ရန်ကုန်တိုင်းဒေသကြီး၊တိုင်းအဆင့်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ၏(၁/၂၀၁၈)လုပ်ငန်း ညှိနှိုင်းအစည်းအ‌ဝေးကျင်းပခြင်း

ရန်ကုန်တိုင်းဒေသကြီး၊ ၂၀၁၈၊ဇန်နဝါရီ ၂၉

(၁၉.၁.၂၀၁၈)ရက်နေ့၊နံနက်(၉း၃၀)နာရီတွင်ရန်ကုန်တိုင်းဒေသကြီး၊တိုင်းအဆင့်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ၏(၁/၂၀၁၈) လုပ်ငန်းညှိနှိုင်းအစည်းအ‌ဝေးအားရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊အစည်းအ‌ဝေးခန်းမ(၃)တွင်ကျင်းပပြုလုပ်ခဲ့ပြီးကလေးသူငယ်အခွင့်အရေး များဆိုင်ရာကော်မတီအဖွဲ့ဥက္ကဌလူမှုရေးဝန်ကြီးဦးနိုင်ငံလင်းမှတက်ရောက်အမှာစကားပြောကြား၍အဖွဲ့ဝင်များနှင့်ရှေ့ဆက်မည့်လုပ်ငန်းစဉ်များ အားဆွေးနွေးမေးမြန်းဆုံးဖြတ်ခဲ့ကြပါသည်။ယင်းအစည်းအဝေးသို့ရန်ကုန်တိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးမှတိုင်းဒေသကြီးဦးစီးမှူး ၊ဒေါက်တာကေသီကျော်တက်ရောက်ဆွေးနွေးခဲ့ပါသည်။

FacebookTwitter