ကျိုင်းတုံတွင် ရင်ခွင်မဲ့ကလေးများလျှော့ချရေးနှင့် ကာကွယ် စောင့်ရှောက်ရေး အသင်းဖွဲ့စည်းရန်နှင့်မြို့မိမြို့ဖလူမှုရေးအဖွဲ့အစည်းများအား တွေ့ဆုံဆွေနွေးပွဲ

၂၁.၇.၂၀၁၈၊ကျိုင်းတုံမြို့

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံတွင် ရင်ခွင်မဲ့ကလေးများလျှော့ချရေးနှင့် ကာကွယ် စောင့်ရှောက်ရေး အသင်းဖွဲ့စည်းရန်နှင့်မြို့မိမြို့ဖလူမှုရေးအဖွဲ့အစည်းများအား တွေ့ဆုံဆွေနွေးပွဲ အခမ်းအနားကို ဇူလိုင် ၂၁ ရက်နေ့ နံနက် ၁၀ နာရီက ကျိုင်းတုံမြို့ ၊မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝဏ္ဏစိုးက အမှာစကား ပြောကြားရာ “ဆေးရုံတွေ၊ရပ်ကွက်တွေ၊ လမ်းဘေးတွေမှာ စွန့်ပစ်ခံကလေးငယ်တွေ များပြား လာနေတာကိုတွေ့မြင်နေရကြောင်း၊ ပရဟိတဂေဟာတွေမှာလည်း မွေးကင်းစ ကလေးငယ် လေးတွေ များပြားလာတာကို တွေ့နေရကြောင်း၊ ဒီလိုများပြားလာခြင်းဟာနိုင်ငံတော်ရဲ့ပုံရိပ်ကိုလည်း ထိခိုက်ကြောင်း၊မွေးကင်းစကလေးငယ်များ စွန့်ပစ်ခြင်းမှကာကွယ်တားဆီးရေးလုပ်ငန်းဟာ အမှန် တကယ်လိုအပ်နေတဲ့လုပ်ငန်း တစ်ရပ်ဖြစ်ကြောင်း” ပြောကြားသည်။
ယင်းနောက် ရင်ခွင်မဲ့ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း အထွေထွေအတွင်းရေးမှူးပါမောက္ခဒေါက်တာမြသီတာက အသင်းဖြစ်ပေါ်လာပုံနှင့် မြန်မာနိုင်ငံလုံး ဆိုင်ရာ အမျိုးသမီးကော်မတီ တွင် အသင်းအသင်း၏ အခန်းကဏ္ဍများကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ အသင်းအထွေထွေအတွင်းရေးမှူးနှင့် အဖွဲ့ဝင်များက ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝဏ္ဏစိုး ထံသို့ အသင်းဖွဲ့စည်းပုံစာအုပ် များနှင့် သီချင်းခွေများအား ပေးအပ်သည်။ထို့နောက် ပါမောက္ခဒေါက်တာမြသီတာက ရင်ခွင်မဲ့ကလေးငယ်များ၏ ပြဿနာများ နှင့် အသင်း၏လက်ရှိလုပ်ဆောင်နေသောလုပ်ငန်းများ၊ လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားပြီး အသင်း၏သဘောထား ရပ်တည်ချက်၊ ရည်ရွယ်ချက်နှင့်လုပ်ငန်းစဉ်များ၊အသင်း၏ အမှတ်တံဆိပ်၊ အလံ၊ရုံးတံဆိပ်များကို အသင်း၏အဖွဲ့ဝင်များက ရှင်းလင်း ဆွေးနွေးရာ တက်ရောက်လာသူများက သိရှိလိုသည်များအား မေးမြန်းခြင်း၊ပြန်လည် ဆွေးနွေးခြင်းများဆောင်ရွက်ကြောင်းသိရသည်။
အခမ်းအနားသို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့ များ၊တက္ကသိုလ် ဆရာ၊ ဆရာမများ ကျောင်းသား၊ ကျောင်းသူများတက်ရောက် ကြကြောင်းသိရသည်။

FacebookTwitter