလေးလပြည့်မြောက်ပြီဖြစ်သောကြောင့် လုပ်ဆောင်ချက်များကို ပြည်သူသို့ အစီရင်ခံတင်ပြရမှာဖြစ်ကြောင်း ၊ စုံစမ်းစစ်ဆေးရေးကော်မရှင်နှင့် အကြံပြုချက်ကော်မရှင်တို့၏ အကြံပြုချက်များကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ၊ ရခိုင်ပြည်နယ်အတွင်း နေထိုင်သူများ၏ သဘောထားနှင့် ခံစားမှုများကို အကောင်အထည်ဖော်ဆောင်ရွက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ထည့်သွင်းစဉ်စားရမည်ဖြစ်ကြောင်း၊ကော်မတီအကြံပေးအဖွဲ့ကို ပြည်ပပညာရှင် (၅)ဦးနှင့် ပြည်တွင်း ပညာရှင် (၅)ဦး ဖြင့် ဖွဲ့စည်းထားပြီး ကော်မတီ၏လုပ်ငန်းများကိုအောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက်အကြံပြုပေးကြမည်ဖြစ်ပါကြောင်း၊လုပ်ငန်းများဆောင် ရွက်ရာတွင်ခက်ခဲနှောင့်နှေးများရှိနိုင်သည့်အပေါ်အကြံပေးအဖွဲ့မှအကြံပြုချက်များနှင့်ချိန်ညှိဆောင်ရွက်ရမည်ဖြစ်ပါကြောင်း ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်သည် နိုင်ငံတော်အစိုးရအနေဖြင့် ဆောင်ရွက် ပေးရမည်များကို အကြံပြုထားခြင်းဖြစ်ပြီး မိမိတို့ကော်မတီသည်ထိုအကြံပြုချက်များကိုနိုင်ငံတော်ကိုယ်စားဝန်ကြီးဌာနအလိုက်အကောင်အထည်ဖော်ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း၊ အကြံပြုချက်များ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပိုမိုကောင်းမွန်ထိရောက်သော အကြံဉာဏ် များရယူရမည်ဖြစ်ပါကြောင်း၊ရခိုင်ပြည်နယ်အရေးကိစ္စနှင့်စပ်လျဉ်း၍နိုင်ငံတကာမှဖိအားများပြင်းထန်များပြားပါကြောင်း၊အကောင်အထည်ဖော် ဆောင်ရွက်ရေးလုပ်ငန်းများသည် ရခိုင်ပြည်နယ် တစ်ခုလုံးဖွံ့ဖြိုးတိုးတက်ရေး အတွက် လုပ်ဆောင်ခြင်းဖြစဗကြာင်း  ၊ ဒေသနေ နှစ်ဖက်အဖွဲ့အစည်းသဟဇာတမဖြစ်သောနေရာများတွင်ဖွံ့ဖြိုးရေးလုပ်ငန်းများလုပ်ဆောင်ရင်းသဟဇာတဖြစ်သွားနိုင်သည်များရှိသကဲ့သို့သဟ ဇာတ ဖြစ်အောင်ဆောင်ရွက်ပြီးမှ လုပ်ငန်းများလုပ်ဆောင်နိုင်သည်များလည်း ရှိနိုင်ပါကြောင်း၊ နှစ်ဖက်လူမှုအဖွဲ့အစည်း များကြား အစွဲအလမ်းများ  ၊ မယုံကြည်မှုများ ပြင်းထန် ကြောင်း၊ အကြောင်းတရားများလည်းရှိကြောင်း ၊၄င်းအကြောင်းတရားများသည် လုံခြုံမှုနှင့်ဆက်စပ်နေခြင်းကြောင့်လူမှုအဖွဲ့အစည်းနှစ်ခုစလုံးလုံခြုံမှုခံစားရအောင်လုပ်ဆောင်ပေးရန်လိုအပ်ပါကြောင်းအကောင်အထည်ဖော်မှုတိုင်းတွင် လုံခြုံရးတာဝန်ယူရသော အဖွဲ့အစည်းများနှင့် ညှိနှိုင်းလုပ်ဆောင် ရမည်ဖြစ်ကြောင်း၊ နိုင်ငံတကာမှ အမြင်များတွင် ရခိုင် တိုင်းရင်းသားများ၏ ခံစားချက်များကို ထည့်သွင်းစဉ်းစားမှုပြုရေးဆောင်ရွက်ရန်လည်းလိုအပ်ပါကြောင်း၊  ကော်မတီ၏ လုပ်ဆောင်ချက်သတင်းစကားများကို ရခိုင်ပြည်နယ်အတွင်းနေထိုင်သူ လူမှုအဖွဲ့အစည်း နှစ်ခုစလုံးသိရန် လိုအပ် ကြောင်း  ၊ အဖွဲ့အစည်းများ၏ ခေါင်းဆောင်သူများထဲမှ ပြင်းထန်သောခံစားမှုများ၏ အကျိုးဆက် များကို ကျော်လွှားနိုင်ပြီး သတင်းစကားအား အများသိရှိအောင် ဆောင်ရွက်ရန် လိုအပ်ကြောင်းပြောကြားခဲ့ပါသည်။

