ရခိုင်ပြည်နယ် ၊ ရသေ့တောင်မြို့နယ် ၊ အုတ်ဖိုကျေးရွာတွင် ပြုလုပ်သော ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ အသိပညာပေးသင်တန်းသို့ တက်ရောက်၍ သင်တန်းပို့ချပေးခြင်း

ရခိုင်ပြည်နယ်၊ ၂၀၁၈ခုနှစ်၊ မေလ  ၄ ရက်          ရခိုင်ပြည်နယ်၊ရသေ့တောင်မြို့နယ်၊အုတ်ဖိုကျေးရွာတွင်(၂၈.၄.၂၀၁၈)ရက်နေ့မှ(၃၀.၄.၂၀၁၈)ရက်နေ့အထိရခိုင်ပြည်နယ်လူမှုဝန်ထမ်းရုံးနှင့် CFSIတို့ပူးပေါင်းဖွင့်လှစ်သောကလေးသူငယ်အခွင့်အရေးများဆိုင်ရာအသိပညာပေးသင်တန်းတွင်ရခိုင်ပြည်နယ်လူမှုဝန်ထမ်းရုံး၊ပြည်နယ်ဦးစီးမှူး၊ ညွှန်ကြားရေးမှူးဒေါ်ယဉ်ယဉ်ပြုံးမှကလေးသူငယ်အခွင့်အရေးများ၊ကလေးသူငယ်ဥပဒေ၊MCCTဆိုင်ရာကိစ္စရပ်များ၊လူမှုရေးပင်စင်ပေးအပ်ခြင်းစ သည့် လူမှုဝန်ထမ်းလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်းပို့ချခဲ့ပြီး အဆိုပါသင်တန်းသို့ ရခိုင်ရွာများနှင့်၊ မူဆလင်ကျေးရွာများမှ သင်တန်း သား (၄၀)ဦး တက်ရောက်ခဲ့ပါသည်။

FacebookTwitter