ဒုတိယ၀န်ကြီး ဦးစိုးအောင်အား ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်း ဖွံ့ဖြိုးတိုးတက်မှုအတွက် လူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်းက လာရောက်တွေ့ဆုံ

နေပြည်တော်၊ ၂၇.၉.၂၀၁၈

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးစိုးအောင်အား လူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်း (Community Development Association- CDA) ဥက္ကဌဖြစ်သူ ဒေါက်တာခင်မောင်ဝင်းက ယနေ့ နေ့လည်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံး ဒုတိယ၀န်ကြီးဧည့်ခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင် လူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်း (Community Development Association- CDA) အနေဖြင့် ရခိုင်ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများ၊ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်အတွင်း UNICEF ၏ ရန်ပုံငွေပံ့ပိုးမှုဖြင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများအား အရည်သွေးမြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေး ကိစ္စရပ်များ၊ ရွှေ့ပြောင်းအိမ်ထောင်စုများအတွက် ရေနှင့် ပတ်ဝန်း ကျင်သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်မည့် ကိစ္စရပ်များနှင့်ပတ်သတ်၍ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

 

 

 

 

FacebookTwitter