          ကော်မတီပူးတွဲဥက္ကဌ ၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးညီပုက ဆွေးနွေးရာတွင် လေးလတစ်ကြိမ် ထုတ်ပြန်ပေးရမည့် အစီရင်ခံစာ ဆောင်ရွက်ရန်အတွက်  သက်ဆိုင်ရာဌာနများ အနေဖြင့် အကောင်းဆုံးပြုစုဆောင်ရွက်နိုင်မည်ဟုမျှော်လင့်ပါကြောင်း၊ ပြည်ထောင်စုအဆင့်၊ ပြည်နယ် အဆင့်နှင့် လက်တွေ့ဆောင်ရွက်သည့် အောက်ခြေအဆင့်အထိ လုပ်ငန်းများ အချိတ်အဆက်မိမိ ဆောင်ရွက်လုပ်ဆောင်နိုင်ခြင်းဖြင့် ပိုမိုအောင်မြင်နိုင်မည်ဖြစ်ပါကြောင်း၊ ကော်မတီ၏ အကြံပြုချက် များအပေါ်ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်များတွင် အကြံပေးအဖွဲ့၏ အကြံဉာဏ်များဖြင့် ပေါင်းစပ် ဆောင်ရွက်မှုသည် လုပ်ငန်းများအောင်မြင်ရေးအတွက် လွန်စွာအရေးပါပဗကြာင်း ၊ အားလုံးဝိုင်းဝန်း ဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်းဖြင့် ပြောကြားပါသည်။

          ဆက်လက်၍ အစည်းအဝေးတက်ရောက်လာကြသည့် ကော်မတီအဖွဲ့ဝင်များမှ မိမိတို့ဝန်ကြီး ဌာနအလိုက် အကြံပြုချက်များအပေါ် ဆောင်ရွက်ထားရှိမှုအခြအနေများ  ၊ ပြည်သူသို့ လေးလ တစ်ကြိမ် အစီရင်ခံစာထုတ်ပြန်ရေးကိစ်စများကို ဆွေးနွေးကြပြီး ကော်မတီဥက္ကဌနှင့် ပူးတွဲဥက္ကဌ တို့က ဖြည့်စွက်ဆွေးနွေးကြပါသည်။

          အစည်းအဝေးသို့ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ်အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ ဥက္ကဌ ၊ လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ကော်မတီပူးတွဲဥက္ကဌ ၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးညီပု ၊ ကော်မတီ ဒုတိယဥက္ကဌ၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန  ဒုတိယ၀န်ကြီး၊ တွဲဖက်အတွင်းရေးမှူး လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ၊ ကော်မတီဝင် ၀န်ကြီးဌာနများမှ တာဝန်ရှိသူများ တက်ရောက်ကြ ကြောင်းသတင်းရရှိပါသည်။

 

 

FacebookTwitter