လုပ်ငန်းဆောင်ရွက်မှုများကြည့်ရှုစစ်ဆေးခြင်း

ရန်ကုန်တိုင်းဒေသကြီး၊ ၂၀၁၈ခုနှစ်၊ မေလ ၁၆ရက်

လူမှုဝန်ထမ်းဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ်ဒေါက်တာစန်းစန်းအေးသည်(၁၅.၅.၂၀၁၈)ရက်နေ့၊မွန်းလွဲပိုင်းတွင်ရန်ကုန်တိုင်းဒေသကြီး၊တွံတေးမြို့ နယ်ရှိအမျိုးသမီးများပြုစုစောင့်ရှောက်ရေးဌာနသို့သွားရောက်၍ကျောင်းဝင်းအတွင်းလှည့်လည်ကြည့်ရှုစစ်ဆေးကာစောင့်ရှောက်ထားသည့်ကျောင်း သူများနှင့်ဝန်ထမ်းများအားတွေ့ဆုံအားပေးစကားပြောကြားပြီးအသက်မွေးဝမ်းကျောင်းပညာရပ်များသင်ကြားပေးရေး၊ကျောင်းဆောင်များ ထိန်းသိမ်းရေး၊ကျောင်းသူများ၏ကျန်းမာရေးစောင့်ရှောက်ပေးရေးလိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်နိုင်ရန်လမ်းညွှန်မှာကြားခဲ့ပါသည်။

 

 

FacebookTwitter