လှေစီးဒုက္ခသည်များအားငါးခူရပြန်လည်လက်ခံရေးစခန်းတွင်ဥပဒေနှင့်အညီစိစစ်ဆောင်ရွက်ခြင်း လုပ်ငန်းများဆောင်ရွက်

ရခိုင်ပြည်နယ်၊မောင်တော၂၀၁၈ခုနှစ်၊ဇွန်လ ၁၄ရက်

          မောင်တောမြို့တွင်ရောက်ရှိနေသော လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးဦးစိုးအောင်၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနညွှန်ကြားရေးမှူးချုပ်ဦးဝင်းကျော်အောင်နှင့်ဌာနဆိုင်ရာများမှတာဝန်ရှိသူများလိုက်ပါလျက်(၁၃.၆.၂၀၁၈) ရက်နေ့၊နံနက်ပိုင်းတွင် မောင်တောမြို့မှ မော်တော်ယာဉ်များဖြင့် ထွက်ခွာခဲ့ရာ ငါးခူရပြန်လည်လက်ခံရေးစခန်းသို့(၁၁း၀၀)နာရီခန့်တွင်ရောက်ရှိပြီး စခန်းတွင်ခေတ္တထိန်းသိမ်းစောင့်ရှောက်ထားသောလှေစီးဒုက္ခသည်များကိုတွေ့ဆုံ၍ဥပဒေနှင့်အညီစိစစ်ဆောင်ရွက်ခြင်းလုပ်ငန်းများဆောင်ရွက်နေ မှုများကို ကြည့်ရှုပြီး စခန်းရှိ ဌာနပေါင်းစုံပါဝင်သော ကြီးကြပ်ရေးအဖွဲ့များနှင့် လုပ်ငန်းများအဆင်ပြေစေရန် ပေါင်းစပ်ညှိနှိုင်း ပေးခဲ့ပါသည်။  ထို့အပြင် စောင့်ရှောက်ထားသူများကို ကျွေးမွေးစားသောက်မှု အခြေအနေများ ကြည့်ရှု ခဲ့ပါသည်။     

          မွန်းလွဲပိုင်းတွင်ဒုတိယ၀န်ကြီးနှင့်အဖွဲ့သည်လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် (Red Cross Movement) ကြက်ခြေနီလှုပ်ရှားမှု အဖွဲ့တို့ ပူးပေါင်း၍ လှေစီးဒုက္ခသည်များအား တစ်ကိုယ်ရည်သုံးပစ္စည်း(၁၁)မျိုး ထောက်ပံ့ခြင်း (ဒန်အိုး၊ ဒန်ခွက်များ၊ ဖျာ၊ စောင်၊ ခြင်ထောင်၊ ကျား/မ၀တ်လုံချည်နှင့် ကလေးဝတ်အင်္ကျီ စသည်များ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။ ထို့နောက် စခန်းတွင် တာဝန်ထမ်းဆောင် လျက်ရှိသော ဌာနဆိုင်ရာများမှ ၀န်ထမ်းများအတွက် ထောက်ပံ့ငွေ ကျပ်(၆)သိန်းအား စခန်းတာဝန်ခံထံ ထောက်ပံ့ပေးအပ်၍ အားပေးစကားပြောကြားခဲ့ပြီး ညနေပိုင်းတွင် မောင်တောမြို့သို့ ပြန်လည် ထွက်ခွာခဲ့ကြောင်း သတင်းရရှိပါသည်။

 

FacebookTwitter