လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာဥပဒေ(မူကြမ်း)ရေးသားပြုစုရေးကော်မတီ ညှိနှိုင်းအစည်း အဝေးကျင်းပ

နေပြည်တော်၊ ဇူလိုင်လ ၁၀ ရက်
    လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာဥပဒေ(မူကြမ်း)ရေးသားပြုစုရေးကော်မတီ ညှိနှိုင်း အစည်းအဝေးကို (၁၀.၇.၂၀၁၈)ရက်နေ့ နံနက်(၉း၀၀)နာရီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန အစည်းအဝေးခန်းမတွင်ကျင်းပခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ဒေါ်ရူပါမြ၊ သက်ဆိုင်ရာ အစိုးရဝန်ကြီးဌာနများမှကိုယ်စားလှယ်များ၊ နိုင်ငံတကာနှင့်ပြည်တွင်းမှ အစိုးရမဟုတ်သောအဖွဲ့ များမှကိုယ်စားလှယ်များတက်ရောက်ကြပါသည်။ အစည်းအဝေးတွင် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေးမှ အဖွင့်အမှာစကား ပြောကြားရာတွင် ယနေ့ကျင်းပပြုလုပ်သော အစည်း အဝေးသည် ရက်(၁၀၀)စီမံကိန်းတွင် အပါအဝင်ဖြစ်သော လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ဥပဒေရေးဆွဲရန်အတွက် ကော်မတီဖွဲ့စည်း၍ ဥပဒေမူကြမ်းရေးဆွဲနိုင်ရန်ကျင်းပသော အစည်း အဝေးဖြစ်ပါကြောင်း၊ လူမှုကာကွယ်စောင့်ရှောက်ရေး (Social Protection) တွင်အဓိကအားဖြင့် လူမှုရေးအထောက်အပံ့ပေးခြင်း (Social Assistance)၊ လူမှုရေးဝန်ဆောင်မှုပေးခြင်း (Social Services)နှင့် လူမှုရေးအာမခံ (Social Insurance) ဟူ၍ပါဝင်ပါကြောင်း၊ ယခုတက်ရောက် လာကြသော အစိုးရဝန်ကြီးဌာနအသီးသီးမှ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် မိတ်ဖက်အဖွဲ့အစည်း များမှတက်ရောက်လာကြသူများမှ နိုင်ငံတကာတွင်ဆောင်ရွက်လျက်ရှိသော အတွေ့အကြုံများ အပေါ်အခြေခံ၍ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာဥပဒေ(မူကြမ်း)ရေးသားပြုစုနိုင်ရေးဝိုင်းဝန် ဆွေးနွေးပေးကြရန် ပြောကြားခဲ့ပါသည်။
    ဆက်လက်ပြီး လူမှုဝန်ထမ်းဦးစီးဌာန လူမှုကာကွယ်စောင့်ရှောက်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးကျော်လင်းထင်မှ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာဥပဒေ(မူကြမ်း) ရေးဆွဲ ခြင်းနှင့်စပ်လျဉ်း၍ ရည်ရွယ်ချက်များ၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါလူမှုကာကွယ်စောင့်ရှောက် ရေးဆိုင်ရာပြဌာန်းချက်များ၊ တည်ဆဲဥပဒေများ၊ မျှော်မှန်းချက်များနှင့်ဆွေးနွေးရန် အချက်အလက် များကို တင်ပြဆွေးနွေးခဲ့ပါသည်။၎င်းနောက်တက်ရောက်လာကြသူများမှ အကြံပြုဆွေးနွေးခဲ့ကြပြီး၊ နောက်တစ်ကြိမ်အစည်းအဝေးကို ၂၀၁၈ခုနှစ်သြဂုတ်လ(၁၅)ရက်နေ့တွင် ကျင်းပရန်ဆုံးဖြတ်ခဲ့ကြ ပြီး၊ အစည်းအဝေးကို နံနက်(၁၁း၀၀)နာရီတွင်ရုပ်သိမ်းခဲ့ပါသည်။

 

FacebookTwitter