မန္တလေးတွင် ကျင်းပပြုလုပ်မည့် လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်တွင် ရင်ခွင်မဲ့ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းမှလည်း ပြခန်းများပါဝင်ပြသ

၁၀-၈-၂၀၁၈၊  မန္တလေး

လူငယ်ဘက်စုံ ဖွံ့ဖြိုးရေးပွဲတော်တွင် ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ် စောင့်ရှောက်ရေး အသင်းမှလည်း ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၁၁ ရက်နေ့မှ ၁၃ ရက်နေ့အထိ၊ နံနက်(၉)နာရီမှ ညနေ(၅)နာရီအထိ မန္တလေး တက္ကသိုလ်ဝင်း အတွင်း၌ ရင်ခွင်မဲ့ ကလေးငယ်များနှင့် အမျိုးသမီးထုများအား ကာကွယ်စောင့်ရှောက်ရေး တေးသီချင်းများ၊ ပဟေဠိ ဥာဏ်စမ်း အစီအစဉ်များ၊ အသိပညာပေး တေးသရုပ်ဖော် ပြဇာတ်များ၊ စကားဝိုင်းများ၊ ပြခန်းများကို စည်ကားသိုက်မြိုက်စွာ ပါဝင်ကျင်းပ သွားမည်ဖြစ်ပြီး အခြားသော မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ အဖွဲ့ဝင်များကလည်း သက်ဆိုင်ရာ အခန်းကဏ္ဍများ အလိုက် အသီးသီး ပါဝင်ကျင်းပသွားမည် ဖြစ်သဖြင့် မည်သူမဆို လာရောက် ဆင်နွဲကြနိုင်ပါရန် ဖိတ်ခေါ်အပ်ပါကြောင်း သတင်းရရှိပါသည်။

FacebookTwitter