လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်တွင်အမျိုးသမီးငယ်ရွယ်သူများဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီဝင်အမျိုးသမီးအဖွဲ့များပါဝင်ဆောင်ရွက်မည်

၃၁-၇-၂၀၁၈ နေပြည်တော်

         ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ( ၁၁ )ရက်နေ့မှ ( ၁၃ )ရက်နေ့အထိ မန္တလေးတက္ကသိုလ်၌ လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော် (မန္တလေး) ကျင်းပမည်ဖြစ်ရာ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီဝင် အမျိုးသမီးအဖွဲ့များပါဝင်ဆောင်ရွက်နိုင်ရေးအတွက် ညှိနှိုင်း အစည်းအဝေးကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌  ယနေ့၊ နေ့လည် (၁၃း၀၀) နာရီက ကျင်းပပြုလုပ် ခဲ့ပါသည်။                                                 

   အစည်းအဝေးတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန် လည်နေရာချ ထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးကပြောကြားရာတွင် လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်ကို မန္တလေးတိုင်းဒေသကြီးတွင် စည်ကားသိုက်မြိုက်စွာကျင်းပမည်ဖြစ် ရာမြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီအဖွဲ့ဝင်များကပူးပေါင်းဆောင်ရွက် မည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံရှိလူငယ်များအားဘက်စုံဖွံ့ဖြိုးတိုးတက်သော လူငယ်များဖြစ်လာစေရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနတို့မှ ဦးဆောင်၍ ဆက်စပ် ဝန်ကြီးဌာနများ၊ လူငယ်ကိုယ်စားလှယ်များ၊အမျိုးသမီးကိုယ်စားလှယ်များ၊ မသန်စွမ်းလူငယ်ကိုယ်စားလှယ်များ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ ပြည်တွင်း၊ ပြည်ပမှ အစိုးရမဟုတ်သောအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ လူငယ်ရေးရာမူဝါဒကိုရေးဆွဲပြဌာန်းနိုင်ခဲ့ပါကြောင်း၊ အဆိုပါလူငယ်ရေးရာမူဝါဒအရအမျိုးသမီးငယ်ရွယ်များ၏ ရပ်တည်မှု၊ဖွံ့ဖြိုးတိုးတက်မှုနှင့် ၄င်းတို့အားအကာအကွယ်ပေးနိုင်မှုတို့အတွက်အမျိုးသမီးများနှင့်မူးယစ်ဆေးဝါး ၊  အလုပ်အကိုင်အခွင့်အလမ်း၊ ငြိမ်းချမ်းရေး ၊ မျိုးဆက်ပွားနှင့် ကျန်းမာရေးကဏ္ဍများနှင့် ပတ်သက်၍ပြခန်းများ၊ ပြဇာတ်များအပါအဝင်အမျိုးသမီးငယ်ရွယ်များမိမိဘဝတန်ဖိုးထားနိုင်ရေးဆွေးနွေးပွဲများ၊ အမေးအဖြေကဏ္ဍများပါဝင်ဆောင်ရွက်ရန်ညှိနှိုင်းခဲ့ကြပါသည်။                                                                       အဆိုပါညှိနှိုင်းအစည်းအဝေးသို့ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီအဖွဲ့ဝင်များဖြစ်သောဌာနဆိုင်ရာအသီးသီးမှကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ပြည်နယ်လူမှုဝန်ထမ်းရုံးများမှဦးစီးမှူးများ၊ အမျိုးသမီးအဖွဲ့ဝင်များ၊ အရပ်ဘက်လူမှုရေးအဖွဲ့အစည်းများမှ တာဝန်ရှိသူများ စုစုပေါင်းကိုယ်စားလှယ် (၆၆)ဦးခန့် ပါဝင်တက်ရောက်ခဲ့ကြပါကြောင်းသတင်းရရှိပါသည်။

FacebookTwitter