အသက်(၁၂၅)နှစ်ရှိ အဘိုးဦးကိုကိုကြီးအား အထူးဂုဏ်ပြုချီးမြှင့်ငွေကျပ် (၁၀) သိန်းနှင့် လှူဘွယ်ပစ္စည်းတို့ကို သွားရောက်လှူဒါန်းခြင်း

ရှမ်းပြည်နယ်၊ ၁.၁၀.၂၀၁၈

(၁.၁၀.၂၀၁၈)ရက်နေ့၊   နံနက်(၉းဝ၀)နာရီအချိန်၌ အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ဂုဏ်ပြုအထိမ်းအမှတ်အဖြစ် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ကျောင်းကြီးစုရပ်ကွက်၊ ဖရဲငွေတောင်လမ်း၊ နယ်မြေ(၁၂)၊ ဇတ/၁၉၃ နေအိမ်သို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီး ဒေါ်နန်းရွှေမြင့်နှင့် အဖွဲ့ဝင်များ၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ အတွင်းရေးမှူး၏ ဇနီး ဒေါ်နန်းချိုချိုပြုံး၊ ရှမ်းပြည်နယ်လူမှုဝန်ထမ်းရုံး၊ ညွှန်ကြားရေးမှူးနှင့် ရှမ်းပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရုံး၊ ညွှန်ကြားရေးမှူးနှင့်တာဝန်ရှိသူများမှ  အသက်(၁၂၅)နှစ်ရှိ အဘိုးဦးကိုကိုကြီးအား အထူးဂုဏ်ပြုချီးမြှင့်ငွေကျပ် (၁၀)သိန်းနှင့် လှူဘွယ်ပစ္စည်းများကို အိမ်တိုင်ရာရောက်သွားရောက်ပူဇော်ကန်တော့ခဲ့ပါကြောင်းသတင်းရရှိပါသည်။

FacebookTwitter